ထိုအခါကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်မှမီးခဲတစ်ခဲကိုမီးညှပ်နှင့်ညှပ်၍ယူဆောင်ကာ ငါ့ထံသို့ပျံဆင်းလာ၏။-
ဗျာဒိတ် 16:7 - Common Language Bible ထိုနောက်ယဇ်ပလ္လင်မှအသံက``အနန္တတန်ခိုးရှင် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင် တော်မူချက်တို့သည်မှန်ကန်၍တရားမျှတ ပါ၏'' ဟုလျှောက်ထားသည်ကိုငါကြားရ၏။ Garrad Bible ပူ ဇော် ရာ ပ လ္လင် တော် က လည်း ဟုတ် မှန် ပါ၏။ အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ စီ ရင် တော် မူ ချက် များ သည် ဟုတ် မှန် ဖြောင့် မတ် ပါ၏ ဟု ထောက် ခံ သည် ကို ကြား ရ ၏။ Judson Bible ယဇ်ပလ္လင်ကလည်း၊ မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်ကလည်း “မှန်ပါ၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် “မှန်ပါ၏။ အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟူ၍ ယဇ်ပလ္လင်မှ ထွက်လာသောအသံကို ကျွန်ုပ်ကြားရ၏။ |
ထိုအခါကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်မှမီးခဲတစ်ခဲကိုမီးညှပ်နှင့်ညှပ်၍ယူဆောင်ကာ ငါ့ထံသို့ပျံဆင်းလာ၏။-
ဘုရားသခင်ကပိတ်ချောထည်ဝတ်ဆင် ထားသူအား``ထိုသတ္တဝါတို့၏အောက်၌ရှိ သောရထားဘီးများအကြားသို့သွား၍ ထိုသတ္တဝါတို့၏ကြားရှိမီးကျီးခဲတို့ ကိုလက်ခုပ်ဖြင့်ကျုံးကာမြို့ပေါ်သို့ကြဲ ချလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လည်းငါ၏ရှေ့မှောက်၌ပင် ထွက်သွား၏။-
သတ္တဝါတစ်ပါးသည်လက်ကိုဆန့်၍သတ္တ ဝါများအကြား၌ရှိသည့်မီးကျီးခဲကို ကောက်ယူကာ ပိတ်ချောထည်ဝတ်ဆင်သူ ၏လက်ခုပ်ထဲသို့ထည့်၍ပေး၏။ ထိုသူ သည်လည်းမီးကျီးခဲများကိုယူ၍ ထွက်သွား၏။
ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိနေ တော်မူသောအနန္တတန်ခိုးရှင်ထာဝရအရှင် ဘုရားသခင်က``ငါသည်အစနှင့်အဆုံး ဖြစ်၏'' ဟုမိန့်တော်မူ၏။
အဖမ်းခံရမည့်သူသည်အဖမ်းခံရမည် သာဖြစ်သည်။ ဋ္ဌားဘေးနှင့်သေရမည့်သူသည် လည်းဋ္ဌားဘေးနှင့်သေရမည်သာဖြစ်၏။ ဤ အကြောင်းကြောင့်ဘုရားသခင်၏လူစု တော်သည်တည်ကြည်သူများ၊ သစ္စာရှိသူ များဖြစ်ရန်လိုပေသည်။
ဘုရားသခင်၏အမျက်တော်ဖလားမှ ပြင်း ထန်သောအမျက်တော်တည်းဟူသောစပျစ် ရည်ကိုသောက်ရလိမ့်မည်။ မြင့်မြတ်သန့်ရှင်း သောကောင်းကင်တမန်များနှင့်သိုးသူငယ် တော်၏ရှေ့၌ ကန့်နှင့်မီးထဲတွင်နှိပ်စက်ညှဉ်း ဆဲခြင်းကိုခံရလိမ့်မည်။-
ထိုနောက်မီးကိုအစိုးရသောကောင်းကင်တမန် သည် ယဇ်ပလ္လင်တော်မှထွက်လာ၏။ သူသည်တံစဉ် ကိုကိုင်ထားသည့်ကောင်းကင်တမန်အား``သင်၏ တံစဉ်ကိုယူ၍ ကမ္ဘာမြေပေါ်ကစပျစ်သီးတို့ ကိုရိတ်သိမ်းလော့။ စပျစ်သီးများမှည့်လေပြီ'' ဟုအသံကျယ်စွာပြော၏။-
ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မှန်ပါ၏။ မိမိ၏ကာမဂုဏ်စည်းစိမ်အား ဖြင့် ကမ္ဘာသူကမ္ဘာသားတို့အားဖောက်ပြန်ပျက်စီး စေသည့်ပြည့်တန်ဆာမကြီးအား အပြစ်ဒဏ် ခတ်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့အား သတ်ခဲ့သောကြောင့် ဒဏ်ခတ်တော်မူပြီ'' ဟု ကြွေးကြော်ကြ၏။-
သိုးသူငယ်တော်သည်ပဉ္စမချိပ်တံဆိပ်ကိုဖွင့် လိုက်သောအခါ ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဟောပြောကြေညာသည့်အတွက်ကြောင့် လည်းကောင်း၊ သစ္စာနှင့်သက်သေခံသည့်အတွက် ကြောင့်လည်းကောင်းအသတ်ခံကြရသူတို့ ၏ဝိညာဉ်များကိုပလ္လင်တော်အောက်တွင်ငါ မြင်ရ၏။-