အီဂျစ်ပြည်သူပြည်သားတို့မသောက်မသုံး နိုင်ကြစေရန် ချောင်းများမြစ်များမှရေတို့ကိုကိုယ်တော် သည် သွေးအဖြစ်သို့ပြောင်းလဲစေတော်မူ၏။
ဗျာဒိတ် 16:4 - Common Language Bible ထိုနောက်တတိယကောင်းကင်တမန်သည် မိမိ၏ဖလားမှအမျက်တော်ကိုမြစ်များ၊ စမ်း ပေါက်များပေါ်သို့သွန်းလောင်းလိုက်၏။ ထိုအခါ ရေတို့သည်သွေးအတိဖြစ်လေ၏။- Garrad Bible တ တိ ယ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို မြစ် များ၊ စမ်း ပေါက် များ ပေါ် သို့ သွန်း လောင်း သော် ရေ သည် သွေး ဖြစ် သ ဖြင့်၊ Judson Bible တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့လည်းကောင်း၊ စမ်းရေတွင်း ပေါ်သို့လည်းကောင်း သွန်းလောင်းလျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တတိယကောင်းကင်တမန်သည် သူ၏ဖလားကို မြစ်များနှင့် စမ်းရေများပေါ်သို့သွန်းလောင်းသောအခါ ရေသည်သွေးဖြစ်သွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တတိယကောင်းကင်တမန်သည် သူ၏ ဖလားကို မြစ်များနှင့် စမ်းရေတွင်းများပေါ်သို့ သွန်းလောင်းလိုက်သောအခါ ရေသည် သွေးဖြစ်သွား၏။ |
အီဂျစ်ပြည်သူပြည်သားတို့မသောက်မသုံး နိုင်ကြစေရန် ချောင်းများမြစ်များမှရေတို့ကိုကိုယ်တော် သည် သွေးအဖြစ်သို့ပြောင်းလဲစေတော်မူ၏။
တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြစ် များ၊ ချောင်းများ၊ အင်းအိုင်များပေါ်သို့သင်၏ တောင်ဝှေးကိုကိုင်၍လက်ကိုဆန့်သောအား ဖြင့်ဖားများတက်လာ၍ အီဂျစ်တစ်ပြည်လုံး တွင်ဖားများဖြင့်ပြည့်စေလော့'' ဟုမောရှေ အားမိန့်တော်မူ၏။-
``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။
တောင်များကိုလူသေအလောင်းများနှင့်ဖုံး လွှမ်းစေမည်။ စစ်ပွဲတွင်ကျဆုံးသူတို့၏ အလောင်းများသည်တောင်ကုန်းများ၊ ချောင်း များ၊ ချိုင့်ဝှမ်းများတွင်ပြည့်နှက်၍နေလိမ့် မည်။-
ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-
ထိုသူတို့မှာဗျာဒိတ်တော်ကိုဟောပြော သည့်အချိန်ကာလအတွင်း မိုးမရွာစေရန် မိုးကောင်းကင်ကိုပိတ်နိုင်သောတန်ခိုးရှိ၏။ ရေကိုသွေးအဖြစ်သို့ပြောင်းလဲစေနိုင် သောတန်ခိုးလည်းရှိ၏။ သူတို့သည်မိမိ တို့အလိုရှိသည့်အခါတိုင်းကမ္ဘာမြေကြီး ကိုဘေးဒဏ်အမျိုးမျိုးသင့်စေနိုင်၏။-
ထိုကောင်းကင်တမန်က``ဘုရားသခင်တရား စီရင်တော်မူရာနေ့ရက်သည်ကျရောက်၍လာ လေပြီ။ ထိုကြောင့်ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။ ဂုဏ်တော်ကိုချီးကူးကြလော့။ ကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ပင်လယ် နှင့်စမ်းပေါက်များကိုလည်းကောင်းဖန်ဆင်း တော်မူသောအရှင်ကိုရှိခိုးကြလော့'' ဟု အသံကျယ်စွာကြွေးကြော်လေ၏။
ရေကိုစောင့်သည့်ကောင်းကင်တမန်က``ပစ္စုပ္ပန် အတိတ်ကာလတို့တွင်ရှိတော်မူ၍သန့်ရှင်း မြင့်မြတ်တော်မူသောအရှင်၊ ကိုယ်တော်စီရင် တော်မူချက်သည်ဖြောင့်မှန်ပါ၏။-