မော်၍ကြည့်လိုက်သောအခါပိတ်ချော အင်္ကျီကိုဝတ်၍ ရွှေခါးပတ်ကိုပတ်ထား သူလူတစ်ယောက်ကိုငါမြင်ရ၏။-
ဗျာဒိတ် 15:6 - Common Language Bible ထိုအခါကပ်ခုနစ်ပါးကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ်ပါးသည်ဗိမာန်တော် ထဲမှထွက်လာကြ၏။ သူတို့သည်ပြောင်လက် စင်ကြယ်သော ပိတ်ချောထည်ကိုဝတ်ဆင်၍ ရွှေရင်စည်းကိုပတ်ထားကြ၏။- Garrad Bible ဘေး ခု နစ် မျိုး ဆောင် စေ တ မန် တော် ခု နစ် ပါး သည် ဖြူ စင် သော ပိတ် ချော ထည် ဝတ် ဆင် လျက်၊ ရွှေ ရင် စည်း စည်း လျက်၊ ထို ဗိ မာန် တော် မှ ထွက် လာ ကြ ပြီး လျှင်၊ Judson Bible ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန်အဝတ်ကို ဝတ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘေးဒဏ်ခုနစ်မျိုးကိုဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးတို့သည် ထိုဗိမာန်တော်ထဲမှ ထွက်လာကြ၏။ သူတို့သည် စင်ကြယ်တောက်ပသောပိတ်ချောကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထား၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဗိမာန်တော်ထဲမှ ဘေးဒဏ်ခုနစ်ပါးကို ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးထွက်လာ၏။ သူတို့သည် သန့်ရှင်းတောက်ပြောင်သော ပိတ်ချောထည်ကို ဝတ်ဆင်၍ ရင်ဘတ်ပေါ်တွင် ရွှေရင်စည်းကို ပတ်ထား၏။ |
မော်၍ကြည့်လိုက်သောအခါပိတ်ချော အင်္ကျီကိုဝတ်၍ ရွှေခါးပတ်ကိုပတ်ထား သူလူတစ်ယောက်ကိုငါမြင်ရ၏။-
ဤအခြင်းအရာနှင့်ပတ်သက်၍စိတ်ဇဝေဇဝါ ဖြစ်လျက်နေကြစဉ် ပြောင်လက်သည့်အဝတ်ကို ဝတ်ဆင်ထားသူလူနှစ်ယောက်သည်သူတို့၏ အရှေ့တွင်ရုတ်တရက်ပေါ်လာ၏။-
ထိုမီးခွက်များအလယ်၌လူနှင့်တူသူတစ် ဦးကိုလည်းကောင်းတွေ့ရ၏။ ထိုသူသည်ခြေ ဖျားတိုင်အောင်ရောက်သည့်ဝတ်လုံရှည်ကိုခြုံ ၍ရွှေရင်စည်းကိုဝတ်ဆင်ထား၏။-
အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန် တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်လျက် နေသူအား``ကမ္ဘာမြေကြီးပေါ်၌စပါးများ ကောင်းစွာမှည့်ပြီဖြစ်၍ရိတ်သိမ်းရန်အချိန် ကျရောက်လေပြီ။ ထို့ကြောင့်ကိုယ်တော်၏ တံစဉ်ကိုယူ၍ရိတ်သိမ်းတော်မူပါ'' ဟု အသံကျယ်စွာပြောဆို၏။-
ထိုနောက်အခြားကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံရှိဗိမာန်တော်မှထွက်လာ၏။ ထို သူသည်လည်းထက်သောတံစဉ်ကိုကိုင်ထား၏။
ထိုနောက်ငါသည်ကောင်းကင်တွင်အံ့သြဖွယ် ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကိုမြင် ရပြန်၏။ ထိုအတိတ်နိမိတ်ကားကပ်ခုနစ်ပါး ကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ် ပါးဖြစ်၏။ ထိုကပ်ရောဂါတို့သည်ဘုရား သခင်၏အမျက်တော်ကိုနောက်ဆုံးအကောင် အထည်ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျ ရောက်လာမည့်ကပ်များဖြစ်ပေသည်။
သူသည်ဝတ်ဆင်ရန်တောက်ပဖြူစင်သောပိတ် ချောထည်ကိုရရှိထားပြီ'' ဟုဆို၏။ (ထိုပိတ် ချောထည်ကားဘုရားသခင်လူစုဝင်တို့၏ မွန်မြတ်သည့်အကျင့်များကိုဆိုလိုသတည်း။)