သေတ္တာထဲတွင်ကျောက်ပြားနှစ်ပြားကိုထည့်၍ သေတ္တာဖုံးဖြင့်ဖုံးအုပ်ထားရမည်။-
ဗျာဒိတ် 15:5 - Common Language Bible ထိုနောက်ကောင်းကင်ဘုံ၌ပဋိညာဉ်တဲတော်ရှိ သော ဗိမာန်တော်သည်ပွင့်၍လာသည်ကိုမြင်ရ၏။- Garrad Bible ထို နောက် ငါ မျှော် ကြည့် သော် ကောင်း ကင် ဘုံ တွင် သက် သေ တော် ရှိ၊ စံ တော် မူ ရာ ဗိ မာန် တော် ပွင့် ရာ၊ Judson Bible ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ရှိသောသက်သေခံချက်တဲတော်တည်ရာဗိမာန်တော်သည် ဖွင့်ထားလျက်ရှိ၍ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ ကောင်းကင်ဘုံရှိ သက်သေခံချက်ပါသည့် တဲတော်ဖြစ်သောဗိမာန်တော်သည် ပွင့်နေသည်ကို မြင်ရ၏။ |
သေတ္တာထဲတွင်ကျောက်ပြားနှစ်ပြားကိုထည့်၍ သေတ္တာဖုံးဖြင့်ဖုံးအုပ်ထားရမည်။-
ပညတ်တော်ဆယ်ပါးရေးထိုးထားသော ကျောက်ပြားထားရှိရာတဲတော်အတွက် အသုံးပြုသောသတ္တုစာရင်းကိုဖော်ပြ ပေအံ့။ ထိုစာရင်းမှာယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာဦးစီးသော လေဝိအမျိုး သားတို့ကမောရှေ၏အမိန့်အရပြုစု သောစာရင်းဖြစ်၏။
စစ်မှုထမ်းစေမည့်အစားကောက်ယူရာတွင်လေဝိအနွယ်ဝင်တို့ကို ငါစံတော်မူရာတဲတော်နှင့်တဲတော်ပစ္စည်းများကိုထိန်းသိမ်းစေလော့။ သူတို့သည်တဲတော်နှင့်တဲတော်ပစ္စည်းများကိုသယ်ဆောင်ရမည်။ သူတို့သည်တဲတော်တွင်အမှုတော်ကိုထမ်း၍တဲတော်ပတ်လည်တွင်စခန်းချနေထိုင်ရမည်။-
တစ်စုံတစ်ယောက်သည်တဲတော်အနီးသို့ချဉ်းကပ်မိလျှင် ငါသည်အမျက်ထွက်၍တစ်မျိုးသားလုံးကိုဒဏ်ခတ်မည်ဖြစ်သည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုစောင့်ကြပ်ရန်တဲတော်ပတ်လည်တွင်စခန်းချရမည်'' ဟုမိန့်တော်မူ၏။-
ထိုအခါဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၏။ ကျောက်ဆောင်များပြိုကွဲကြ၏။-
ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-
ထိုအခါကောင်းကင်ဘုံ၌ဘုရားသခင် ၏ဗိမာန်တော်တံခါးသည်ပွင့်၍လာသဖြင့် ဗိမာန်တော်ထဲကပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထိုနောက်လျှပ်စစ်များပြက် ခြင်း၊ မိုးခြိမ်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုး သီးမုန်တိုင်းကြီးကျခြင်းများဖြစ်လေ သည်။
သူသည်ဘုရားသခင်နှင့်ကိုယ်တော်၏နာမ တော်ကိုလည်းကောင်း၊ ကိုယ်တော်ကျိန်းဝပ်တော် မူရာကိုလည်းကောင်း၊ ကောင်းကင်ဘုံတွင်စံစား သူတို့ကိုလည်းကောင်းပြစ်မှားပြောဆိုရန် မိမိ၏နှုတ်ကိုဖွင့်လေ၏။-