ဣဇာက်က``အဖ'' ဟုခေါ်လိုက်၏။ အာဗြဟံက``ငါ့သား'' ဟုထူး၏။ ဣဇာက်က``အဖထံမှာမီးလည်းပါပြီ။ ထင်း လည်းပါပြီ။ ယဇ်ပူဇော်ရန်သိုးငယ်အဘယ် မှာနည်း'' ဟုမေး၏။
ဗျာဒိတ် 13:8 - Common Language Bible အသေသတ်ခြင်းခံရသည့်သိုးသူငယ်တော် ၏အသက်စာစောင်တွင် ကမ္ဘာလောကကိုဖန် ဆင်းတော်မမူမီကပင် စာရင်းဝင်သူတို့မှ တစ်ပါးကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ထိုသားရဲအားရှိခိုးကြလိမ့်မည်။ Garrad Bible ဤ လော က တည် သည့် ကာ လ က၊ ကွပ် မျက် ခံ ခဲ့ ပြီး သိုး ငယ် တော်၏ အ သက် စာ ရင်း တွင် အ မည် မ သွင်း ဘဲ မြေ ကြီး ပေါ် မှာ နေ ထိုင် သ မျှ တို့ သည် ထို သား ရဲ ကို ရှိ ခိုး ကြ လိမ့် မည်။ Judson Bible ကွပ်မျက်သောသိုးသငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။ |
ဣဇာက်က``အဖ'' ဟုခေါ်လိုက်၏။ အာဗြဟံက``ငါ့သား'' ဟုထူး၏။ ဣဇာက်က``အဖထံမှာမီးလည်းပါပြီ။ ထင်း လည်းပါပြီ။ ယဇ်ပူဇော်ရန်သိုးငယ်အဘယ် မှာနည်း'' ဟုမေး၏။
သူတို့၏နာမည်များသည်အသက်ရှင်သူများ စာရင်းစာစောင်မှပယ်ဖျက်ခြင်းခံရပါစေသော။ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်တွင် စာရင်းမဝင်သူများဖြစ်ကြပါစေ သော။
သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့၏ အပြစ်ကိုလွှတ်တော်မမူလျှင်၊ ကိုယ်တော်၏လူ မျိုးတော်နာမည်စာရင်းမှအကျွန်ုပ်၏နာမည် ကိုပယ်ဖျက်တော်မူပါ'' ဟုတောင်းပန်လျှောက် ထားလေ၏။
ထာဝရဘုရားရွေးချယ်တော်မူခြင်းကိုခံ ရ၍ ယေရုရှလင်မြို့တွင်သက်ရှင်ကျန်ရှိနေ သူမှန်သမျှသည် သန့်ရှင်းမြင့်မြတ်သူများ ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။-
ပိတ်ချောအင်္ကျီကိုဝတ်ဆင်ထားသော ကောင်းကင်တမန်က``ထိုကာလ၌ကြီး မြတ်သောကောင်းကင်တမန်မိက္ခေလသည် ပေါ်လာလိမ့်မည်။ သူသည်သင်၏အမျိုးသား များကိုစောင့်ထိန်းသောသူဖြစ်၏။ ထိုနောက် လူမျိုးအပေါင်းတို့ဖြစ်ပေါ်လာချိန်မှအစ ပြု၍ အဘယ်အခါ၌မျှမကြုံဘူးသော ဆင်းရဲဒုက္ခများဆိုက်ရောက်ရာကာလကျ ရောက်လာလိမ့်မည်။ ထိုအခါ၌ဘုရားသခင်၏စာစောင်တော်တွင်စာရင်းဝင် သူ သင်၏အမျိုးသားအပေါင်းတို့သည် လွတ်မြောက်ကြလိမ့်မည်။-
ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။-
သို့ရာတွင်သင်တို့သည်နတ်မိစ္ဆာများကိုနှိမ်နင်းနိုင် သည့်အတွက်ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ တွင်သင်တို့၏နာမည်များစာရင်းဝင်ပြီးဖြစ်သည့် အတွက်သာလျှင်ဝမ်းမြောက်ကြလော့'' ဟုမိန့် တော်မူ၏။
နောက်တစ်နေ့၌မိမိ၏ထံသို့သခင်ယေရှု ကြွလာသည်ကိုမြင်လျှင် ယောဟန်က ``လောက သားတို့၏အပြစ်ကိုယူဆောင်သွားတော်မူ သောဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်ကြလော့။-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်ရှေ့တော်တွင်အပြစ် ဆိုဖွယ်မရှိဘဲ သန့်ရှင်းမြင့်မြတ်သူများ ဖြစ်နိုင်ကြစေရန်ကမ္ဘာမတည်မရှိမီ ကပင်ငါတို့ကိုဘုရားသခင်ရွေးချယ် ထားတော်မူပေသည်။ ဘုရားသခင်သည် မိမိမေတ္တာတော်ကြောင့်၊-
ငါ၏ရဲဘော်စစ်ဖြစ်သူ၊ သင်သည်လည်း ထို အမျိုးသမီးတို့ကိုကူညီမစပါလော့။ သူ တို့သည်သတင်းကောင်းကြေညာရာတွင်ငါ နှင့်အတူအထူးကြိုးစားအားထုတ်လုပ် ဆောင်သူများဖြစ်ကြ၏။ ထိုသို့လုပ်ဆောင် ခဲ့သူများတွင်ကလေမင်နှင့်တကွ ဘုရား သခင်၏အသက်စာစောင်စာရင်းတွင်ပါ ရှိသူ အခြားငါ၏လုပ်ဖော်ဆောင်ဘက်များ လည်းပါဝင်၏။
ထိုဘာသာတော်သည်ထာဝရအသက်ကို မျှော်လင့်မှုတွင်အခြေခံပေသည်။ မုသား နှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ရှေးကပ်ကာလမတည်ရှိမီကပင် ထာဝရ အသက်ကိုငါတို့အားပေးတော်မူရန် ကတိထားတော်မူပေသည်။-
နဂါးသည်အမျိုးသမီးအားရေအဟုန်တွင် မျောပါသွားစေရန် မိမိ၏ခံတွင်းမှရေကို မြစ်သဖွယ်မှုတ်ထုတ်လိုက်၏။-
သူသည်ပထမသားရဲ၏အာဏာရှိသမျှ ကိုထိုသားရဲ၏ရှေ့တွင်သုံးစွဲ၏။ သူသည် သေလောက်သည့်ဒဏ်ရာပျောက်ကင်းသွားသည့် ပထမသားရဲကိုကမ္ဘာသူကမ္ဘာသားတို့ အားကိုးကွယ်စေ၏။-
သင်မြင်ရသည့်သားရဲသည်အခါတစ်ပါးက အသက်ရှင်ခဲ့သော်လည်း ယခုအသက်မရှင် တော့ပေ။ သူသည်တွင်းနက်ကြီးထဲမှတက်လာ ပြီးလျှင် ဖျက်ဆီးခြင်းခံရပေတော့မည်။ ကမ္ဘာ လောကကိုဖန်ဆင်းတော်မမူမီကပင်လျှင် အသက်စာစောင်စာရင်းတွင်မပါဝင်သူ ကမ္ဘာသူကမ္ဘာသားတို့သည် ထိုသားရဲကို မြင်သောအခါအံ့သြကြလိမ့်မည်။ သူသည် အခါတစ်ပါးကအသက်ရှင်ခဲ့၏။ ယခု အသက်မရှင်တော့သော်လည်းနောက်တစ်ဖန် အသက်ရှင်၍လာဦးမည်။
သို့ရာတွင်အဘယ်ညစ်ညမ်းသည့်အရာမျှထို မြို့တွင်းသို့ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံရှာ ဖွယ်သောအမှုကိုပြုသူ၊ လိမ်လည်ပြောဆိုသူ မှန်သမျှသည်လည်းဝင်ခွင့်ရလိမ့်မည်မဟုတ်။ သိုးသူငယ်တော်၏အသက်စာစောင်စာရင်း တွင်ပါသူများသာလျှင်ဝင်ရကြလိမ့်မည်။
သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-
နားထောင်လော့။ ငါသည်တံခါးရှေ့တွင်ရပ်၍ တံခါးခေါက်လျက်နေ၏။ ငါ၏အသံကိုကြား ၍တံခါးကိုဖွင့်သောသူ၏အိမ်သို့ငါဝင်ပြီး လျှင်သူနှင့်အတူစားသောက်မည်။ သူသည် လည်းငါနှင့်အတူစားသောက်ရလိမ့်မည်။-
အောင်မြင်သောသူတို့သည်ဝတ်ဖြူစင်ကြယ် ကိုဝတ်ရလိမ့်မည်။ ငါသည်သူတို့၏နာမည် ကိုအသက်စာစောင်မှဖျက်ပယ်မည်မဟုတ်။ သူတို့သည်ငါ၏တပည့်များဖြစ်ကြောင်း ငါ၏ခမည်းတော်နှင့်ကိုယ်တော်၏ကောင်း ကင်တမန်များရှေ့တွင်ငါထုတ်ဖော်ဝန်ခံ မည်။
သူတို့က၊ ``အသေသတ်ခြင်းခံရသောသိုးသူငယ်တော်သည် တန်ခိုး၊စည်းစိမ်ချမ်းသာ၊ဉာဏ်ပညာ၊ခွန်အား စွမ်းရည်၊ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊ ချီးမွမ်းခြင်းတို့ကိုခံထိုက်တော်မူပါ၏'' ဟုအသံကျယ်စွာမြွက်ဆိုကြ၏။-
ထို့ပြင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်ပင်လယ်အရပ်ရပ်၌ရှိသမျှသော သတ္တဝါအပေါင်းတို့က၊ ပလ္လင်ပေါ်တွင်ထိုင်နေတော်မူသောအရှင်နှင့် သိုးသူငယ်တော်သည် ကမ္ဘာအဆက်ဆက်ချီးမွမ်းခြင်းကို ခံရပါစေသတည်း။ ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊တန်ခိုးတို့ဖြင့် ပြည့်စုံတော်မူပါစေသတည်း'' ဟုကြွေးကြော်ကြသည်ကိုငါကြားရ၏။-
ထိုနောက်သိုးသူငယ်တော်သည်ချိပ်တံဆိပ် ခုနစ်ခုအနက်မှ ပထမတံဆိပ်ဖွင့်သည်ကို ငါမြင်၏။ သက်ရှိသတ္တဝါလေးပါးအနက်တစ် ပါးသည်မိုးကြိုးသံနှင့်တူသောအသံဖြင့်``လာ လော့'' ဟုဆိုသည်ကိုငါကြားရ၏။-