ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
ဗျာဒိတ် 11:10 - Common Language Bible ကမ္ဘာသူကမ္ဘာသားတို့သည်ပရောဖက်နှစ်ပါး သေသည့်အတွက် အားရဝမ်းမြောက်လျက် အချင်းချင်းလက်ဆောင်ပဏ္ဏာများပေးကာ အောင်ပွဲခံကြလိမ့်မည်။ အဘယ်ကြောင့်ဆို သော်ထိုပရောဖက်နှစ်ပါးသည် ကမ္ဘာသူ ကမ္ဘာသားတို့အားများစွာဒုက္ခရောက်စေ ခဲ့ကြသောကြောင့်ဖြစ်၏။- Garrad Bible မြေ ကြီး ပေါ် မှာ နေ ထိုင် သူ တို့ သည် ညို ညင် စေ ခဲ့ သော ထို ပ ရော ဖက် နှစ် ပါး တို့ အ လောင်း များ ကြောင့် အား ရ ရွှင် လန်း လျက် အ ချင်း ချင်း လက် ဆောင် ပေး ပို့ ကြ လိမ့် မည်။ Judson Bible မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ယှက်ညှဥ်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည် ထိုသူတို့၏အဖြစ်ကြောင့် ဝမ်းမြောက်လျက်ပျော်ရွှင်ကြကာ တစ်ဦးကိုတစ်ဦး လက်ဆောင်များပေးပို့ကြလိမ့်မည်။ အကြောင်းမူကား ထိုပရောဖက်နှစ်ဦးတို့သည် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ကို ညှဉ်းဆဲခဲ့ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့သည် ထိုပရောဖက်နှစ်ပါး၏ အဖြစ်ကြောင့် ဝမ်းမြောက်၍ တစ်ဦးကိုတစ်ဦးလက်ဆောင်များ ပေးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုပရောဖက်နှစ်ပါးသည် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကို ညှဉ်းဆဲသောကြောင့်ဖြစ်၏။ |
ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
အာဟပ်သည်ဧလိယကိုမြင်သောအခါ``ငါ ၏ရန်သူ၊ သင်သည်ငါ့ကိုတွေ့ပြီလော'' ဟု မေး၏။ ဧလိယကလည်း``တွေ့ပြီ။ သင်သည်ထာဝရ ဘုရား၏မျက်နှာတော်တွင်ဒုစရိုက်ကို သာပြုလို၏။-
အာဟပ်သည်ယောရှဖတ်အား``ဤသူသည် အဘယ်အခါ၌မျှ ကျွန်ုပ်အတွက်အကောင်း ကိုမဟော။ အဆိုးကိုသာဟောတတ်ကြောင်း ကျွန်ုပ်ပြောခဲ့ပြီမဟုတ်လော'' ဟုဆို၏။
အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
ကျွန်တော်မျိုး၏ရန်သူများသည် ``ငါတို့သူ့ကိုအနိုင်ရပြီ'' ဟူ၍ ပြောဆိုနိုင်ခွင့်ကိုပေးတော်မမူပါနှင့်။ သူတို့အားကျွန်တော်မျိုး၏ပြိုလဲမှုကြောင့် ဝမ်းမြောက်နိုင်ခွင့်ကိုပေးတော်မမူပါနှင့်။
ကျွန်တော်မျိုး၏ရန်သူလူလိမ်လူညာများ အား ကျွန်တော်မျိုးအရေးရှုံးနိမ့်မှုကိုအကြောင်း ပြုကာ နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါ နှင့်။ အကြောင်းမဲ့ကျွန်တော်မျိုးကိုမုန်းသောသူတို့အား ကျွန်တော်မျိုး၏ဝမ်းနည်းမှုကိုအကြောင်းပြု၍ လှောင်ပြောင်ခွင့်ကိုပေးတော်မမူပါနှင့်။
ကိုယ်တော်ရှင်သည်သူ၏ရန်သူတို့အားအောင်ပွဲကို ခံစေတော်မူပါပြီ။ သူတို့အားလုံးကိုဝမ်းမြောက်ရွှင်လန်းစေတော် မူပါပြီ။
ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
ဗာဗုလုန်မြို့သားတို့၊ သင်တို့သည်ငါ၏ နိုင်ငံတော်ကိုလုယက်ခဲ့ကြ၏။ သင်တို့သည် ကောက်နယ်သည့်နွားမကဲ့သို့သော်လည်း ကောင်း၊ ဟီလျက်နေသောမြင်းကဲ့သို့သော် လည်းကောင်း ဝမ်းမြောက်ရွှင်လန်းစွာသွား လာနေကြသော်လည်း၊-
သင်သည်ယုဒပြည်ရှိမိမိ၏ညီအစ်ကိုများ၊ ကံကြမ္မာဆိုးနှင့်ကြုံတွေ့ရသည်ကိုကျိတ်၍၊ နှစ်ထောင်းအားရမဖြစ်သင့်။ သူတို့ဆုံးပါးပျက်စီးချိန်၌ဝမ်းမြောက် ဝမ်းသာမဖြစ်သင့်။ သူတို့စိတ်ဒုက္ခရောက်ကြသောအခါ၊ သင်သည်မဝါကြွားသင့်။
ငါတို့၏ရန်သူတို့၊ ငါတို့၏အပြစ်အခြေ အနေကြောင့် ဝမ်းမြောက်ဝမ်းသာမဖြစ်ကြ နှင့်။ ငါတို့လဲကျသော်လည်းနောက်တစ်ဖန် ထဦးမည်။ ယခုအခါငါတို့သည်အမှောင် ထဲ၌နေထိုင်ရသော်လည်း ထာဝရဘုရား သည်ငါတို့အပေါ်သို့အလင်းရောင်သက် ရောက်စေတော်မူလိမ့်မည်။-
သင်တို့သည်ငါ၏အတွက်ကြောင့်အမုန်းခံရကြ လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သူကိုကယ်တင်တော်မူလိမ့်မည်။-
ဧကန်အမှန်သင်တို့အားငါဆိုသည်ကား သင်တို့သည်ငိုကြွေးမြည်တမ်းကြလိမ့်မည်။ လောကသားတို့မူကားဝမ်းမြောက်ကြလိမ့် မည်။ သင်တို့သည်ဝမ်းနည်းကြသော်လည်းထို ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ် သို့ပြောင်းလဲသွားလိမ့်မည်။-
ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။-
ဤစကားကိုကြားကြသောအခါတရား လွှတ်တော်အဖွဲ့ဝင်တို့သည် ပြင်းစွာအမျက် ထွက်ကြသဖြင့် တမန်တော်တို့အားသေဒဏ် ပေးရန်တိုင်ပင်ကြ၏။-
မကောင်းမှုဒုစရိုက်ကြောင့်ဝမ်းမြောက်ဝမ်းသာ မရှိတတ်။ သမ္မာတရားကြောင့်ဝမ်းမြောက်တတ်၏။-
မိမိသည်ကမ္ဘာမြေပေါ်သို့ပစ်ချခြင်းခံရ သည်ကိုနဂါးသိသောအခါ သားယောကျာ်း လေးဖွားမြင်သူအမျိုးသမီးအားလိုက် ၍ဖမ်းလေ၏။-
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-
အသေသတ်ခြင်းခံရသည့်သိုးသူငယ်တော် ၏အသက်စာစောင်တွင် ကမ္ဘာလောကကိုဖန် ဆင်းတော်မမူမီကပင် စာရင်းဝင်သူတို့မှ တစ်ပါးကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ထိုသားရဲအားရှိခိုးကြလိမ့်မည်။
ထိုနောက်ပဉ္စမကောင်းကင်တမန်သည်မိမိ၏ ဖလားမှအမျက်တော်ကိုသားရဲ၏ပလ္လင်ပေါ် သို့သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏နိုင်ငံ သည်မှောင်အတိဖြစ်လေ၏။ ထိုနိုင်ငံသားတို့ သည်ဝေဒနာခံရသည်နှင့်မိမိတို့၏လျှာ ကိုကိုက်ခဲကြ၏။-
သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-