လက်ဝဲဘက်သို့သော်လည်းကောင်း၊ လက်ယာ ဘက်သို့သော်လည်းကောင်း သင်တို့လမ်းမှား ၍လိုက်မိကြသောအခါ``လမ်းမှန်ကားဤ မှာတည်း။ ဤလမ်းအတိုင်းလိုက်ကြလော့'' ဟုသင်တို့နောက်မှနေ၍ကိုယ်တော်မိန့်တော် မူသံကိုကြားရကြလိမ့်မည်။-
ဗျာဒိတ် 10:8 - Common Language Bible ကောင်းကင်မှငါကြားရသည့်မိန့်မြွက်သံက ငါ့အား``သွားလော့။ ပင်လယ်နှင့်ကုန်းမြေပေါ် တွင်ရပ်လျက်နေသောကောင်းကင်တမန်လက် ၌ဖွင့်ထားသောစာစောင်ကိုယူလော့'' ဟုဆို ပြန်၏။ Garrad Bible ရေ မြေ ပေါ် မှာ ရပ် နေ သော စေ တ မန် တော့် လက်၌ ဖွင့် ထား သည့် စာ စောင် ကို သွား ယူ လော့ ဟု မိန့် ပြန် သည့် အ တိုင်း၊ Judson Bible ငါကြားရသော ကောင်းကင်အသံသည် တစ်ဖန် ငါ့အားပြောသည်ကား၊ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌ ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား၍ ယူလော့ဟုဆိုလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါကြားခဲ့ရသောကောင်းကင်မှအသံက “ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေသော ကောင်းကင်တမန်၏လက်၌ရှိသည့် ဖွင့်ထားသောစာလိပ်ကို သွား၍ယူလော့”ဟု ငါ့အား တစ်ဖန် မြွက်ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်ဘုံမှ ကျွန်ုပ်ကြားခဲ့ရသည့် အသံက ကျွန်ုပ်အား “ပင်လယ်နှင့် မြေပေါ်တွင် ရပ်နေသည့်ကောင်းကင်တမန်၏လက်မှ ဖွင့်ထားသောစာလိပ်ကို သွား၍ယူလော့” ဟု ဆိုပြန်၏။ |
လက်ဝဲဘက်သို့သော်လည်းကောင်း၊ လက်ယာ ဘက်သို့သော်လည်းကောင်း သင်တို့လမ်းမှား ၍လိုက်မိကြသောအခါ``လမ်းမှန်ကားဤ မှာတည်း။ ဤလမ်းအတိုင်းလိုက်ကြလော့'' ဟုသင်တို့နောက်မှနေ၍ကိုယ်တော်မိန့်တော် မူသံကိုကြားရကြလိမ့်မည်။-
ထိုနောက်စာလိပ်တစ်ခုကိုကိုင်ထားသော လက်တစ်ဖက်သည်ငါရှိရာသို့ကမ်းလှမ်း လာသည်ကိုငါမြင်ရ၏။-
သူသည်ဖွင့်ထားသောစာစောင်ငယ်ကိုကိုင် ထား၏။ လက်ယာခြေဖြင့်ပင်လယ်ပေါ်၌လည်း ကောင်း၊ လက်ဝဲခြေဖြင့်ကုန်းမြေပေါ်၌လည်း ကောင်းရပ်လျက်၊-