ဘုရားသခင်က``ထိုသူတို့သည်အဘယ်သို့ သောလူမျိုးဖြစ်သည်ကို နောင်အခါအစဉ် သက်သေခံအမှတ်အသားရရှိစေရန် စာ စောင်တစ်ခုတွင်ရေးမှတ်၍ထားလော့'' ဟု ငါအားစေခိုင်းတော်မူပါ၏။-
ဗျာဒိတ် 1:11 - Common Language Bible ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလ ဒေဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။ Garrad Bible သင် မြင် သ မျှ ကို ကျမ်း ပြု၍ ရေး သား ပြီး လျှင် ဧ ဖက်၊ စ မု ရ န၊ ပေ ရ ဂံ၊ သွာ တိ ရ၊ သာ ဒိ၊ ဖိ လ ဒေ လ ဖိ၊ လော ဒိ ကိ မြို့ များ ရှိ အ သင်း တော် ခု နစ် ပါး ထံ ပို့ လိုက် လော့ ဟု မိန့် တော် မူ သံ ကို ငါ ကြား ရ သ ဖြင့်။ Judson Bible မြည်သောအချက်ဟူမူကား၊ သင်သည် မြင်သောအရာကို စာစောင်၌ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးလိုက်လော့ဟု ဆိုသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထိုအသံက“သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။ |
ဘုရားသခင်က``ထိုသူတို့သည်အဘယ်သို့ သောလူမျိုးဖြစ်သည်ကို နောင်အခါအစဉ် သက်သေခံအမှတ်အသားရရှိစေရန် စာ စောင်တစ်ခုတွင်ရေးမှတ်၍ထားလော့'' ဟု ငါအားစေခိုင်းတော်မူပါ၏။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``သင့်ကိုငါမိန့်တော်မူ သမျှသောစကားတို့ကိုစာစောင်တွင်ရေး မှတ်၍ထားလော့။-
ထာဝရဘုရားသည်``သင့်အားငါဖွင့်လှစ်ဖော်ပြသည့်အကြောင်းအရာများကိုအလွယ်တကူဖတ်ရှုနိုင်ရန် သင်ပုန်းပေါ်တွင်ရေးမှတ်လော့။ ထင်ရှားပြတ်သားစွာရေးမှတ်လော့။-
ထိုသူတို့အထဲတွင်သွာတိရဲမြို့သူ၊ ကမ္ဗလာ နီအထည်ကုန်သည်လုဒိနာမည်ရှိအမျိုး သမီးတစ်ယောက်ပါ၏။ သူသည်ဘုရားသခင် အားကိုးကွယ်သူတစ်ဦးဖြစ်၏။ သခင်ဘုရား သည်ပေါလုဟောပြောလျက်နေသောတရား စကားများကိုအာရုံစိုက်စေရန် ထိုအမျိုး သမီး၏စိတ်နှလုံးကိုပြုပြင်တော်မူ၏။-
အာလေဇန္ဒြိမြို့သားအာပေါလုနာမည်ရှိသော ယုဒအမျိုးသားတစ်ယောက်သည်ဧဖက်မြို့သို့ ရောက်လာ၏။ သူသည်အဟောအပြောကောင်း၍ ကျမ်းစာတော်ကိုအထူးပင်တတ်ကျွမ်းသူ ဖြစ်၏။-
သို့ရာတွင်ပေါလုသည်ဧဖက်မြို့အသင်းတော် လူကြီးတို့အား မိမိနှင့်လာရောက်တွေ့ဆုံရန် မိလက်မြို့မှလူလွှတ်အကြောင်းကြားလိုက်၏။-
အကယ်၍ငါသည်ဧဖက်မြို့တွင် ``သားရဲ တိရစ္ဆာန်'' တို့နှင့်တိုက်ခိုက်ခဲ့ပါမူလူအမြင် ဖြင့်ငါ့အဖို့အဘယ်အကျိုးရှိမည်နည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းမရှိ ပါက ``နက်ဖြန်သေကြမည်ဖြစ်၍ငါတို့ သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန် အံ့'' ဟုဆိုသည့်အတိုင်းပြုကြစို့။
ဘုရားသခင်၏အလိုတော်အရ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံ ရသောပေါလုထံမှ ဧဖက်မြို့နေဘုရား သခင်၏လူစုတော်ဖြစ်သူ၊ သစ္စာရှိစွာ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ကြသူအပေါင်းတို့ထံသို့စာရေး လိုက်ပါသည်။
သင်သည်ယခုဤသီချင်းကိုရေးသားလော့။ ယင်းသီချင်းသည်ဣသရေလအမျိုးသား တို့တစ်ဘက်၌ ငါ၏သက်သေဖြစ်စေခြင်း ငှာထိုသီချင်းကိုသူတို့အားသင်ပေး လော့။-
ငါသည်သင်တို့အတွက်လည်းကောင်း၊ လောဒိကိ မြို့သူမြို့သားများနှင့်ငါ့အားမမြင်ဘူးသေး သောအခြားသူတို့အတွက်လည်းကောင်း အဘယ် မျှကြိုးပမ်းလုပ်ဆောင်ခဲ့သည်ကိုသင်တို့အား သိစေလို၏။-
မာကေဒေါနိပြည်သို့ငါထွက်ခွာစဉ်အခါ က သင့်အားငါမှာကြားခဲ့သည်အတိုင်း ဧဖက် မြို့တွင်ဆက်လက်နေထိုင်စေလို၏။ လူအချို့ တို့သည်မိစ္ဆာအယူဝါဒများကိုဟောပြော သွန်သင်လျက်ရှိကြပေသည်။ မကုန်မဆုံးနိုင် သောဒဏ္ဍာရီများနှင့်ဆွေစဉ်မျိုးဆက်စာရင်း များကို အပတ်တကုတ်အားထုတ်လေ့လာ တတ်သူတို့အား ထိုအမှုတို့ကိုရပ်စဲကြ စေရန်ပြောကြားလော့။ ထိုအမှုအရာများ သည်အငြင်းပွားမှုများကိုသာလျှင်ပြုစု ပေးတတ်၏။ ဘုရားသခင်၏အကြံအစည် တော်ကိုအကျိုးမပြုတတ်။ ယုံကြည်ခြင်း အားဖြင့်သာလျှင် ထိုအကြံအစည်တော် ကိုသိနိုင်လေသည်။-
ထိုအရှင်ကိုတွေ့သောအခါငါသည်သူသေ သဖွယ် ခြေတော်ရင်း၌လဲကျသွားလေသည်။ ကိုယ်တော်သည်ငါ့အပေါ်သို့လက်ယာလက် တော်ကိုတင်တော်မူပြီးလျှင်``မကြောက်နှင့် ငါသည်အစနှင့်အဆုံးဖြစ်၏။-
သင်တွေ့မြင်ရသည့်အမှုအရာများမှာ ယခု မျက်မှောက်နှင့်နောင်အခါ၌ဖြစ်ပျက်မည့်အမှု အရာများဖြစ်၏။ ထိုအရာများအကြောင်းကို ရေးထားလော့။-
ယောဟန်သည်ဘုရားသခင်၏နှုတ်ကပတ် တော်နှင့် ယေရှုခရစ်ဖော်ပြတော်မူသည့် သမ္မာတရားကို မိမိတွေ့မြင်ကြားသိရသည် အတိုင်းဤစာစောင်တွင်ရေးသားထားပေ သည်။-
ငါ၏လက်ယာတော်လက်တွင်သင်မြင်တွေ့ရ သည့်ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်ခု၏ လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ်မှာ မီးခွက်ခုနစ် လုံးသည်အသင်းတော်ခုနစ်ပါးဖြစ်၍ ကြယ် ခုနစ်လုံးသည်ထိုအသင်းတော်ခုနစ်ပါးကို စောင့်သောကောင်းကင်တမန်ခုနစ်ပါးဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
ယောဟန်ထံမှအာရှနယ်ပယ်ရှိအသင်းတော် ခုနစ်ပါးသို့စာရေးလိုက်ပါသည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရား သခင်၏ထံတော်မှလည်းကောင်း၊ ပလ္လင်တော်ရှေ့ ၌ရှိသည့်ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊-
ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိနေ တော်မူသောအနန္တတန်ခိုးရှင်ထာဝရအရှင် ဘုရားသခင်က``ငါသည်အစနှင့်အဆုံး ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုအချိန်၌မိုးကြိုးသံတို့ကမိန့်မြွက်သည့် စကားကို ငါသည်ရေးမှတ်မည်ပြုသော်``မရေး မမှတ်နှင့်။ မိုးကြိုးသံခုနစ်ချက်မိန့်မြွက်သည့် စကားကိုလျှို့ဝှက်ထားလော့'' ဟုကောင်းကင် မှထွက်သောအသံကိုငါကြားရ၏။
ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုနောက်ကောင်းကင်တမန်က``သိုးသူငယ်တော် ၏ထိမ်းမြားမင်္ဂလာပွဲသို့ဖိတ်ခေါ်ခြင်းခံရသူ တို့သည်မင်္ဂလာရှိကြ၏ဟုရေးမှတ်ထားလော့'' ဟူ၍လည်းကောင်း``ဤစကားသည်ဘုရားသခင် ၏နှုတ်တော်ထွက်စကားပင်ဖြစ်၏'' ဟူ၍လည်း ကောင်းငါ့အားမြွက်ဆို၏။
``ဧဖက်မြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ ဤသို့စာရေး၍သြဝါဒပေးလိုက်လော့။ ဤသြဝါဒသည်ကြယ်ခုနစ်လုံးကိုလက်ယာ လက်တွင်ကိုင်ကာ ရွှေမီးခွက်ခုနစ်ခုအကြား တွင်သွားလာနေသူ၏ထံမှဖြစ်၏။-
``ပေရဂံမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ထက်မြက်သောသန်လျက် ဆောင်ထားသူ၏ထံမှဖြစ်၏။-
သွာတိရမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်ဘုရားသခင်၏သားတော် ထံမှဖြစ်၏။ ထိုအရှင်၏မျက်စိတော်များသည် မီးလျှံသဖွယ်တောက်ပလျက်၊ ခြေတော်များ သည်တောက်ပြောင်သောကြေးဝါကဲ့သို့ဖြစ်၏။-
ထိုသူတို့မှလွဲ၍ အခြားသွာတိရမြို့အသင်း တော်ဝင်တို့သည်ဤဆိုးညစ်သည့်အယူဝါဒ ကိုမလိုက်နာကြ။ စာတန်၏နက်နဲသည့်လျှို့ဝှက် ချက်များဟုသူတစ်ပါးတို့ခေါ်ဝေါ်ကြသည့် အရာများကိုလည်းမခံမယူကြ။ သင်တို့ အပေါ်သို့အခြားဝန်ထုပ်ကိုငါမတင်။-
စမုရနမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်အစနှင့်အဆုံးဖြစ်သူ၊ သေပြီးမှအသက်ပြန်၍ရှင်လာသူ၏ထံမှ ဖြစ်သည်။-
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်က``ယခု အခါ၌ခပ်သိမ်းသောအရာတို့ကိုငါအသစ် ဖန်ဆင်းပြီ'' ဟုမိန့်တော်မူ၏။ ကိုယ်တော်ကငါ့ အား``ဤစကားသည်သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ရေးမှတ်၍ထားလော့'' ဟုမိန့်တော် မူ၏။-
ထိုနောက်ကောင်းကင်တမန်က``ဤအမှုအရာ အားလုံးဖြစ်ပျက်မည့်အချိန်သည်နီးကပ်လာ ပြီဖြစ်၍ ဤကျမ်းစောင်တွင်ဖော်ပြပါရှိသည့် ပရောဖက်စကားများကိုလျှို့ဝှက်၍မထား နှင့်။-
``ငါယေရှုသည်အသင်းတော်များရှိသင်တို့အား ဤအကြောင်းအရာများကိုကြေညာရန် ငါ၏ ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ ထွန်းလင်းတောက်ပ သောမိုးသောက်ကြယ်လည်းဖြစ်၏။
``သာဒိမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်၏ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူထံ မှဖြစ်၏။ သင်ပြုသောအမှုကိုငါသိ၏။ သင်သည်သက်ရှင်လှုပ်ရှားလျက်နေသည် ဟုကျော်ကြားသော်လည်းသေလျက်နေ၏။-
``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-
သို့ရာတွင်သာဒိမြို့၌မိမိတို့အဝတ်ကို အညစ်အကြေးနှင့်ကင်းစင်စေသူအနည်း ငယ်ရှိ၏။ ထိုသူတို့သည်ထိုက်တန်သူများ ဖြစ်သဖြင့်ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ငါ နှင့်အတူသွားလာရကြလိမ့်မည်။-
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-