သူတို့သည်သင်တို့၏စိတ်ကိုရွှင်လန်းစေသကဲ့သို့ ငါ၏စိတ်ကိုလည်းရွှင်လန်းစေ၏။ ထိုသို့သောသူ တို့သည်အသိအမှတ်ပြုခြင်းကိုခံထိုက်ကြ၏။
ဖိလေမုန် 1:7 - Common Language Bible ငါ့ညီ၊ သင်၏မေတ္တာသည်ငါ့အားအလွန်ဝမ်း မြောက်စေ၍များစွာအားတက်စေ၏။ သင်သည် ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ အားစိတ်ရွှင်လန်းစေလေပြီ။ Garrad Bible အ ချင်း ငါ့ ညီ၊ သင့် အား ဖြင့် သီး သန့် ထား တော် မူ သူ တို့ အ သည်း နှ လုံး အေး မြ သော ကြောင့် သင့် မေ တ္တာ ကို ထောက်၍ ငါ သည် များ စွာ အား ရ ဝမ်း မြောက်၏။ Judson Bible အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်း ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏ညီ… သင်သည် ယုံကြည်သူအပေါင်းတို့၏ စိတ်ကို လန်းဆန်းစေသည်ဖြစ်၍ သင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်အား အလွန်ဝမ်းမြောက်စေလျက် စိတ်ခွန်အားဖြစ်စေ၏။ |
သူတို့သည်သင်တို့၏စိတ်ကိုရွှင်လန်းစေသကဲ့သို့ ငါ၏စိတ်ကိုလည်းရွှင်လန်းစေ၏။ ထိုသို့သောသူ တို့သည်အသိအမှတ်ပြုခြင်းကိုခံထိုက်ကြ၏။
ဤအကြောင်းကြောင့်ငါတို့အားတက်ကြ၏။ ငါတို့သည်အားတက်ရုံသာမက၊ အလွန်လည်း ဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်တိတုအားရွှင်လန်းစေသဖြင့်သူသည် အလွန်ဝမ်းမြောက်လျက်ရှိသည်ကိုငါတို့တွေ့ရ သောကြောင့်ဖြစ်ပေသည်။-
ငါသည်သင်တို့အားယုံကြည်စိတ်ချ၏။ သင် တို့အတွက်များစွာဂုဏ်ယူဝါကြွား၏။ အမျိုး မျိုးသောဆင်းရဲဒုက္ခများကိုငါတို့ခံရသော် လည်း ငါသည်အားတက်လျက်အတိုင်းထက် အလွန်ရွှင်လန်းဝမ်းမြောက်၏။
ဘုရားသခင်၏ကျေးဇူးတော်ကို အခါမလပ် ငါတို့ချီးမွမ်းကြသည့်အခြားအကြောင်း တစ်ရပ်မှာ ငါတို့သည်သင်တို့အားဟောပြော သောဘုရားသခင်၏တရားတော်ကိုလူ့ တရားမဟုတ်ဘဲ ဘုရားသခင်၏တရား တော်အမှန်ဖြစ်သည်နှင့်အညီသင်တို့ ကြားနာခံယူကြ၏။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည် ယုံကြည်သူသင် တို့၏စိတ်နှလုံးကိုပြုပြင်လျက်ရှိတော် မူသောကြောင့်တည်း။-
ငါတို့သခင်ယေရှုနောက်တစ်ကြိမ်ကြွလာ တော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့သည်သင်တို့ကိုသာလျှင်အကြောင်း ပြု၍ မိမိတို့၏အောင်မြင်မှုအတွက်ဂုဏ်ယူ ဝါကြွားနိုင်လိမ့်မည်။ သင်တို့သာလျှင်ငါ တို့၏မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ အကြောင်းဖြစ်လိမ့်မည်။ ငါတို့အားဂုဏ်ယူ ဝါကြွား၊ မျှော်လင့်ဝမ်းမြောက်စေသောသူ အပေါင်းတို့တွင်သင်တို့ပါဝင်ကြသည်။-
သင်တို့အတွက်ကြောင့်လည်းကောင်း၊ သင်တို့ ကိုအကြောင်းပြု၍ရှေ့တော်တွင်ဝမ်းမြောက် ရွှင်လန်းခွင့်ကိုရရှိသည့်အတွက်ကြောင့် လည်းကောင်း ဘုရားသခင်၏ကျေးဇူးတော် ကိုငါတို့ချီးမွမ်းကြ၏။-
သခင်ဘုရားသည်သြနေသိဖော်၏အိမ် ထောင်အားကရုဏာထားတော်မူပါစေ သော။ ထိုသူသည်အကြိမ်ကြိမ်အဖန်ဖန် ငါ့အားစိတ်သက်သာစေ၏။ ငါသည်အကျဉ်း သားဖြစ်လျက်နေသော်လည်းသူသည်ငါ့ အတွက်မရှက်ဘဲ၊-
သို့ဖြစ်၍ငါ့ညီ၊ သခင်ဘုရား၏မျက်နှာတော် ကိုထောက်၍ငါ့အားကျေးဇူးပြုပါလော့။ ခရစ် တော်၌ညီအစ်ကိုအနေဖြင့်ငါ့အားစိတ်ရွှင် လန်းစေပါလော့။
သင်၏သားသမီးအချို့တို့သည်ခမည်းတော် ဘုရားပညတ်တော်မူခဲ့သည့်အတိုင်း သမ္မာ တရားတော်၌ကျင်လည်လျက်နေကြကြောင်း တွေ့ရသဖြင့်ငါအလွန်ဝမ်းမြောက်၏။-