သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။-
ဖိလေမုန် 1:4 - Common Language Bible ငါ့ညီဖိလေမုန်၊ ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့အားသင်ချစ်ခင်ပုံ၊ သခင်ယေရှုကို သင်ယုံကြည်ပုံကိုကြားသိရသဖြင့် ငါသည် ဆုတောင်းပတ္ထနာပြုသည့်အခါတိုင်း သင့်ကို အကြောင်းပြု၍ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၏။- Garrad Bible အ ရှင် ယေ ရှု အား လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ ရှိ သ မျှ တို့ အား လည်း ကောင်း၊ သင် ချစ် ခင်၍ သ စ္စာ စောင့် ကြောင်း ငါ ကြား သည့် အ တွက် ငါ တို့၌ ရှိ သော ကျေး ဇူး အ မျိုး မျိုး ကို သင် သိ ကျွမ်း သ ဖြင့် သင့် ယုံ ကြည် ခြင်း ဆိုင် ရာ ထောက် ပံ့ မှု သည် ခ ရစ် တော် အ လို့ ငှာ ပြု ပြင် ပါ မည့် အ ကြောင်း ပ ဌ နာ ပြု ရာ တွင် သင့် ကို အောက် မေ့ လျက် ငါ့ ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ စဉ် ချီး မွမ်း ၏။ Judson Bible သင်သည် သခင်ယေရှုခရစ်ကို ယုံကြည်၍ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟု ငါသည်ကြားလျှင်၊ ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဖို့အလိုငှာ ဆုတောင်းပတ္ထနာ ပြုလျက်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ငါ၏ဆုတောင်းချက်များထဲတွင် သင့်ကိုအစဉ်သတိရလျက် ငါ၏ဘုရားသခင်ကို ကျေးဇူးတင်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သင့်အတွက် သတိရဆုတောင်းတိုင်း ကျွန်ုပ်၏ဘုရားသခင်ကို အစဉ်ကျေးဇူးတင်၏။ |
သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။-
သင်တို့အကြောင်းကိုသတိရသည့်အခါတိုင်း ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
ငါတို့သည်သင်တို့အတွက်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်းငါတို့သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်း၏။-
ငါတို့သည်အဖဘုရားသခင်ထံတော်သို့ဆု တောင်းပတ္ထနာပြုသည့်အခါတိုင်း သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကိုလက်တွေ့အဘယ် သို့ကျင့်သုံးကြသည်ကိုလည်းကောင်း၊ သင်တို့ ၏ချစ်ခြင်းကြောင့်သင်တို့အဘယ်သို့ကြိုးစား လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ငါတို့ သခင်ယေရှုခရစ်အားအဘယ်သို့မျှော်လင့် ၍တည်ကြည်ကြသည်ကိုလည်းကောင်း သတိရ ၍အစဉ်ပင်ကျေးဇူးတော်ကိုချီးမွမ်းကြ၏။-
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-
ငါသည်နေ့ညဥ့်မပြတ်ဆုတောင်းပတ္ထနာပြု ရာတွင် သင့်အားအစဉ်ပင်အောက်မေ့သတိရ လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။ ငါသည်ဘိုးဘေးများနည်းတူကိုယ် တော်၏အမှုတော်ကိုကြည်လင်သောသြတ္တပ္ပ စိတ်နှင့်ဆောင်ရွက်သူဖြစ်၏။-