ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။-
ဖိလေမုန် 1:19 - Common Language Bible ``ငါပေါလုသည်ထိုအကြွေးကို ပေးဆပ်ပါ မည်'' ဟူ၍ ငါကိုယ်တိုင်လက်မှတ်ရေးထိုးပါ၏။ (သင့်ကိုယ်တိုင်ပင်လျှင် သင်၏ဘဝသစ်အတွက် ငါ့အားပေးဆပ်စရာရှိကြောင်း ဖော်ပြရန် မလိုပါ။-) Garrad Bible ဆပ် မည့် အ ကြောင်း ငါ ပေါ လု ကိုယ် တိုင် ရေး လိုက်၏။ သင့် ကိုယ် ကို ငါ့ အား တုံ့ ဆပ် ထိုက် သည် ဟု ငါ မ ဆို လို။ Judson Bible ဆပ်ပေးမည်ဟု ငါပေါလုသည် ကိုယ်လက်နှင့် ရေးထား၏။ သို့ရာတွင် သင်၏ကိုယ်တည်းဟူသော ကြွေးကိုပင် ငါ့အားဆပ်ပေးရသောအကြောင်းရှိသည်ဟု ငါမဆို။- မြန်မာ့စံမီသမ္မာကျမ်း ငါပေါလုသည် ပြန်လည်ပေးဆပ်ပါမည်ဟု ငါ့လက်ဖြင့်ရေးလိုက်ပါ၏။ သင်ကိုယ်တိုင်လည်း ငါ့အား အကြွေးတင်နေကြောင်းကို ငါမပြောလိုပါ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ပေါလုကိုယ်တိုင် ပြန်ဆပ်ပေးမည်ဟူသော စာကို မိမိလက်နှင့် ရေးလိုက်၏။ အမှန်စင်စစ် သင်၏ဘဝတစ်ခုလုံးပင်လျှင် ကျွန်ုပ်ကျေးဇူးနှင့် မကင်းကြောင်း ဖော်ပြရန် မလိုပေ။ |
ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။-
ကျွန်ုပ်တေရတိသည်ဤစာကိုနှုတ်တိုက်လိုက်၍ ရေးသားခဲ့ပါ၏။ ကျွန်ုပ်ကလည်းခရစ်တော်အား ဖြင့်သင်တို့အားနှုတ်ဆက်လိုက်ပါ၏။
သင်တို့သည်ခရစ်တော်ကိုလက်ခံပြီးနောက် သင်တို့အားသွန်သင်မည့်ဆရာထောင်ပေါင်း များစွာရှိသော်လည်း ဖခင်ကားတစ်ဦးတည်း သာရှိပေသည်။ ငါသည်သတင်းကောင်းကို ကြေညာခြင်းအားဖြင့် သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေသည့်မွေး သဖခင်ဖြစ်လာ၏။-
ခရစ်တော်၏စိတ်နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုတို့ ကိုအကြောင်းပြု၍ငါသည်သင်တို့အားမေတ္တာ ရပ်ခံပါ၏။ ငါကားသင်တို့ရှေ့မှောက်တွင်ပျော့ ညံ့၍သင်တို့မျက်ကွယ်တွင်မူရဲစွမ်းသတ္တိရှိ သူပေါလုပင်ဖြစ်ပေသည်။-
သင်တို့ကိုယ်တိုင်ပင်လျှင်ငါတို့၏ထောက်ခံ စာဖြစ်ကြ၏။ ထိုစာကိုလူတိုင်းဖတ်ရှုသိ ရှိနိုင်ရန်ငါတို့၏နှလုံးသားတွင်ရေးသား ထားပေသည်။-
အကယ်၍ငါနှင့်အတူမာကေဒေါနိပြည် သားအချို့တို့လိုက်ပါလာ၍ သင်တို့မှာ အသင့်ပြင်ဆင်ထားမှုမရှိသည်ကိုတွေ့ရှိ ရပါက သင်တို့သာလျှင်အရှက်ရကြလိမ့် မည်မဟုတ်။ ငါတို့သည်လည်းသင်တို့အား များစွာယုံကြည်စိတ်ချမိသည်အတွက် အရှက်ရကြလိမ့်မည်။-
နားထောင်ကြလော့။ ငါပေါလုဆိုသည်ကား အကယ်၍ သင်တို့သည်အရေဖျားလှီးမင်္ဂလာ ကိုခံကြမည်ဆိုပါက ခရစ်တော်အားဖြင့် သင်တို့အဘယ်အကျိုးကိုမျှမရနိုင်ကြ။-
ယခုအဘယ်မျှကြီးသောစာလုံးများဖြင့် သင်တို့ ထံသို့ငါ့လက်ဖြင့်ရေးသားသည်ကိုကြည့်ကြ လော့။-
ယုံကြည်ခြင်းအားဖြင့်ငါ၏သားစစ်ဖြစ် သောတိမောသေထံသို့စာရေးလိုက်ပါသည်။ သင်သည်အဖဘုရားသခင်နှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
ငါတို့နည်းတူယုံကြည်သူ၊ ယုံကြည်ခြင်းအား ဖြင့် ငါ၏သားစစ်ဖြစ်သူတိတုထံသို့ဤစာ ကိုငါရေးသားပေးပို့လိုက်ပါသည်။ ခမည်းတော်ဘုရားသခင်နှင့်ငါတို့၏ကယ် တင်ရှင်ခရစ်တော်ယေရှုသည် သင့်အားကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူ ပါစေသတည်း။
အကယ်၍သူသည်သင့်အားတစ်စုံတစ်ရာ ပြစ်မှားမိခဲ့သော်လည်းကောင်း၊ တစ်စုံတစ်ရာ ပေးဆပ်စရာရှိခဲ့သော်လည်းကောင်း ငါ တာဝန်ယူပါမည်။-