ငါသည်ငါ၏ရင်သွေးကိုသင်၏ထံသို့ပြန်၍ စေလွှတ်လိုက်ပါ၏။-
ငါ့ ရင် သွေး ဖြစ် သော ထို သူ့ ကို သင့် ထံ ငါ ပြန် လွှတ်၏။
ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ်၍၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့။-
သူ့ကို သင့်ထံသို့ ငါပြန်ပို့လိုက်၏။ သူသည် ငါ၏အသည်းနှလုံးဖြစ်၏။
ကျွန်ုပ်ချစ်မြတ်နိုးလှသောသြနေသိမ်ကို သင့်ထံသို့ ကျွန်ုပ်ပြန်ပို့လိုက်၏။
ထိုနောက်ဒါဝိဒ်သည်အဘိရှဲနှင့်မှူးမတ် အပေါင်းတို့အား``ငါ၏သားရင်းကပင်လျှင် ငါ့ကိုသေကြောင်းကြံလျက်နေသည်ဖြစ်ရာ ဤဗင်္ယာမိန်အနွယ်ဝင်ပြုသည့်အမှုမှာ အံ့သြလောက်ပါသလော။ သူပြုလိုရာ ပြုပါစေ။ ကျိန်ဆဲပါလေစေ။ ထာဝရ ဘုရားစေခိုင်းတော်မူသဖြင့်သူသည် ဤသို့ပြုလုပ်ရခြင်းဖြစ်၏။-
``အို ဣသရေလ၊သင်သည်ငါ၏အချစ်ဆုံးသား၊ ငါ၏အမြတ်နိုးဆုံးသားဖြစ်၏။ ငါသည်သင်၏နာမည်ကိုထုတ်ဖော်၍ ပြောဆိုရသည့်အခါတိုင်းသင့်အားလွမ်းဆွတ် သတိရလျက်နေ၏။ ငါသည်သင့်အားချစ်ခင်စွဲလန်းသည်ဖြစ်၍ ကရုဏာထားမည်။
သင်တို့သည်ရပ်လျက်ဆုတောင်းသောအခါ သူ တစ်ပါးတို့၏အပြစ်ဟူသမျှကိုဖြေလွှတ်ရ ကြမည်။ သို့မှသာလျှင်ကောင်းကင်ဘုံတွင်ရှိတော် မူသောသင်တို့အဖသည် သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်။-
ထိုနောက်သူသည်ထ၍ဖခင်ထံသို့ပြန်သွားလေ၏။ ``အဝေး၌ပင်ရှိနေစဉ်ဖခင်သည်သူ့ကိုမြင် သော်သနားသဖြင့် ပြေး၍ဖက်ပြီးလျှင်နမ်းရှုပ် လေ၏။-
သင်တို့သည်တစ်ဦးကိုတစ်ဦးသနားချစ်ခင်ကြ လော့။ ဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ အားအပြစ်လွှတ်တော်မူသည့်နည်းတူ သင်တို့သည် လည်းတစ်ဦးနှင့်တစ်ဦးအပြစ်လွှတ်ကြလော့။
``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
သူသည်ယခင်ကသင့်အတွက်အသုံးမဝင်ခဲ့ သော်လည်း ယခုအခါသင်၏အတွက်နှင့်ငါ၏ အတွက်ပါအသုံးဝင်လာလေပြီ။-
ငါသည်သတင်းကောင်းကိုဟောပြောကြေညာ မှုကြောင့် အကျဉ်းခံလျက်နေရစဉ်အခါတွင် သင်၏ကိုယ်စားငါ့အားကူညီစေရန်သူ့ကို ခေါ်ထားလိုပါသည်။-