အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
ဖိလိပ္ပိ 4:20 - Common Language Bible ငါတို့၏အဖဘုရားသခင်သည်ကမ္ဘာအဆက် ဆက် ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ Garrad Bible ငါ တို့ အ ဘ ဘု ရား သ ခင် သည် က မ္ဘာ အ ဆက် ဆက် ဘုန် တော် ကြီး ပါ စေ သော်။ အာ မင်။ Judson Bible ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့အဖဖြစ်တော်မူသောဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ အဖဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။ |
အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
သို့ဖြစ်၍သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ `ကောင်းကင်ဘုံရှင်၊ အကျွန်ုပ်တို့၏အဖ၊ကိုယ်တော်၏ နာမတော်အားရိုသေလေးမြတ်ကြပါစေသော။
ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ခပ်သိမ်းသောအရာတို့ သည်ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ် တော်၏အတွက်လည်းကောင်းတည်လျက် ရှိကြ၏။ ကိုယ်တော်သည်ထာဝစဉ်ဘုန်း အသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။
တစ်ဆူတည်းသာလျှင် ဉာဏ်တော်အနန္တနှင့်ပြည့်စုံ တော်မူသောဘုရားသခင်သည်ယေရှုခရစ်အား ဖြင့် ထာဝစဉ်ဘုန်းအသရေထွန်းတောက်တော်မူ ပါစေသတည်း။ အာမင်။ ရောမသြဝါဒစာပြီး၏။
ထို့အြုပင်ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်နှင့်ဂုဏ်တော်ကိုချီးကူး ကြစေရန် ယေရှုခရစ်အားဖြင့်သာလျှင်ရ နိုင်သောစစ်မှန်သည့်အရည်အသွေးကောင်း များနှင့်ပြည့်စုံလိမ့်မည်။
သင်တို့အပေါင်းသည်သခင်ယေရှုခရစ်၏ ကျေးဇူးတော်ကိုခံစားရကြပါစေသော။ ဖိလိပ္ပိသြဝါဒစာပြီး၏။
ထာဝရဘုရင်ဖြစ်တော်မူသော၊ သင်္ခါရ သဘောတရားနှင့်ကင်းတော်မူသော၊ လူ တို့မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်း ရှိတော်မူသောဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ရှိတော်မူစေသတည်း။ အာမင်။
အရှင်သခင်ယေရှုခရစ်အားဖြင့် ငါတို့ အားကယ်တင်တော်မူသော၊ တစ်ဆူတည်း သောဘုရားသခင်သည် ရှေးကပ်ကာလမှ စ၍ယခုကာလနှင့်နောက်ကမ္ဘာအဆက် ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော် တော်၊ အစွမ်းသတ္တိအာဏာစက်ရှိတော် မူစေသတည်း။ အာမင်။ ရှင်ယုဒသြဝါဒစာပြီး၏။
မိမိ၏ခမည်းတော်ဘုရားသခင်၏အမှုတော် ကိုဆောင်ရွက်နိုင်စေရန် ငါတို့အားရှင်ဘုရင် အရာကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုလည်းကောင်းပေးအပ်တော်မူသောယေရှု ခရစ်သည်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော်တော်ရှိတော်မူပါစေ သတည်း။ အာမင်။
ထိုခဏ၌မြေငလျင်ပြင်းစွာလှုပ်သဖြင့် မြို့ကြီး၏ဆယ်ပုံတစ်ပုံပျက်စီး၍လူပေါင်း ခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူ တို့သည်ထိတ်လန့်လျက်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ ကုန်၏။
ထိုကောင်းကင်တမန်က``ဘုရားသခင်တရား စီရင်တော်မူရာနေ့ရက်သည်ကျရောက်၍လာ လေပြီ။ ထိုကြောင့်ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။ ဂုဏ်တော်ကိုချီးကူးကြလော့။ ကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ပင်လယ် နှင့်စမ်းပေါက်များကိုလည်းကောင်းဖန်ဆင်း တော်မူသောအရှင်ကိုရှိခိုးကြလော့'' ဟု အသံကျယ်စွာကြွေးကြော်လေ၏။
သူတို့က၊ ``အသေသတ်ခြင်းခံရသောသိုးသူငယ်တော်သည် တန်ခိုး၊စည်းစိမ်ချမ်းသာ၊ဉာဏ်ပညာ၊ခွန်အား စွမ်းရည်၊ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊ ချီးမွမ်းခြင်းတို့ကိုခံထိုက်တော်မူပါ၏'' ဟုအသံကျယ်စွာမြွက်ဆိုကြ၏။-
သူတို့က``အာမင်။ ငါတို့ဘုရားသခင်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်းထောမနာပြု ကြစေသတည်း။ ကိုယ်တော်သည်ဘုန်းတန်ခိုး၊ ဉာဏ်ပညာ၊ ဂုဏ်အသရေတို့နှင့်ပြည့်စုံ တော်မူပါစေသတည်း။ ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါစေ သတည်း။ ``အာမင်'' ဟုမြွက်ဆိုကြ၏။