ငါသည်ဆွေမျိုးများနှင့်မိတ်ဆွေများကို ထောက်ထား၍ယေရုရှလင်မြို့အား ``သင်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေသော'' ဟု မြွက်ဆိုပါ၏။
ဖိလိပ္ပိ 2:2 - Common Language Bible သို့ဖြစ်၍သင်တို့သည်တစ်စိတ်တစ်ဝမ်းတည်းရှိ ခြင်း၊ အချင်းချင်းချစ်ခြင်း၊ စိတ်သဘောတညီ တညွတ်တည်းရှိခြင်းအားဖြင့်ငါ့အားအကြွင်း မဲ့ဝမ်းမြောက်စေကြလော့။- Garrad Bible တစ် သ ဘော တည်း၊ တစ် မေတ္တာ တည်း၊ တစ် စိတ် တည်း၊ တစ် ညီ တစ် ညွတ် တည်း နှင့် ငါ့ ရွှင် လန်း ခြင်း အ ကြောင်း ကို စုံ လင် ကြ စေ လော့။ Judson Bible သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘောတညီတညွတ်တည်း ရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း တစ်စိတ်တစ်သဘောတည်းရှိ၍ စိတ်ဝမ်းမကွဲဘဲ တူညီသောမေတ္တာရှိလျက် စိတ်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါ၏ဝမ်းမြောက်ခြင်းကို ပြည့်စုံစေကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိခြင်း၊ အချင်းချင်း ချစ်ခင်ခြင်း၊ စိတ်သဘောထားတူညီခြင်း၊ ရည်ရွယ်ချက်တစ်ခုတည်း ရှိခြင်းတို့ဖြင့် ကျွန်ုပ်ကို အကြွင်းမဲ့ဝမ်းမြောက်စေကြလော့။ |
ငါသည်ဆွေမျိုးများနှင့်မိတ်ဆွေများကို ထောက်ထား၍ယေရုရှလင်မြို့အား ``သင်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေသော'' ဟု မြွက်ဆိုပါ၏။
မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
သူတို့သည်သခင်ယေရှုနှင့်မယ်တော်ဖြစ်သူ မာရိအပါအဝင်အမျိုးသမီးအချို့တို့ နှင့်လည်းကောင်း၊ ကိုယ်တော်၏ညီတော်များနှင့် လည်းကောင်း မကြာခဏတွေ့ဆုံ၍ဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။
ပင်တေကုတ္တေပွဲတော်နေ့ကျရောက်သောအခါ တပည့်တော်အပေါင်းတို့သည်တစ်နေရာ တည်းတွင်စုရုံးလျက်ရှိကြ၏။-
သူတို့သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် စုဝေးကြ၏။ မိမိတို့အိမ်များတွင်နှိမ့်ချ သောစိတ်ဖြင့်ဝမ်းမြောက်စွာအတူတကွ အစာအာဟာရကိုသုံးဆောင်ကြ၏။-
တမန်တော်တို့သည်လူတို့ရှေ့တွင်အံ့သြဖွယ် ရာအမှုအရာများနှင့် နိမိတ်လက္ခဏာများ ကိုပြကြ၏။ ယုံကြည်သူအပေါင်းတို့သည် ရှောလမုန်မုခ်တွင်စုဝေးကြ၏။-
အချင်းချင်းအားအလေးဂရုပြုကြလော့။ မောက်မာမှုမရှိကြနှင့်။ သေးငယ်သောတာဝန် တို့ကိုလက်ခံကြလော့။ မိမိတို့ကိုယ်ကိုပညာ ရှိဟူ၍မထင်ကြနှင့်။
ညီအစ်ကိုတို့၊ ငါတို့အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြု၍သင်တို့အားတောင်း ပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမရှိစေရန်သင် တို့စကားအပြောအဆိုတွင်ညီညွတ်မှုရှိ ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့်စည်းလုံး မှုရှိကြလော့။-
ညီအစ်ကိုတို့၊ ကျန်းမာရွှင်လန်းကြပါစေ။ အပြစ် ဆိုဖွယ်မရှိသူများဖြစ်စေရန်ဆက်လက်ကြိုးစား ကြလော့။ ငါ၏မေတ္တာရပ်ခံချက်များကိုနာယူကာ အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိ လျက်ငြိမ်းချမ်းစွာနေကြလော့။ သို့ပြုလျှင်မေတ္တာ တော်နှင့်ငြိမ်သက်ခြင်းအရှင်ဘုရားသခင် သည်သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
အကယ်၍ငါလာလျှင်ငါ့အားစိတ်ရွှင်လန်း စေမည့်သူများက ငါ့အားဝမ်းနည်းစေမည် စိုး၍ယခင်စာကိုငါရေးသားပေးပို့လိုက် ခြင်းဖြစ်၏။ ငါဝမ်းမြောက်လျှင်သင်တို့ အပေါင်းသည်လည်းဝမ်းမြောက်ကြမည် ကိုငါအမှန်ယုံကြည်၏။-
တိတုကသင်တို့သည်ငါ့ကိုအလွန်တွေ့လိုကြ ကြောင်း၊ အလွန်ဝမ်းနည်းလျက်ရှိကြကြောင်းတို့ ကိုပြောပြသဖြင့်ငါသည်ပို၍ပင်ဝမ်းမြောက်၏။
အမှုတော်ကိုငါစတင်ဆောင်ရွက်ချိန်မှယနေ့ တိုင်အောင်သတင်းကောင်းကိုကြေညာရာတွင် ငါ နှင့်အတူသင်တို့ဆောင်ရွက်ခဲ့ကြသဖြင့်ငါ သည်သင်တို့အတွက်ဝမ်းမြောက်စွာဆုတောင်း ပါ၏။-
တိမောသေတစ်ဦးသာလျှင်ငါနှင့်သဘောချင်း တူ၍သင်တို့၏အကျိုးကိုအကယ်ပင်လိုလား သူဖြစ်၏။-
ဧဝေါဒိနှင့်သုန္တုတ်တို့၊ သခင်ဘုရား၏တပည့် တော်မများပီသစွာစိတ်သဘောညီညွတ်မှု ရှိကြရန်ငါတောင်းပန်ပါ၏။-
ငါသည်ခန္ဓာအားဖြင့်သင်တို့နှင့်ဝေးကွာ သော်လည်းစိတ်အားဖြင့်သင်တို့နှင့်အတူရှိ၏။ သင်တို့သည်တစ်လုံးတစ်စည်းတည်းရှိ၍ ခရစ် တော်ကိုမြဲမြံခိုင်မာစွာယုံကြည်လျက်နေ ကြသည်ကိုတွေ့ရသဖြင့်ငါဝမ်းမြောက်၏။
ညီအစ်ကိုတို့၊ သခင်ဘုရားချစ်တော်မူသော သင်တို့ကိုအကြောင်းပြု၍ ငါတို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်အမြဲချီး မွမ်းရကြမည်။ သင်တို့သည်သမ္မာတရားတော် ကိုယုံကြည်ကြသည့်အတွက်ကြောင့်လည်း ကောင်း၊ ဝိညာဉ်တော်တန်ခိုးအားဖြင့်ကိုယ်တော် ၏သန့်ရှင်းမြင့်မြတ်သောလူစုတော်ဝင်များ ဖြစ်လာသည့်အတွက်ကြောင့်လည်းကောင်း ဘုရားသခင်ဦးစွာပထမရွေးကောက် ကယ်တင်တော်မူသောလူစုတွင်သင်တို့ ပါဝင်ကြသည်ဖြစ်ရာကျေးဇူးတော်ကို ချီးမွမ်းရပေသည်။-
သင်အဘယ်သို့မျက်ရည်ကျသည်ကိုသတိ ရလျက် ငါသည်သင့်အားအလွန်တွေ့မြင်လို ၏။ သင့်ကိုတွေ့မြင်ရခြင်းသည်ငါ့အားဝမ်း မြောက်စေလိမ့်မည်။-
သို့ဖြစ်၍ငါ့ညီ၊ သခင်ဘုရား၏မျက်နှာတော် ကိုထောက်၍ငါ့အားကျေးဇူးပြုပါလော့။ ခရစ် တော်၌ညီအစ်ကိုအနေဖြင့်ငါ့အားစိတ်ရွှင် လန်းစေပါလော့။
သင်၏သားသမီးအချို့တို့သည်ခမည်းတော် ဘုရားပညတ်တော်မူခဲ့သည့်အတိုင်း သမ္မာ တရားတော်၌ကျင်လည်လျက်နေကြကြောင်း တွေ့ရသဖြင့်ငါအလွန်ဝမ်းမြောက်၏။-
ငါ့အားဝမ်းအမြောက်ဆုံးဖြစ်စေသည့်အရာ မှာ သမ္မာတရားကိုငါ့သားသမီးများလိုက် နာကျင့်သုံးကြကြောင်းသတင်းကိုကြားရ ခြင်းပင်ဖြစ်သည်။