တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။-
နေဟမိ 9:7 - Common Language Bible အို ဘုရားသခင်ထာဝရဘုရား ကိုယ်တော်သည်အာဗြံကိုရွေးကောက်တော် မူ၍ ဗာဗုလုန်ပြည်ဥရမြို့မှထုတ်ဆောင်တော်မူကာ သူ၏နာမည်ကိုအာဗြဟံဟုပြောင်းလဲ ပေးတော်မူပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ ခါ လ ဒဲ ပြည်၊ ဥ ရ မြို့ မှ အာ ဗြံ ကို ရွေး ချယ် ခေါ် ယူ ပြီး လျှင်၊ အာ ဗြ ဟံ အ မည် သစ် ကို ပေး လျက်၊ Judson Bible အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် အာဗြံကိုရွေးချယ်၍ ခါလဒဲပြည်၊ ဥရမြို့မှခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အာဗြံကိုရွေးကောက်တော်မူ၍ သူ့ကို ခါလဒဲပြည် ဥရမြို့မှထုတ်ဆောင်ခဲ့ပြီး အာဗြဟံဟူသောအမည်ကိုပေးတော်မူ၏။ |
တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။-
ထိုနောက်ဘုရားသခင်က``ငါသည်သင့်အား ဤ ပြည်ကိုအပိုင်စားပေးရန်သင့်ကိုဗာဗုလုန် ပြည်၊ ဥရမြို့မှခေါ်ဆောင်ခဲ့သောထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။
ငါသည်သင့်အားလူမျိုးများစွာတို့၏ဖခင် ဖြစ်စေမည်ဖြစ်သောကြောင့် သင်၏နာမည်ကို အာဗြံဟုမခေါ်တော့ဘဲအာဗြဟံဟုခေါ် ရမည်။-
သူသည်မိမိ၏သားမြေးတို့အား ငါ့စကားကို နာခံစေရန်နှင့်မှန်ကန်ဖြောင့်မတ်စွာကျင့်ကြံစေ ရန် ပညတ်ထားနိုင်စေအံ့သောငှာသူ့ကိုငါရွေး ကောက်ပြီ။ ထိုသို့သူတို့နာခံကျင့်ကြံကြလျှင် သူ့အားကတိထားသမျှအတိုင်းငါပြုမည်'' ဟုအကြံတော်ရှိ၏။
သင်တို့၏ဘိုးအေအာဗြဟံနှင့်ဘွားအေစာရာတို့၏ အကြောင်းကိုအောက်မေ့ဆင်ခြင်ကြလော့။ အာဗြဟံအားငါခေါ်ယူစဉ်အခါက သူ့မှာသားသမီးမရှိ။ သို့ရာတွင်ငါသည်သူ့အားသားသမီးများဖြင့် ကောင်းချီးပေး၍၊ သူ၏အဆက်အနွယ်တို့ကိုများပြားစေတော်မူ၏။
သို့သော်လည်းထာဝရဘုရားသည်သင်တို့ ၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုးသဖြင့် လူ မျိုးများစွာရှိသည့်အနက်သင်တို့ကိုရွေး ချယ်တော်မူခဲ့ရာ သင်တို့သည်ယနေ့တိုင် အောင်ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြ၏။-