ထိုကြောင့်ဧဇရသည်နားလည်နိုင်စွမ်းရှိသူ အမျိုးသား၊ အမျိုးသမီးပရိသတ်စုရုံး လျက်ရှိရာအရပ်သို့ ပညတ်ကျမ်းကိုယူ ဆောင်သွားပြီးလျှင်၊-
နေဟမိ 8:18 - Common Language Bible သူတို့သည်ပွဲတော်ပထမနေ့မှနောက်ဆုံး နေ့အထိ နေ့စဉ်နေ့တိုင်းဘုရားသခင်၏ ပညတ်ကျမ်းကိုဖတ်ရွတ်ကြ၏။ သူတို့ သည်ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင် ကျင်းပပြီးလျှင် ရှစ်ရက်မြောက်သောနေ့ ၌ပညတ်ကျမ်းပြဋ္ဌာန်းချက်အရဋ္ဌမ္မ ပွဲကိုခံကြ၏။ Garrad Bible ခု နစ် ရက် ပတ် လုံး ပွဲ ကို ကျင်း ပ ကြ စဉ်၊ ပ ဌ မ နေ့ မှ နောက် ဆုံး နေ့ တိုင် အောင်၊ ဘုရား သခင်၏ ပ ည တ္တိ ကျမ်း ကို နေ့ စဉ် ဖတ် ရွတ် လျက်၊ ရှစ် ရက် မြောက် သော နေ့၌ ဆုံး ဖြတ် ချက် အ ရ၊ အ စု အ ရုံး ကြီး ကို ပြု ကြ ကုန်၏။ Judson Bible ပထမနေ့မှစ၍ နောက်ဆုံးသောနေ့တိုင်အောင်၊ နေ့ရက်အစဉ်အတိုင်း ဘုရားသခင်၏ ပညတ္တိကျမ်းစာကို ဖတ်ရွတ်ကြ၏။ ထိုပွဲကို ခုနစ်ရက်ပတ်လုံးခံကြ၏။ ရှစ်ရက်မြောက်သောနေ့၌ တရားတော်အတိုင်း ဓမ္မပွဲကိုလည်းခံကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ပွဲတော်ပထမရက်မှစ၍ နောက်ဆုံးရက်အထိ ဧဇရသည် ဘုရားသခင်၏ပညတ်တရားကျမ်းကို နေ့စဉ်ဖတ်ပြ၏။ ပွဲတော်ကို ခုနစ်ရက်ပတ်လုံးကျင်းပပြီး ရှစ်ရက်မြောက်သောနေ့တွင် စီရင်ထုံးဖွဲ့ချက်အတိုင်း ဓမ္မစည်းဝေးပွဲကြီးကို ကျင်းပ၏။ |
ထိုကြောင့်ဧဇရသည်နားလည်နိုင်စွမ်းရှိသူ အမျိုးသား၊ အမျိုးသမီးပရိသတ်စုရုံး လျက်ရှိရာအရပ်သို့ ပညတ်ကျမ်းကိုယူ ဆောင်သွားပြီးလျှင်၊-
တံခါးအနီးကွပ်လပ်တွင်မိုးလင်းခါစမှ မွန်းတည့်ချိန်တိုင်အောင်ဖတ်ပြ၏။ လူအပေါင်း တို့သည်အာရုံစိုက်၍နားထောင်ကြ၏။
ခုနစ်ရက်ပတ်လုံးနေ့စဉ်ပူဇော်သကာကို ဆက်သရမည်။ အဋ္ဌမနေ့၌တစ်ဖန်ဝတ်ပြု ကိုးကွယ်ရန်စုဝေး၍ ပူဇော်သကာကိုဆက် သရမည်။ ထိုနေ့သည်ဝတ်ပြုကိုးကွယ်ရာ နေ့ဖြစ်သောကြောင့်အလုပ်မလုပ်ရ။
ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ဆင်ယင် ကျင်းပရမည်။ သင်တို့၏အဆက်အနွယ် တို့သည်ဤပညတ်ကိုထာဝစဉ်စောင့်ထိန်း ရကြမည်။-
ပွဲတော်၏နောက်ဆုံးနေ့နှင့်အရေးကြီးဆုံး နေ့၌ သခင်ယေရှုသည်ရပ်လျက် ``ရေငတ် သူသည်ငါ့ထံသို့လာ၍သောက်လော့။-