နေဟမိ 9:1 - Common Language Bible1-2 ထိုလနှစ်ဆယ့်လေးရက်နေ့၌ဣသရေလ အမျိုးသားတို့သည် မိမိတို့အပြစ်များ အတွက်ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် အစာရှောင်ရန်စုရုံးကြ၏။ ထိုသူတို့သည် လူမျိုးခြားများနှင့်ကွာပြီးဖြစ်သည်။ သူ တို့သည်ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခ ဏာဖြင့် လျှော်တေကိုဝတ်၍ဦးခေါင်းကိုမြေ မှုန့်ဖြင့်ဖြူးကြ၏။ ထိုနောက်သူတို့သည်မိမိ တို့အပြစ်များနှင့်ဘိုးဘေးတို့၏အပြစ်များ ကိုဖော်ပြဝန်ခံကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို လ နှစ် ဆယ့် လေး ရက် တွင်၊ ဣ သ ရေ လ အ မျိုး သား တို့ သည် လျှော် တေ ဝတ် လျက်၊ မြေ မုန့် တင် လျက်၊ အ စာ ရှောင် လျက် စည်း ဝေး ကြ သည့် ကာ လ၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုလ နှစ်ဆယ်လေးရက်နေ့တွင်၊ ဣသရေလ အမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ကိုယ်၌ မြေမှုန့်ကိုတင်လျက် စည်းဝေးကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထိုလ နှစ်ဆယ့်လေးရက်နေ့တွင် အစ္စရေးအမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ်ကိုဝတ်လျက်၊ ခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက် စုဝေးကြ၏။ အခန်းကိုကြည့်ပါ။ |
သတ္တမလနှစ်ဆယ့်သုံးရက်နေ့၌ရှောလမုန် သည်ပြည်သူတို့အား မိမိတို့နေရပ်သို့ပြန် စေတော်မူ၏။ ထာဝရဘုရားသည်မိမိ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ဒါဝိဒ်မင်းနှင့်ရှောလမုန်မင်းအားပြုတော် မူသောကျေးဇူးတော်ကြောင့်လူတို့သည် အားရဝမ်းမြောက်စွာပြန်ကြကုန်၏။
ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။-
``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။
သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။