သို့ရာတွင်သင်တို့သည်အားမာန်တင်းကြ လော့။ စိတ်အားမလျော့ကြနှင့်။ သင်တို့ပြု သည့်အမှုအတွက်ကောင်းကျိုးကိုခံစား ရကြလိမ့်မည်'' ဟုဆင့်ဆို၏။
နေဟမိ 6:9 - Common Language Bible မြို့ရိုးတည်ဆောက်မှုရပ်ဆိုင်းသွားစေရန်သူ တို့အားလုံးသည်ငါတို့အားခြိမ်းခြောက် လျက်နေကြ၏။ သို့ရာတွင်``အို ဘုရားသခင်၊ ယခုအကျွန်ုပ်အားခွန်အားကြီးမားစေ တော်ပါ'' ဟုဆုတောင်း၏။ Garrad Bible ထို သို့ ခြောက် လှန့် ခြင်း ကား၊ အ မှု မ ပြီး ဘဲ လက် လျော့ လိမ့် မည် ဟု၊ သူ တို့ ရှိ သ မျှ အောက် မေ့ ကြ သ တည်း။ သို့ ရာ တွင်၊ ငါ သည် သာ၍ လက် သန် မာ ၏။ Judson Bible အကြောင်းမူကား၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ကြလိမ့်မည်ဟု ဆိုလျက် ငါတို့ကို ခြိမ်းခြောက်ကြ၏။ သို့ရာတွင် ထိုစကားကြောင့် ငါသာ၍အားရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့က ငါတို့ကို ခြိမ်းခြောက်ပြီး “သူတို့အလုပ်ကို လက်စမသတ်နိုင်ဘဲ အားလျော့သွားလိမ့်မည်”ဟု ဆိုကြ၏။ အို အဖ၊ အကျွန်ုပ်ကို ခွန်အားပေးတော်မူပါ။ |
သို့ရာတွင်သင်တို့သည်အားမာန်တင်းကြ လော့။ စိတ်အားမလျော့ကြနှင့်။ သင်တို့ပြု သည့်အမှုအတွက်ကောင်းကျိုးကိုခံစား ရကြလိမ့်မည်'' ဟုဆင့်ဆို၏။
တပ်မှူးတို့သည်မြို့ရိုးပေါ်ရှိယေရုရှလင်မြို့ သားတို့အားခြိမ်းခြောက်ကာစိတ်ပျက်အား လျော့အောင်ပြု၍ မြို့ကိုအလွယ်တကူသိမ်း ပိုက်နိုင်စေရန်ဟေဗြဲဘာသာစကားဖြင့် အော်ဟစ်ပြောဆိုကြလေသည်။-
ထိုသူတို့ပတ်ဝန်းကျင်ရှိလူတို့သည် သူတို့အားငွေထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်၊ အခြားအဖိုးထိုက်ပစ္စည်းများနှင့်ဗိမာန်တော်အတွက် အလှူဒါနများကိုပေးအပ်ကူညီကြလေသည်။
``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။
ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။
အို အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကြောက်လန့်သောအခါ ကိုယ်တော်ရှင်အားကိုးစားပါ၏။
သန့်ရှင်းရာဌာနတော်မှကြွလာတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရိုသေကြောက်ရွံ့ဖွယ်ဖြစ်ပါသည်တကား။ ကိုယ်တော်သည်မိမိ၏လူစုတော်အားတန်ခိုးနှင့် စွမ်းရည်ကိုပေးတော်မူ၏။ ဘုရားသခင်အားထောမနာပြုကြလော့။
အို ထာဝရဘုရား၊ ကိုယ်တော့်ထံခိုလှုံရန်ကျွန်တော်မျိုးချဉ်းကပ် ပါ၏။ ကျွန်တော်မျိုးအားအဘယ်အခါ၌မျှ အရေးရှုံးနိမ့်စေတော်မမူပါနှင့်။
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
ထိုနောက်ဗာဗုလုန်ဘုရင်အားခွန်အား ကြီးမားလာစေ၍ သူ၏လက်သို့ငါ၏ဋ္ဌား ကိုပေးအပ်မည်။ သို့ရာတွင်အီဂျစ်ဘုရင် ၏လက်ရုံးတို့ကိုမူငါချိုးမည်။ သူသည် ညည်းတွားမြည်တမ်းလျက် မိမိရန်သူ၏ ရှေ့မှောက်တွင်သေရလိမ့်မည်။-
ငါသည်မိမိလူမျိုးတော်အားကြံ့ခိုင်စေမည်။ သူတို့သည်ငါ့အားဝတ်ပြုကိုးကွယ်လျက် ငါ၏စကားကိုနားထောင်ကြလိမ့်မည်'' ဤကားထာဝရဘုရားမိန့်မြွက်တော်မူသည့် စကားဖြစ်၏။
သို့ဖြစ်၍ငါသည်ခရစ်တော်၏တန်ခိုး တော်တွင်ခိုလှုံနိုင်ရန် ငါ၏အားနည်းချက် များကြောင့်အထူးဝမ်းမြောက်လျက်ဂုဏ် ယူဝါကြွား၏။-
ကိုယ်တော်သည်ဘုန်းအသရေတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား စိတ်ဋ္ဌာတ်ကြံ့ခိုင်လာစေစိမ့်သောငှာဝိညာဉ် တော်အားဖြင့်တန်ခိုးစွမ်းရည်ကိုပေးသနား တော်မူရန်ငါသည်ဆုတောင်းပတ္ထနာပြု၏။-
သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။-
ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
သို့ဖြစ်၍သင်တို့၏နွမ်းနယ်သည့်လက်များကို အပေါ်သို့မ၍ချိနဲ့သည့်ဒူးဆစ်တို့ကိုခိုင်ခံ့ စေကြလော့။-
သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။-
ဒါဝိဒ်၏လူတို့သည်မိမိတို့သားသမီးများ ဆုံးရှုံးရကြသည့်အတွက် စိတ်ညှိုးငယ်လျက် ဒါဝိဒ်အားခဲနှင့်ပေါက်ရန်ခြိမ်းခြောက်နေသဖြင့် ဒါဝိဒ်သည်အတိဒုက္ခရောက်လျက်ရှိ၏။ သို့ရာ တွင်သူသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်မှခွန်အားကိုရရှိပေသည်။-