ဟာနနိတွင်ပေလတိနှင့်ယေရှာယဟူ သောသားတော်နှစ်ပါးရှိ၏။ ယေရှာယ၏ သားသည်ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားကားသြဗဒိ၊ သြဗဒိ၏သားသည်ရှေခနိ တည်း။-
နေဟမိ 6:18 - Common Language Bible သူသည်အာရာ၏သား၊ရှေကနိ၏သမက် ဖြစ်သဖြင့် ယုဒအမျိုးသားအမြောက် အမြားပင်သူ၏ဘက်သို့ပါကြ၏။ ထို့ ပြင်သူ၏သားယောဟနန်သည်ဗေရခိ ၏သား၊ မေရှုလံ၏သမီးနှင့်အိမ်ထောင် ကျ၏။- Judson Bible တောဘိသည် အာရာသား ရှေကနိ၏သမက် ဖြစ်သောကြောင့်လည်းကောင်း၊ သူ၏သား ယောဟနန်သည် ဗေရခိသား မေရှုလံသမီးနှင့် စုံဖက်သောကြောင့်လည်းကောင်း၊ ယုဒလူအများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း တောဘိသည် အာရာ၏သားဖြစ်သောရှေခနိ၏သမက်ဖြစ်သည်သာမက သူ့သားယေဟောဟနန်သည် ဗေရခိ၏သားဖြစ်သူမေရှုလံ၏သမီးနှင့် စုံဖက်သောကြောင့် ယုဒလူအများအပြားတို့က သူ့ထံ သစ္စာခံကြ၏။ |
ဟာနနိတွင်ပေလတိနှင့်ယေရှာယဟူ သောသားတော်နှစ်ပါးရှိ၏။ ယေရှာယ၏ သားသည်ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားကားသြဗဒိ၊ သြဗဒိ၏သားသည်ရှေခနိ တည်း။-
ရှေလမိ၏သားဟာနနိနှင့်ဇာလပ်၏ဆဋ္ဌ မသားဟာနုန်တို့သည် ဒုတိယအကြိမ်မြို့ ရိုးနောက်တစ်ပိုင်းကိုတည်ဆောက်ကြ၏။ နောက်တစ်ပိုင်းကိုဗေရခိ၏သားမေရှုလံ သည် မိမိ၏အိမ်ရှေ့တွင်တည်ဆောက်လေသည်။
မြို့ရိုးနောက်တစ်ပိုင်းကိုဟက္ကု၏မြေး၊ ဥရိယ၏သားမေရမုတ်တည်ဆောက်၍၊ နောက်ထပ်တစ်ပိုင်းကိုမေရှဇဗေလ၏မြေး၊ ဗေရခိ၏သားမေရှုလံတည်ဆောက်လေ သည်။ နောက်တစ်ပိုင်းကိုဗာနာ၏သားဇာဒုတ် တည်ဆောက်၏။
ဤကာလအတောအတွင်း၌ယုဒအမျိုး သားခေါင်းဆောင်များသည် တောဘိနှင့်စာ အားဖြင့်ဆက်သွယ်လျက်နေခဲ့ကြ၏။-
လူတို့သည်တောဘိကောင်းကြောင်းကိုငါ့ အားပြောဆိုတတ်ကြ၏။ ငါ့စကားကိုလည်း သူ့အားပြန်ပြောတတ်ကြ၏။ တောဘိသည် ငါ့ကိုခြောက်လှန့်ရန်စာများကိုဆက်လက် ပေးပို့လျက်နေ၏။