ငါတို့သည်ရဲရင့်စွာငါတို့အမျိုးသားများ နှင့်ငါတို့ဘုရားသခင်၏မြို့များအတွက် အားကြိုးမာန်တက်တိုက်ခိုက်ကြကုန်အံ့။ ထာဝရဘုရားသည်မိမိအလိုတော်ရှိသည့် အတိုင်းစီရင်တော်မူပါစေသော'' ဟုဆို၏။
နေဟမိ 4:14 - Common Language Bible ငါသည်ပြည်သူတို့စိုးရိမ်ပူပန်လျက်နေ ကြသည်ကိုမြင်သဖြင့် သူတို့နှင့်တကွ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေး မှူးများအား``ငါတို့၏ရန်သူများကိုမ ကြောက်ကြနှင့်။ ထာဝရဘုရားသည်အ ဘယ်မျှကြီးမြတ်တော်မူ၍ကြောက်မက် ဖွယ်ကောင်းသည်ကိုသတိရလျက်သင်တို့ ၏ညီအစ်ကိုသားမယားအိမ်ရာများ အတွက်တိုက်ပွဲဝင်ကြလော့'' ဟုနှိုးဆော်၏။- Garrad Bible ရှု ကြည့် ပြီး လျှင်၊ မှူး မတ်၊ အ ရာ ရှိ နှင့် ကြွင်း သော သူ တို့ အား၊ ရန် သူ တို့ ကို မ ကြောက် ကြ လင့်။ ကြီး မြတ်၍ ကြောက် မက် ဖွယ် သော အ ရှင် ဘု ရား ကို သ တိ ရ လျက်၊ ညီ အစ် ကို၊ မ ယား၊ သား သ မီး၊ အိမ် များ အ တွက်၊ တိုက် လှန် ကြ လော့ ဟု၊ ရပ် လျက် နှိုး ဆော်၏။ Judson Bible ထိုအမှုအလုံးစုံတို့ကို ကြည့်ရှုစီရင်ပြီးမှ မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ခေါ်၍၊ ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဖွယ် ဖြစ်တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့။ ညီအစ်ကို သားမယားအိမ်ရာအဖို့ တိုက်ကြလော့ဟု ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် အခြေအနေသုံးသပ်ကြည့်ပြီးနောက် ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် ကျန်လူတို့အား “ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ကြောက်ရွံ့ရိုသေရသောဘုရားသခင်ကို သတိရကြလော့။ သင်တို့၏ညီအစ်ကို၊ သားသမီး၊ ဇနီးများ စသောကိုယ့်အိမ်သားများအတွက် တိုက်ပွဲဝင်ကြလော့”ဟု ဆို၏။ |
ငါတို့သည်ရဲရင့်စွာငါတို့အမျိုးသားများ နှင့်ငါတို့ဘုရားသခင်၏မြို့များအတွက် အားကြိုးမာန်တက်တိုက်ခိုက်ကြကုန်အံ့။ ထာဝရဘုရားသည်မိမိအလိုတော်ရှိသည့် အတိုင်းစီရင်တော်မူပါစေသော'' ဟုဆို၏။
``အားမာန်တင်း၍ရဲစွမ်းသတ္တိရှိကြလော့။ အာရှုရိဧကရာဇ်ကိုသော်လည်းကောင်း၊ သူ ဦးစီးခေါင်းဆောင်ပြုသည့်တပ်မတော်ကို သော်လည်းကောင်းမကြောက်ကြနှင့်။ သူ၏ တန်ခိုးစွမ်းရည်ထက်ပိုမိုကြီးမားသော တန်ခိုးစွမ်းရည်ငါတို့တွင်ရှိ၏။-
ဘုရားသခင်အား``အို ကောင်းကင်ဘုံရှင် ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ် တော်မူသဖြင့် အကျွန်ုပ်တို့သည်ကိုယ်တော် ကိုကြောက်ရွံ့ရိုသေရကြပါ၏။ ကိုယ်တော် သည်ကိုယ်တော်ကိုချစ်မြတ်နိုး၍အမိန့် တော်ကိုလိုက်နာသူများနှင့်ပြုတော်မူ သည့်ပဋိညာဉ်တော်ကိုစောင့်ထိန်းတော် မူပါ၏။-
မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ၏။
ကျွန်တော်မျိုးသည်ကုန်လွန်ခဲ့သည့်နေ့ရက်တို့ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်ရှင်ပြုတော်မူခဲ့သောအမှုအရာ ရှိသမျှတို့ကိုဆင်ခြင်ပါ၏။ ကိုယ်တော်ရှင်၏လက်ရာတော်တို့ကိုစဉ်းစားပါ၏။
အချို့သောသူတို့သည်မိမိတို့၏ စစ်ရထားများကိုလည်းကောင်း၊ မြင်းများကိုလည်းကောင်းအားကိုးကြ၏။ သို့ရာတွင်ငါတို့မူကားငါတို့၏ဘုရားသခင် ထာဝရဘုရားကိုအားကိုးကြ၏။
ထာဝရဘုရားသည်ငါ၏အလင်း၊ ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါသည်အဘယ်သူကိုမျှကြောက်လန့်ရ အံ့နည်း။ ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ အောင်ပွဲကိုခံစေတော်မူပါ၏။ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူလျက် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ၏။ ကမ္ဘာတစ်ဝန်းလုံးနှင့်ပင်လယ်ရပ်ဝေးတွင် ရှိကြကုန်သောသူအပေါင်းတို့သည်ကိုယ်တော် ရှင်အား ကိုးစားကြပါ၏။
``ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည် ကြီးမားလှသည်ဖြစ်၍ရန်သူတို့သည်ရှေ့တော်တွင် ကြောက်ရွံ့ဝပ်တွားကြပါ၏။
ဘုရားသခင်ပြုတော်မူသောအမှုအရာများ၊ လူတို့တွင်ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာ အမှုများကိုလာ၍ကြည့်ကြလော့။
ထာဝရဘုရားသည်သင်တို့အတွက်စစ် တိုက်တော်မူလိမ့်မည်။ စိတ်မပူကြနှင့်'' ဟု ပြန်ပြောလေ၏။
ထာဝရဘုရားသည်သူတို့၏ရထားဘီး များကိုကျွတ်ထွက်စေတော်မူသဖြင့် သူတို့ ၏ရထားများကိုအသွားရခက်စေတော် မူ၏။ ထို့ကြောင့်အီဂျစ်အမျိုးသားတို့က``ထာ ဝရဘုရားသည်ဣသရေလအမျိုးသား တို့ဘက်မှနေ၍ ကျွန်ုပ်တို့ကိုတိုက်ခိုက်လျက် ရှိတော်မူ၏။ ထွက်ပြေးကြစို့'' ဟုဆိုကြ၏။
ငါနေ၍ မပြောနိုင်ဟုဆိုရသော ကာလသည် မနီး၊ ဆိုးသောကာလမရောက်မှီ၊ ယခုအသက်ပျိုစဉ်အခါ ပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ လော့။
မိမိတို့ကိုးကွယ်သည့်ဘာသာကိုစွန့်လွှတ် လိုက်ကြသူတို့အား ဆီးရီးယားဘုရင်သည် ကောက်ကျစ်စဉ်းလဲမှုဖြင့် မိမိ၏ဘက်သို့ပါ အောင်ဆွဲဆောင်လိမ့်မည်။ သို့ရာတွင်ဘုရားသခင်အားသစ္စာစောင့်သောသူတို့က သူ့အား ပြန်လည်တိုက်ခိုက်ကြလိမ့်မည်။-
ထိုနောက်ထာဝရဘုရားသည်အတိတ် ကာလများမှာကဲ့သို့ထွက်ကြွတော်မူ၍ ထိုလူမျိုးတို့အားတိုက်ခိုက်တော်မူလိမ့် မည်။-
ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-
ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
ထို့ကြောင့်၊ ``ထာဝရဘုရားသည်ငါ့ကိုမစတော်မူ သောအရှင် ဖြစ်တော်မူသဖြင့် ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည်ငါ့ကိုအဘယ်သို့ပြုနိုင်သနည်း'' ဟု ငါတို့သည်ရဲရင့်သောစိတ်နှင့်ပြောဆိုကြ စို့။
သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
သူသည်ဧဖရိမ်တောင်ကုန်းဒေသသို့ရောက် သောအခါတိုက်ပွဲဝင်ရန်တံပိုးခရာမှုတ် လိုက်ရာဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်၍တောင်ကုန်းများပေါ် မှဆင်းလာကြ၏။-