ယောယဒသည်ယဇ်ပုရောဟိတ်မင်းဧလျာ ရှိပ်၏သားဖြစ်၏။ သို့ရာတွင်သူ၏သားတစ် ယောက်သည်ဗေသဟောရနိမြို့သားသမ္ဘာ လတ်၏သမီးနှင့်အိမ်ထောင်ပြုသဖြင့် ငါ သည်ယောယဒအားယေရုရှလင်မြို့မှ နှင်ထုတ်လိုက်လေသည်။
နေဟမိ 4:1 - Common Language Bible မြို့ရိုးကိုငါတို့ယုဒအမျိုးသားတို့ ပြန် လည်တည်ဆောက်လျက်ရှိကြကြောင်းကို သမ္ဘာလတ်ကြားသိသောအခါ လွန်စွာ အမျက်ထွက်၍ငါတို့အားပြက်ရယ် ပြုလေ၏။- Garrad Bible မြို့ ရိုး ကို ငါ တို့ ထို သို့ တည် ကြောင်း သ မ္ဘာ လတ် ကြား သိ သော အ ခါ၊ ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက်၍၊ Judson Bible ထိုသို့ ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာလတ်သည် သတင်းကြားသောအခါ၊ အလွန်ဒေါသအမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ရယ်ပြုလျက်၊ မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် မြို့ရိုးကို ပြန်လည်တည်ဆောက်ကြောင်း သမ္ဘာလတ်ကြားသိလျှင် အမျက်ခြောင်းခြောင်းထွက်လျက် ဂျူးလူမျိုးတို့အား ကဲ့ရဲ့လှောင်ပြောင်ကာ |
ယောယဒသည်ယဇ်ပုရောဟိတ်မင်းဧလျာ ရှိပ်၏သားဖြစ်၏။ သို့ရာတွင်သူ၏သားတစ် ယောက်သည်ဗေသဟောရနိမြို့သားသမ္ဘာ လတ်၏သမီးနှင့်အိမ်ထောင်ပြုသဖြင့် ငါ သည်ယောယဒအားယေရုရှလင်မြို့မှ နှင်ထုတ်လိုက်လေသည်။
သို့ရာတွင်ဗေသဟောရနိမြို့သားသမ္ဘာ လတ်နှင့်အမ္မုန်ပြည်နယ်မှအရာရှိတောဘိ တို့သည် ဣသရေလအမျိုးသားတို့အား အကျိုးပြုစုရန်လူတစ်ယောက်ရောက်ရှိ လာကြောင်းကြားသိကြသောအခါလွန် စွာအမျက်ထွက်ကြ၏။
ထိုသတင်းကိုသမ္ဘာလတ်၊ တောဘိနှင့်အာရပ် အမျိုးသားဂေရှင်တို့ကြားကြသောအခါ ငါတို့အားလှောင်ပြောင်ကြ၏။ သူတို့က``သင် တို့၏အကြံအစည်ကားအဘယ်သို့နည်း။ ဧကရာဇ်ဘုရင်အားသင်တို့ပုန်ကန်ကြ မည်လော'' ဟုဆိုကြ၏။
အလုပ်လုပ်ရက်ငါးဆယ့်နှစ်ရက်ရှိသောအခါ ဧလုလ၊ လနှစ်ဆယ့်ငါးရက်နေ့၌မြို့ရိုးကို လက်စသတ်ကြ၏။-
ဤသတင်းကိုပတ်ဝန်းကျင်နိုင်ငံများရှိငါ တို့ရန်သူများကြားကြသောအခါ မိမိတို့ အသရေပျက်ရပြီဖြစ်ကြောင်းသိရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ဤအလုပ်ပြီးစီး သွားသည်မှာ ဘုရားသခင်ကူမတော်မူသော ကြောင့်ဖြစ်သည်ကိုလူတိုင်းပင်ရိပ်မိသော ကြောင့်ဖြစ်၏။
သို့ရာတွင်ဇေဒကိမင်းက``ဗာဗုလုန်အမျိုး သားတို့ဘက်သို့ထွက်ပြေးကြသောယုဒ အမျိုးသားတို့ကိုငါကြောက်၏။ အကယ် ၍ငါသည်သူတို့လက်သို့အအပ်ခံရခဲ့ သော်သူတို့သည်ငါ့အားအပြင်းအထန် ညှင်းဆဲကြလိမ့်မည်'' ဟုဆို၏။
ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။
ထိုနောက်ဆူးခက်ဖြင့်ရက်သည့်သရဖူကိုဆောင်း ပေးကြ၏။ ကူရိုးတစ်ချောင်းကိုလက်ယာလက်တော် တွင်ထည့်ပေးကြ၏။ ထိုနောက်ရှေ့တော်တွင်ဒူးထောက် လျက် ``ယုဒဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟု ပြက်ရယ်ပြုကြ၏။-
ထိုအခါယဇ်ပုရောဟိတ်မင်းနှင့်သူ၏နောက် လိုက်များဖြစ်သော ဒေသဆိုင်ရာဇဒ္ဒုကဲဂိုဏ်း ဝင်များသည် တမန်တော်တို့ကိုလွန်စွာမနာ လိုဝန်တိုစိတ်ရှိလာကြသဖြင့် သူတို့ကို အရေးယူရန်ဆုံးဖြတ်ကြ၏။-
အချို့သောသူတို့သည်ကဲ့ရဲ့ရိုက်နှက်ခြင်းကို ခံကြရ၏။ အချို့သူတို့သည်ကားသံကြိုးဖြင့် ချည်နှောင်ကာအကျဉ်းချခြင်းကိုခံရကြ၏။-