ဟာရုမပ်၏သားယေဒါယသည်မိမိနေ အိမ်အနီးရှိမြို့ရိုးတစ်ပိုင်းကိုတည်ဆောက်၍၊ ဟာရှဗာနိ၏သားဟတ္တုတ်သည်နောက်တစ် ပိုင်းကိုတည်ဆောက်လေသည်။
နေဟမိ 3:9 - Common Language Bible ဟုရ၏သား၊ ယေရုရှလင်နယ်တစ်ပိုင်းကို အုပ်ချုပ်ရသူ ရေဖာယသည်မြို့ရိုးနောက် တစ်ပိုင်းကိုတည်ဆောက်၏။ Garrad Bible ၎င်း အ စပ်၊ ဟု ရ သား၊ ယေ ရု ရှ လင် တစ် ပိုင်း နယ် ပိုင် ရေ ဖာ ယ။ Judson Bible သူတို့နောက်မှ၊ ယေရုရှလင်မြို့တစ်ပိုင်းကို အုပ်သောသူ၊ ဟုရသား ရေဖာယပြင်၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဘေးတွင် ဟုရ၏သား ဂျေရုဆလင်နယ်တစ်ဝက်ကိုအုပ်ချုပ်ရသူ ရေဖာယ ပြုပြင်၏။ |
ဟာရုမပ်၏သားယေဒါယသည်မိမိနေ အိမ်အနီးရှိမြို့ရိုးတစ်ပိုင်းကိုတည်ဆောက်၍၊ ဟာရှဗာနိ၏သားဟတ္တုတ်သည်နောက်တစ် ပိုင်းကိုတည်ဆောက်လေသည်။
ဟာလောဟတ်၏သား၊ ယေရုရှလင်နယ်ကျန် တစ်ဝက်ကိုအုပ်ချုပ်ရသူရှလ္လုံသည် နောက်တစ် ပိုင်းကိုတည်ဆောက်၏။ (တည်ဆောက်မှုတွင် သူ၏သမီးများကဝိုင်းဝန်းကူညီကြ လေသည်။)
အာဇဗုတ်၏သားဗက်ဇုရနယ်တစ်ဝက် ကိုအုပ်ချုပ်ရသူနေဟမိသည် မြို့ရိုးနောက် တစ်ပိုင်းကိုဒါဝိဒ်သင်္ချိုင်း၊ ရေကန်နှင့်စစ် တန်းလျားများတိုင်အောင်ဆောက်လုပ်၏။
အောက်ပါလေဝိအနွယ်ဝင်တို့သည် မြို့ရိုး တည်ဆောက်မှုတွင်ပါဝင်ကူညီကြလေ သည်။ ဗာနိ၏သားရေဟုံသည်မြို့ရိုးနောက်တစ် ပိုင်းကိုတည်ဆောက်၍၊ ကိလနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူဟာ ရှဘိသည် နောက်တစ်ပိုင်းကိုမိမိနယ်ကိုယ် စားတည်ဆောက်၏။