အခန်းများကိုဘာသာရေးထုံးနည်းအရ သန့်စင်မှုကိုပြုစေ၍ဗိမာန်တော်အသုံး အဆောင်များ၊ ဘောဇဉ်ပူဇော်သကာများ နှင့်နံ့သာပေါင်းတို့ကိုပြန်သွင်းရန်အမိန့် ပေး၏။
အ ခန်း များ စင် ကြယ် စေ ရန် စီ ရင်၍၊ ဘု ရား သ ခင့် ဗိ မာန့် တော် အ သုံး အ ဆောင် ဘော ဇဉ် သ က္ကာ၊ နံ့ သာ ပေါင်း များ ကို ဆောင် ယူ ပြန် သွင်း လေ ၏။
အခန်းများကို စင်ကြယ်စေခြင်းငှာ စီရင်၍၊ တစ်ဖန် ဘုရားသခင်၏ အိမ်တော်တန်ဆာများ၊ ဘောဇဉ်ပူဇော်သကာ၊ နံ့သာပေါင်းကို ဆောင်ခဲ့၍ သိုထား၏။
အခန်းများကို သန့်ရှင်းစေပြီးမှ ဘုရားသခင်၏အိမ်တော်အသုံးအဆောင်များ၊ ဘောဇဉ်ပူဇော်သက္ကာနှင့် နံ့သာပေါင်း တို့ကို ပြန်ထားစေ၏။
မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။-
ငါတို့နှစ်စဉ်အဦးအဖျားရိတ်သိမ်းရရှိ သည့်ဂျုံဆန်ဖြင့်ပြုလုပ်ထားသောမုန့်ညက်၊ အခြားပူဇော်သကာများဖြစ်သောစပျစ် ရည်၊ သံလွင်ဆီနှင့်သစ်သီးအမျိုးမျိုးတို့ ကိုဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံ သို့ယူဆောင်ခဲ့ပါမည်။ လယ်လုပ်သည့်ရွာများတွင်ဆယ်ဖို့တစ်ဖို့ အလှူကိုကောက်ခံကြသူလေဝိအနွယ် ဝင်တို့ထံသို့ ငါတို့သည်မိမိတို့လယ်ယာ ထွက်အသီးအနှံဆယ်ပုံတစ်ပုံကိုယူ ဆောင်ခဲ့ပါမည်။-
တံတိုင်းအပြင်ဝင်းအတွင်း၌မြောက်ဘက်အတွင်းမုခ်ပေါက်နှင့်ကပ်၍တည်ဆောက်ထားသောတိုးချဲ့ဆောင်ရှိ၏။ ထိုအဆောက်အအုံမှနေ၍တံတိုင်းအပြင်ဝင်းသို့မျက်နှာမူလျက်ရှိသည့်အဝင်ခန်းကိုဝင်နိုင်၏။ ဤအဆောက်အအုံသည်တစ်တောင်လုံးမီးရှို့ပူဇော်မည့်ယဇ်ကောင်များကိုဆေးကြောရာဖြစ်၏။-