ဧလိသြနဲတွင်ဟောဒါယ၊ ဧလျာရှိပ်၊ ပေ လာယ၊ အက္ကုပ်၊ ယောဟန်၊ ဒလာယ၊ အာနနိ ဟူ၍သားတော်ခုနစ်ပါးရှိသတည်း။
နေဟမိ 13:7 - Common Language Bible ယေရုရှလင်မြို့သို့ပြန်ရောက်၍ဗိမာန်တော် အခန်းတစ်ခုကို တောဘိအားဧလျာရှိပ်ပေး အပ်ထားကြောင်းကြားသိရသောအခါ ငါသည်ထိတ်လန့်၍၊- Garrad Bible ကာ လ ကြာ မှ ဘု ရင် မင်း ထံ အ ခွင့် တောင်း၍၊ ယေ ရု ရှ လင် မြို့ သို့ ပြန် ရောက် သော အ ခါ၊ ဘု ရား သ ခင့် ဗိ မာန် တော် တံ တိုင်း အ တွင်း၊ တော ဘိ ယ အ ဖို့ အ ခန်း ပြင် ဆင် သော ပြစ် မှု ကို ဧ လျာ ရှိပ် ပြု နှင့် ကြောင်း ငါ ကြား သိ လျှင်၊ Judson Bible ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဧလျာရှိပ်သည် ဘုရားသခင်၏ အိမ်တော်တံတိုင်းထဲမှာ အခန်းကို တောဘိအဖို့ ပြင်ဆင်၍ ဒုစရိုက်ပြုကြောင်းကို ငါကြားသိရ၏။ မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့သို့ပြန်လာ၏။ ထိုအခါ ဧလျာရှိပ်သည် ဘုရားသခင်၏အိမ်တော်ဝင်းအတွင်းရှိအခန်းကို တောဘိအား ပေးလိုက်သည်ဟူသော ဧလျာရှိပ်ပြုသည့် မကောင်းမှုကို ငါကြားရ၏။ |
ဧလိသြနဲတွင်ဟောဒါယ၊ ဧလျာရှိပ်၊ ပေ လာယ၊ အက္ကုပ်၊ ယောဟန်၊ ဒလာယ၊ အာနနိ ဟူ၍သားတော်ခုနစ်ပါးရှိသတည်း။
ဤအမှုကိစ္စအပေါင်းကိုဆောင်ရွက်၍ပြီးသော အခါ ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍``ပြည်သူများ၊ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်များသည် မိမိ တို့ပတ်ဝန်းကျင်တွင် ရှိသည့်အမ္မုန်ပြည်၊ မောဘ ပြည်၊ အီဂျစ်ပြည်တို့မှလူများနှင့်လည်းကောင်း၊ ခါနာနိ၊ ဟိတ္တိအမျိုးသားများ၊ ဖေရဇိအမျိုး သား၊ ယေဗုသိအမျိုးသားများ၊ အာမောရိ အမျိုးသားများနှင့်လည်းကောင်း ကင်းရှင်း စွာမနေကြ။ သူတို့သည်ထိုသူတို့ပြုကျင့် သည့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသောအမှု တို့ကိုပြုကျင့်ကြပါ၏။-
ထိုနေ့၌မောရှေ၏ပညတ်ကျမ်းကိုလူများ ရှေ့မှာဖတ်ရွတ်ကြရာ``အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့အားဘုရားသခင် ၏လူမျိုးတော်ထဲတွင်အဘယ်အခါ၌မျှ ပါဝင်ခွင့်မပြုရ'' ဟူသောကျမ်းပိုဒ်သို့ ရောက်ရှိလာလေသည်။-
ဘောဇဉ်ပူဇော်သကာများ၊ နံ့သာပေါင်း၊ ဗိမာန်တော်အသုံးအဆောင်များမှစ၍ ယဇ်ပုရောဟိတ်များအတွက်လှူရသော အလှူများနှင့်လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည်များ၊ ဗိမာန် တော်အစောင့်တပ်သားများအတွက် ဆယ် ဖို့တစ်ဖို့ပေးလှူသောဆန်စပါး၊ စပျစ် ရည်နှင့်သံလွင်ဆီကိုသိုလှောင်ရန်အတွက် သာလျှင် အသုံးပြုသောအခန်းကြီးကို တောဘိအားအသုံးပြုခွင့်ပေးထားလေ သည်။-
ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။
ငါ့ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်း ခိုက်ရန်ဖြစ်လျက်ရှိကြကြောင်းကို ကလောဣ ၏အိမ်သူအိမ်သားများထံမှငါကြားသိ ရ၏။-