နေဟမိ 13:6 - Common Language Bible6 ဤသို့ဖြစ်ပျက်လျက်နေချိန်တွင်ငါသည် ယေရုရှလင်မြို့၌မရှိ။ ဗာဗုလုန်ဘုရင် အာတဇေရဇ်၏ နန်းစံသုံးဆယ့်နှစ်နှစ်မြောက်၌ငါသည်မင်း ကြီးထံသို့အစီရင်ခံရန်သွားရောက်ချိန် ဖြစ်၏။ ကာလအနည်းငယ်ကြာသောအခါ ငါသည်မင်းကြီးထံမှခွင့်ပြုချက်ရသဖြင့်၊- အခန်းကိုကြည့်ပါ။Garrad Bible6 ငါ သည်၊ ဗာ ဗု လုန် ဘု ရင် အာ တ ဇေ ရဇ် မင်း နန်း စံ သုံး ဆယ့် နှစ် နှစ် တွင်၊ အ ပါး တော် သို့ သွား နေ ခိုက် ကာ လ ပတ် လုံး၊ ယေ ရု ရှ လင် မြို့၌ မ ရှိ။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုကာလပတ်လုံး ငါသည် ယေရုရှလင်မြို့၌မရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ်နန်းစံ သုံးဆယ်နှစ်နှစ်တွင် အထံတော်သို့ သွားရ၏။ အင်တန်ကာလ ကြာပြီးမှ၊ ရှင်ဘုရင်ထံတော်၌ အခွင့်ရ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဘေဘီလုံဘုရင်အာတဇေရဇ်မင်းကြီးနန်းစံ သုံးဆယ့်နှစ်နှစ်တွင် ငါသည် ဘုရင့်ထံသို့ပြန်သွားရသည်ဖြစ်၍ ထိုစဉ်က ဂျေရုဆလင်မြို့တွင် ငါမရှိ။ အချိန်အတော်ကြာမှ ငါသည် ဘုရင့်ထံခွင့်ပန်၍ အခန်းကိုကြည့်ပါ။ |
သူတို့သည်ခုနစ်ရက်တိုင်တိုင် တဆေးမဲ့မုန့်ပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာကျင်းပကြလေသည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အတွက် ဗိမာန်တော်ကိုတည်ဆောက်ရာတွင်ထာဝရဘုရားသည်အာရှုရိဧကရာဇ်မင်း အားထောက်ပံ့ကူညီလိုစိတ်ကိုသွင်းပေးတော်မူ၏။ သို့ဖြစ်၍သူတို့သည် အလွန်ပင်ဝမ်းမြောက်ကြလေသည်။
မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။