သို့ဖြစ်၍ငါတို့သည်လူမျိုးခြားအမျိုး သမီးများနှင့်ထိမ်းမြားစုံဖက်ခြင်းသင် တို့၏စံနမူနာအားဖြင့်ဘုရားသခင် ကိုပြစ်မှားရမည်လော'' ဟုပြော၏။
ထို့ ကြောင့်၊ မျိုး ခြား မိန်း မ တို့ နှင့် ထိမ်း မြား ခြင်း အ ပြစ် ကြီး ပြု၍၊ ငါ တို့ ဘု ရား သ ခင့် သ စ္စာ တော် ကို ဖောက် ကျော် သော သင် တို့ စ ကား အ တိုင်း၊ ငါ တို့ လိုက် ရ မည် လော ဟု ဆို ၏။
ငါတို့သည် သင်တို့စကားကို နားထောင်၍ တစ်ပါးအမျိုးသားမိန်းမတို့နှင့် စုံဖက်သဖြင့်၊ ဤမျှလောက်ကြီးသော ဒုစရိုက်ကိုပြုလျက်၊ ငါတို့၏ ဘုရားသခင်ကို ပြစ်မှားရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။
ယခုလည်း သင်တို့ပြုသော ဤမကောင်းမှုကြီးကို ငါတို့လက်ခံရမည်လော။ ဘုရားသခင်အပေါ် သစ္စာမဲ့၍ တစ်ပါးအမျိုးသားမိန်းမပျိုတို့နှင့်စုံဖက်သည်ကို ငါတို့လက်ခံရမည်လော”ဟု ငါပြော၏။
ထိုအခါဧလံသားချင်းစုမှယေဟေလ၏ သား ရှေကနိကဧဇရအား``အကျွန်ုပ်တို့သည် လူမျိုးခြားအမျိုးသမီးများနှင့်ထိမ်းမြား စုံဖက်ခြင်းအားဖြင့် ဘုရားသခင်ကိုသစ္စာ ဖောက်ကြပါပြီ။ သို့သော်လည်းဣသရေလ အမျိုးသားတို့အတွက် မျှော်လင့်စရာရှိ ပါသေး၏။-
အကျွန်ုပ်တို့သည်ကိုယ်တော်၏ပညတ်တော် တို့ကိုတစ်ဖန်လျစ်လူရှုလျက် ဤယုတ်မာသူ များနှင့်ထိမ်းမြားစုံဖက်ကြလျှင် ကိုယ်တော် သည်အကျွန်ုပ်တို့အားအမျက်ပြင်းစွာထွက် တော်မူသဖြင့် တစ်ယောက်မျှမကျန်အောင် သုတ်သင်ဖျက်ဆီးပစ်တော်မူမည်မဟုတ် ပါလော။-
ထိုသူတို့သည်ဥပုသ်နေ့၌ဖြစ်စေ၊ အခြား နေ့ထူးနေ့မြတ်၌ဖြစ်စေ၊ ဂျုံစပါးသို့မဟုတ် အခြားအရာတစ်စုံတစ်ခုကိုရောင်းချရန် ယူဆောင်လာပါကငါတို့သည်သူတို့ထံ မှဝယ်ယူမည်မဟုတ်ပါ။ သတ္တမမြောက်နှစ်ရောက်သည့်အခါတိုင်းငါ တို့သည်လယ်လုပ်မည်မဟုတ်ပါ။ ကြွေးမြီ ရှိသမျှကိုလည်းလျော်ပစ်ပါမည်။
ထိုကာလ၌ယုဒအမျိုးသားအမြောက် အမြားပင်အာဇုတ်၊ အမ္မုန်နှင့်မောဘ အမျိုးသမီးများနှင့်ထိမ်းမြားစုံဖက် ထားကြကြောင်းကိုလည်းငါတွေ့ရှိရ လေသည်။-
သင်တို့၏အကြံပေးချက်ကိုအဘယ်သူမျှ လက်ခံနိုင်လိမ့်မည်မဟုတ်။ သင်တို့အားလုံးညီ တူညီမျှခွဲဝေယူရကြမည်။ စခန်းစောင့်နေ ရစ်ခဲ့သူသည်စစ်ပွဲဝင်ရန်သွားရောက်သူရရှိ သည့်အတိုင်းပင်ရရှိစေရမည်'' ဟုဆို၏။-