ဧဇရ 10:2 - Common Language Bible2 ထိုအခါဧလံသားချင်းစုမှယေဟေလ၏ သား ရှေကနိကဧဇရအား``အကျွန်ုပ်တို့သည် လူမျိုးခြားအမျိုးသမီးများနှင့်ထိမ်းမြား စုံဖက်ခြင်းအားဖြင့် ဘုရားသခင်ကိုသစ္စာ ဖောက်ကြပါပြီ။ သို့သော်လည်းဣသရေလ အမျိုးသားတို့အတွက် မျှော်လင့်စရာရှိ ပါသေး၏။- အခန်းကိုကြည့်ပါ။Garrad Bible2 ဧ လံ့ အ နွယ်၊ ယေ ဟေ လ သား ရှေ က နိ က၊ ကျွန် တော် တို့ သည်၊ တိုင်း ရင်း သား တို့ သ မီး နှင့် ထိမ်း မြား၍၊ ကိုယ့် ဘု ရား သ ခင့် သ စ္စာ တော် ကို ဖောက် ကျော် မိ ပါ ပြီ။ သို့ ရာ တွင်၊ ဣ သ ရေ လ လူ မျိုး၌၊ အ ပြစ် လွတ် ရန် မျှော် လင့် ရာ မျှော် လင့် ကြောင်း ရှိ ပါ သေး ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌နေသော တစ်ပါးအမျိုးသား မိန်းမတို့နှင့် စုံဖက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မျှော်လင့်စရာ ရှိသေး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထိုအခါ ဧလံသားမြေးဖြစ်သော ယေဟေလ၏သားရှေခနိက ဧဇရအား “အကျွန်ုပ်တို့သည် ဤပြည်ရှိတစ်ပါးအမျိုးသား မိန်းမပျိုတို့နှင့်စုံဖက်ခြင်းဖြင့် အကျွန်ုပ်တို့၏ဘုရားသခင်ကို ပြစ်မှားကြပါပြီ။ သို့သော်လည်း အစ္စရေးလူမျိုးတို့အဖို့ မျှော်လင့်စရာရှိပါသေး၏။ အခန်းကိုကြည့်ပါ။ |
ဤအမှုကိစ္စအပေါင်းကိုဆောင်ရွက်၍ပြီးသော အခါ ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍``ပြည်သူများ၊ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်များသည် မိမိ တို့ပတ်ဝန်းကျင်တွင် ရှိသည့်အမ္မုန်ပြည်၊ မောဘ ပြည်၊ အီဂျစ်ပြည်တို့မှလူများနှင့်လည်းကောင်း၊ ခါနာနိ၊ ဟိတ္တိအမျိုးသားများ၊ ဖေရဇိအမျိုး သား၊ ယေဗုသိအမျိုးသားများ၊ အာမောရိ အမျိုးသားများနှင့်လည်းကောင်း ကင်းရှင်း စွာမနေကြ။ သူတို့သည်ထိုသူတို့ပြုကျင့် သည့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသောအမှု တို့ကိုပြုကျင့်ကြပါ၏။-