``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
နေဟမိ 13:22 - Common Language Bible ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာလေဝိ အနွယ်ဝင်တို့အား မိမိတို့ကိုယ်ကိုသန့်စင် စေပြီးလျှင်မြို့တံခါးများသို့သွား၍ စောင့်ရန်ငါအမိန့်ပေး၏။ အို ဘုရားသခင်ဤအမှုကိုလည်းထောက်၍ အကျွန်ုပ်ကိုသတိရတော်မူပါ။ မေတ္တာတော် နှင့်အညီအကျွန်ုပ်အားသနားတော်မူပါ။ Garrad Bible လေ ဝိ ဂိုဏ်း သား တို့ အား လည်း၊ ကိုယ် ကို သန့် ရှင်း စေ ပြီး လျှင်၊ ဥပုသ် နေ့ ကို သီး သန့် စိမ့် သော ငှာ၊ တံ ခါး စောင့် သွား ကြ ရ မည် ဟု ငါ စီ မံ၏။ အို အ ကျွန်ုပ် ဘု ရား သ ခင်၊ ဤ အ မှု ကို လည်း ထောက်၍ အ ကျွန်ုပ် အား သ တိ ရ လျက်၊ မ ဟာ က ရု ဏာ တော် အ လျောက် သ နား တော် မူ ပါ။ Judson Bible လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ စင်ကြယ်သောကိုယ်နှင့် လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကရုဏာတော် များပြားသည်အတိုင်း အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးတို့ကိုလည်း ဥပုသ်နေ့သန့်ရှင်းအောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေပြီး မြို့တံခါးတို့တွင် သွား၍စောင့်ကြပ်ကြလော့ဟု ငါမှာကြား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ မေတ္တာကရုဏာကြွယ်ဝသည့်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ။ |
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
ထိုနောက်ယောရှိသည် ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ သူ၏လက်ထောက်ယဇ်ပုရောဟိတ် များနှင့် ဗိမာန်တော်အဝင်ဝတွင်တာဝန်ကျ သည့်အစောင့်တပ်သားများအားဗာလဘုရား၊ အာရှရဘုရားမနှင့်ကြယ်နက္ခတ်တို့ကို ကိုးကွယ်ရာ၌အသုံးပြုသည့်ပစ္စည်းအသုံး အဆောင်တို့ကို ဗိမာန်တော်ထဲမှထုတ်ဆောင် လာရန်အမိန့်ပေးတော်မူ၏။ မင်းကြီးသည် ဤပစ္စည်းအသုံးအဆောင်ရှိသမျှကို မြို့ ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းအနီးတွင်မီးရှို့ပြီး လျှင် ပြာကိုဗေသလမြို့သို့ယူဆောင်သွား စေ၏။-
ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် အပြစ်ဖြေ ရာယဇ်ကိုပူဇော်ရန်မင်းကြီးအမိန့်ပေး ထားသည့်အတိုင်း ဆိတ်များကိုသတ်၍ ယဇ်ပလ္လင်ပေါ်သို့သွေးကိုသွန်းလောင်းကြ လေသည်။
မီးရှို့ရာပူဇော်သကာများကိုဆက်သရန် မင်းကြီးအမိန့်ပေးတော်မူသဖြင့် ပူဇော် ဆက်သမှုကိုအစပြုသောအခါလူတို့ သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလေသည်။ ဂီတပညာသည်တို့လည်း တံပိုးခရာ များနှင့်အခြားတူရိယာများကိုတီး မှုတ်ကြလေသည်။-
ဟေဇကိမင်းနှင့်ပြည်သူခေါင်းဆောင်များ သည် လေဝိအနွယ်ဝင်တို့အားဒါဝိဒ်နှင့် ပရောဖက်အာသပ်စပ်ဆိုခဲ့သော ထောမနာ သီချင်းများကိုသီဆိုစေကြ၏။ သို့ဖြစ် ၍သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာသီ ချင်းဆို၍ ဒူးထောက်လျက်ဘုရားသခင် ကိုရှိခိုးကြ၏။
ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။
ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်တိုင်အတွက်လည်းကောင်း၊ ပြည်သူများ၊ မြို့တံခါးများ၊ မြို့ရိုးအတွက်လည်းကောင်းဘာသာရေးထုံးနည်းအရသန့်စင်မှုကိုပြုကြ၏။
အို အကျွန်ုပ်၏ဘုရားသခင်၊ကိုယ်တော်၏ဗိမာန် တော်အတွက်နှင့်ဗိမာန်တော်တွင်ဝတ်ပြုကိုး ကွယ်မှုအတွက်အကျွန်ုပ်ပြုခဲ့သမျှသော အမှုတို့ကိုသတိရတော်မူပါ။
အချိန်ကျလျှင်ထင်းအလှူကိုလည်းကောင်း၊ ဆန်စပါးအဦးအဖျားများနှင့်အဦး မှည့်သည့်သစ်သီးပူဇော်သကာများကို လည်းကောင်းယူဆောင်လာကြစေရန်စီမံ၏။ အို ဘုရားသခင်ဤအမှုအရာအပေါင်းကို သတိရတော်မူ၍အကျွန်ုပ်အားကျေးဇူး ပြုတော်မူပါ။ နေဟမိမှတ်စာပြီး၏။
အို ဘုရားသခင်၊ ဤလူတို့အတွက်အကျွန်ုပ် ပြုခဲ့သမျှကိုသတိရ၍အကျွန်ုပ်အား ကျေးဇူးပြုတော်မူပါ။
အို ဣသရေလ၊ထာဝရဘုရား၏မေတ္တာတော်သည် ခိုင်မြဲသည်ဖြစ်၍ကိုယ်တော်သည်ကယ်တော်မူရန် အခါခပ်သိမ်းအသင့်ရှိတော်မူသောကြောင့် ကိုယ်တော်ကိုကိုးစားကြလော့။
ကျွန်တော်မျိုးအဖို့မှာမူကိုယ်တော်၏ကြီး မားသော မေတ္တာတော်ကိုခံစားရသဖြင့် အိမ်တော်သို့ဝင်နိုင်ပါ၏။ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာ ကိုယ်တော်အားရိုသေလေးမြတ်စွာ ဦးညွှတ်ရှိခိုးနိုင်ပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့်အညီ ကျွန်တော်မျိုးအားသနားတော်မူပါ။ လွန်စွာသနားကြင်နာတော်မူတတ်သည် နှင့်အညီ ကျွန်တော်မျိုး၏အပြစ်များကိုဖြေလွှတ် တော်မူပါ။
``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားရိုးဖြောင့်စွာသစ္စာနှင့် ကိုးကွယ်ဝတ်ပြုလျက် ကိုယ်တော်ပြုစေလို သည့်အတိုင်းကြိုးစားပြုကျင့်သည်ကို အောက်မေ့သတိရတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးတော်မူ၏။
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
`` `သင်တို့၏ဘုရားသခင်ငါထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဥပုသ်နေ့ကိုစောင့် ထိန်း၍ထိုနေ့ကိုငါ့အတွက်သီးသန့်ထား လော့။-