ထိုအခါဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့၏ဆယ်ဖို့တစ်ဖို့အလှူဖြစ် သည့်ဆန်စပါး၊ စပျစ်ရည်နှင့်သံလွင်ဆီကို ဗိမာန်တော်ပစ္စည်းသိုလှောင်ခန်းများသို့ယူ ဆောင်လာကြလေသည်။-
ထို ကာ လ၊ ယု ဒ လူ မျိုး အ ပေါင်း တို့ သည်၊ ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ၊ ဆယ် ဖို့ တစ် ဖို့ အ လှူ ကို ကြက် သ ရေ တိုက် သို့ သွင်း မြဲ သွင်း ရ ကြ သည် နှင့်၊
ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဖို့တစ်ဖို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။
ထိုအခါ ယုဒလူအပေါင်းတို့သည် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သိုလှောင်ခန်းသို့ယူဆောင်လာကြ၏။
ထိုအပြင်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ထာဝရဘုရား၏ပညတ် ကျမ်းပြဋ္ဌာန်းချက်များကိုအချိန်ပြည့် တာဝန်ယူဆောင်ရွက်နိုင်ကြစေခြင်းငှာ သူ တို့ခံယူထိုက်သောလှူဖွယ်ပစ္စည်းများကို ယေရုရှလင်မြို့သူမြို့သားတို့ယူဆောင် လာကြရန်အမိန့်ပေးတော်မူ၏။-
အမိန့်တော်ကိုကြားလျှင်ကြားချင်းဣသရေလ ပြည်သူတို့သည်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ ပျားရည်နှင့်အခြားလယ်ယာထွက်သီးနှံ လက်ဦးလက်ဖျားများ ကိုလည်းကောင်း၊ ရှိသမျှသောဥစ္စာများ၏ ဆယ်ပုံတစ်ပုံကိုလည်းကောင်းယူဆောင်လာ ကြလေသည်။-
ထိုကာလ၌နှစ်စဉ်အသီးအနှံဦးများနှင့်အဦးမှည့်သည့်သစ်သီးများ၏ဆယ်ဖို့တစ်ဖို့နှင့်အခြားအလှူများထားရှိရာပစ္စည်းသိုလှောင်ခန်းများအတွက်တာဝန်ခံပစ္စည်းထိန်းတို့ကိုခန့်ထားကြ၏။ ဤသူတို့သည်ပညတ်ကျမ်းတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့အတွက်အလှူများကိုမြို့ရွာများအနီးရှိလယ်ယာအသီးသီးမှကောက်ခံရန်တာဝန်ယူကြရလေသည်။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် သန့်စင်မှုမင်္ဂလာနှင့်အခြားဘုရားသခင်မိန့်မှာတော်မူသည့်အခြားဘာသာရေးဝတ်များကိုလည်းပြုကြသည်ဖြစ်၍ ယုဒပြည်သူများသည်အားရဝမ်းမြောက်ကြ၏။ ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားများကလည်း ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်စီရင်တော်မူခဲ့သည့်အတိုင်း မိမိတို့တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြလေသည်။
မြေယာမှထွက်သောအသီးအနှံ သို့မဟုတ် သစ်သီးဆယ်ပုံတစ်ပုံသည် ထာဝရဘုရား နှင့်ဆိုင်၏။-
ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
လူသည်ဘုရားသခင်ကိုလိမ်လည်လှည့်စား အပ်ပါသလောဟု သင်တို့အားငါမေးပါ ၏။ ဤသို့မပြုအပ်သော်လည်းသင်တို့သည် ငါ့အားလိမ်လည်လှည့်စားလျက်နေပေ သည်။ သင်တို့က`ကျွန်တော်မျိုးတို့သည် အဘယ်သို့လိမ်လည်လှည့်စားကြပါ သနည်း' ဟုဆိုပါမူဆယ်ဖို့တစ်ဖို့အလှူ နှင့်ပူဇော်သကာများဆက်သမျှဟူ၍ ဖြေရပေမည်။-
``နှစ်စဉ်သင်တို့၏လယ်ယာများမှ ထွက်သမျှ သောအသီးအနှံဆယ်ဖို့တစ်ဖို့ကို သီးသန့် ဖယ်ထားရမည်။-