ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
နေဟမိ 12:30 - Common Language Bible ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်တိုင်အတွက်လည်းကောင်း၊ ပြည်သူများ၊ မြို့တံခါးများ၊ မြို့ရိုးအတွက်လည်းကောင်းဘာသာရေးထုံးနည်းအရသန့်စင်မှုကိုပြုကြ၏။ Garrad Bible ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ သည်၊ ကိုယ် ကို သန့် ရှင်း စေ ပြီး လျှင်၊ လူ ပ ရိ သတ်၊ မြို့ ရိုး၊ တံ ခါး များ ပါ၊ သန့် ရှင်း စေ ကြ၏။ Judson Bible ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည်လည်း၊ ကိုယ်ကိုလည်းကောင်း၊ လူများ၊ မြို့တံခါး၊ မြို့ရိုးကိုလည်းကောင်း စင်ကြယ်စေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် ကိုယ့်ကိုယ်ကိုယ်စင်ကြယ်စေပြီးမှ လူထုများ၊ မြို့တံခါးများနှင့် မြို့ရိုးကို စင်ကြယ်စေကြ၏။ |
ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
ထိုအခါယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ဣသရေလအမျိုးသား တို့ဘုရားသခင်ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်ကိုပြောင်းရွှေ့ပင့်ဆောင်နိုင် ရန် မိမိတို့ကိုယ်ကိုသန့်စင်ကြကုန်၏။-
ဤတိရစ္ဆာန်များကိုသတ်ရန်ယဇ်ပုရောဟိတ် မလုံလောက်သဖြင့် မိမိတို့ကိုယ်ကိုသန့်စင် မှုပြုပြီးသူ၊ ယဇ်ပုရောဟိတ်များကိုမရ ရှိမီအတွင်းဆောင်ရွက်စရာများပြီးဆုံး ချိန်အထိ လေဝိအနွယ်ဝင်တို့ကကူညီ ရကြ၏။ (ယဇ်ပုရောဟိတ်များထက် လေဝိအနွယ်ဝင်များကဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုပို၍တိကျ စွာပြုတတ်ကြသည်။-)
မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။-
ထိုယဇ်ကောင်တို့၏အသားကိုပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ ဣသရေလအမျိုးသားတို့နှင့်တကွထိုဒေသတွင်နေထိုင်လျက်ရှိသောသူတို့၏ရုပ်တုကိုးကွယ်မှုကိုစွန့်လွှတ်ကြသူများနှင့် ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရန်လာကြသူအပေါင်းတို့သည်စားကြ၏။-
ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာလေဝိ အနွယ်ဝင်တို့အား မိမိတို့ကိုယ်ကိုသန့်စင် စေပြီးလျှင်မြို့တံခါးများသို့သွား၍ စောင့်ရန်ငါအမိန့်ပေး၏။ အို ဘုရားသခင်ဤအမှုကိုလည်းထောက်၍ အကျွန်ုပ်ကိုသတိရတော်မူပါ။ မေတ္တာတော် နှင့်အညီအကျွန်ုပ်အားသနားတော်မူပါ။
ငါသည်ပြည်သူတို့အားလူမျိုးခြားနှင့် ဆိုင်သောအမှုအရာဟူသမျှနှင့်ကင်းစင် စေ၏။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်တို့အားမိမိတို့တာဝန်ဝတ္တရားအသီး သီးကိုသိရှိနားလည်ကြစေရန်စည်း မျဉ်းများကိုရေးဆွဲပေး၏။-
ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။
ထာဝရဘုရားကမောရှေအား``လူအပေါင်း တို့အား ထာဝရဘုရားကိုဝတ်ပြုကိုးကွယ် ရန်ပြင်ဆင်သည့်အနေဖြင့် ယနေ့နှင့်နက်ဖြန် နေ့တွင်မိမိတို့ကိုယ်ကိုသန့်စင်စေရန်ပြော လော့။ သူတို့သည်မိမိတို့အဝတ်များကို ဖွပ်လျှော်၍၊-
မောရှေကသူတို့အား``တတိယနေ့တွင် အသင့်ရှိစေကြလော့။ ဤအတောအတွင်း မယားနှင့်မဆက်ဆံကြနှင့်'' ဟုပြော ကြားလေ၏။
ယဇ်ပုရောဟိတ်မင်းမည်သည်ကားအပြစ် ဖြေရာယဇ်နှင့် ပူဇော်သကာများကိုဆက်သ ရန်အတွက် လူတို့၏ကိုယ်စားဘုရားသခင် ၏အမှုတော်ကိုထမ်းဆောင်ရန် ရွေးချယ်ခန့် ထားခြင်းခံရသူဖြစ်၏။-
သူကိုယ်တိုင်အားနည်းချက်ရှိသောကြောင့် အပြစ်ဖြေရာယဇ်ကိုလူတို့၏အတွက် သာမက မိမိ၏အတွက်လည်းဆက်သ ရပေသည်။-