ဗင်္ယာမိန်အနွယ်ဝင်တို့သည်ဂေဗမြို့၊ မိတ် မတ်မြို့၊ အာဣမြို့၊ ဗေသလမြို့နှင့်အနီး အနားရှိကျေးရွာများတွင်လည်းကောင်း၊-
ဗင်္ယာ မိန့် အ နွယ် သား တို့ လည်း၊ ဂေ ဗ မြို့ မှ စ၍၊ မိတ် မတ် မြို့၊ အာ ဣ မြို့၊ ဗေ သ လ မြို့ နှင့် နိ ဂုံး၊ အာ န သုတ်၊ နော ဗ၊ အာ န နိ၊ ဟာ ဇော်၊ ရာ မ၊ ဂိ တ္တိမ်၊ ဟာ ဒိဒ်၊ ဇေ ဘိုင်၊ နေ ဗ လ္လတ်၊ လော ဒ မြို့ များ နှင့်၊ လက် မြောက် သူ တို့ နေ ရာ ဩ နော ချိုင့် တွင် နေ ထိုင် ကြ ၏။
ဗင်္ယာမိန်အမျိုးသားတို့သည်လည်း ဂေဗ၊ မိတ်မတ်၊ အာဣ၊ ဗေသလမြို့ရွာတို့၌လည်းကောင်း၊
ဗင်္ယာမိန်အမျိုးအနွယ်တို့မူကား ဂေဗမြို့မှမိတ်မတ်မြို့၊ အာဣမြို့၊ ဗေသလမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊
ထိုအရပ်မှသူသည်ဗေသလမြို့အရှေ့ဘက် တောင်ထူထပ်သောအရပ်သို့ပြောင်းရွှေ့၍ စခန်း ချလေသည်။ ထိုစခန်း၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့တည်ရှိ လေသည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင် ကိုတည်၍ထာဝရဘုရားကိုကိုးကွယ်လေ သည်။-
ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
ဇာနောမြို့၊အဒုံလံမြို့နှင့်ထိုမြို့များအနီး ရှိကျေးရွာများတွင်လည်းကောင်း၊ လာခိရှ မြို့နှင့်အနီးအနားရှိလယ်ယာများ၊ အဇေ ကာမြို့နှင့်အနီးအနားရှိကျေးရွာများ တွင်လည်းကောင်းနေထိုင်ကြ၏။ အချုပ်အား ဖြင့်ဆိုသော်ယုဒပြည်သူတို့သည်တောင် ဘက်ရှိဗေရရှေဘမြို့နှင့်မြောက်ဘက်ဟိန္နုံ ချိုင့်ဝှမ်းစပ်ကြားရှိနယ်မြေတွင်နေထိုင် ကြသတည်း။
အာနသုတ်မြို့၊ နောဗမြို့၊ အာနနိမြို့၊- ဟာဇော်မြို့၊ ရာမမြို့၊ ဂိတ္တိမ်မြို့၊- ဟာဒိဒ်မြို့၊ ဇေဘိုင်မြို့၊ နေဗလ္လတ်မြို့၊ လောဒမြို့၊သြနောမြို့နှင့်လက်မှုပညာ သည်ချိုင့်ဝှမ်းတွင်လည်းကောင်းနေထိုင်ကြ၏။-
ဂိလဂါလ၊ ဂေဗနှင့်အာဇမာဝက်ကျေးလက်များမှလာရောက်ကြလေသည်။-
ရန်သူများသည်အာရပ်မြို့သို့ရောက်ရှိနေ ကြ၏။ သူတို့သည်မိဂရုန်မြို့ကိုဖြတ်သန်း ၍လာခဲ့ကြ၏။ မိမိတို့၏စားနပ်ရိက္ခာများ ကိုမိတ်မတ်မြို့တွင်ထားခဲ့ကြလေသည်။-
တစ်ဖန်လုဇမြို့(ဗေသလမြို့ဟူ၍လည်း ခေါ်တွင်သည်) တောင်ဘက်ရှိတောင်စောင်းသို့ တက်ပြီးလျှင်အောက်ဗက်ဟောရုန်မြို့တောင် ဘက်၊ တောင်ပေါ်ရှိအတရုတ်အဒ္ဒါမြို့သို့ ရောက်သည်။-
ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊-
ခေဖာဟာမောနဲမြို့၊ သြဖနိမြို့၊ ဂါဘမြို့ စသောမြို့ကြီးတစ်ဆယ်နှစ်မြို့နှင့်ယင်းတို့ ၏ပတ်ဝန်းကျင်ရှိမြို့များဖြစ်သည်။-
ယောရှုသည်လက်ရွေးစင်သူရဲတို့ကိုစေလွှတ် သဖြင့် သူတို့သည်ချီတက်၍အာဣမြို့အနောက် ဘက်နှင့်ဗေသလမြို့စပ်ကြားတွင်ပုန်းအောင်း စောင့်ဆိုင်းနေကြလေသည်။ ယောရှုသည်ထို ည၌စခန်းတွင်နေ၏။
ရှမွေလက``သင်သည်အဘယ်သို့ပြုသနည်း'' ဟုမေး၏။ ရှောလုက``လူတို့သည်အကျွန်ုပ်ထံမှစွန့်ခွာ ထွက်ပြေးလျက်နေကြပါ၏။ အရှင်သည်ချိန်း သောအချိန်၌မပေါ်လာပါ။ ထို့အပြင် ဖိလိတ္တိအမျိုးသားတို့သည်မိတ်မတ်မြို့ တွင်စုရုံးလျက်ရှိနေကြပါ၏။-
ဖိလိတ္တိအမျိုးသားတို့ကစစ်သည်တပ်သား တစ်စုကိုစေလွှတ်၍ မိတ်မတ်တောင်ကြားလမ်း ကိုကာကွယ်စေကြ၏။