မိုဃ်းပွင့်ကျသော်လည်း၊ မိမိအိမ်သူ အိမ်သားတို့ အတွက်မစိုးရိမ်၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။
နာဟုံ 2:4 - Common Language Bible စစ်မြင်းရထားတို့သည်လမ်းများတွင်အပြင်း နှင်ကာ၊ လူထုစုဝေးရာကွက်လပ်များတွင် အစုံအဆန်ပြေးကြကုန်၏။ ယင်းတို့သည်မီးရှူးတိုင်များသဖွယ် တောက်ပလျက်၊ လျှပ်စစ်ပြက်သကဲ့သို့လျင်မြန်ကြ၏။ Garrad Bible မြို့ ပြင် လမ်း မ များ တွင် စစ် ရ ထား များ သည် လျှပ် စစ် ပြက် သ ကဲ့ သို့ မီး ရှုး သ ဖွယ် ခေါက် တုံ့ ခေါက် ပြန် လျင် လျင် သွား လာ သည် တ ကား။ Judson Bible ရထားတို့သည် လမ်း၌ဟုန်းဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရှူးအဆင်းအရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ ပြေးကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မြင်းရထားသည် လမ်းမတစ်လျှောက် ဒုန်းစိုင်းပြေးလာ၏။ လဟာပြင်တွင် ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေပုံမှာ မီးရှူးမီးပန်းဖောက်သကဲ့သို့လည်းကောင်း၊ လျှပ်စီးတဖျပ်ဖျပ်လက်သကဲ့သို့လည်းကောင်း ဖြစ်၏။ |
မိုဃ်းပွင့်ကျသော်လည်း၊ မိမိအိမ်သူ အိမ်သားတို့ အတွက်မစိုးရိမ်၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။
သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် အမြင့်ဆုံးတောင်များကိုလည်းကောင်း၊ လေ ဗနုန်တောင်ထိပ်များကိုပင်လည်းကောင်းနှိမ် နင်းအောင်မြင်ခဲ့ကြောင်း ငါ့အားကြွားဝါရန် သံတမန်များကိုစေလွှတ်ခဲ့၏။ ထိုအရပ် ရှိအမြင့်ဆုံးအာရဇ်ပင်များနှင့်အလှဆုံး ထင်းရှူးပင်များကိုခုတ်လှဲကာ၊ တောနက် ကြီးများသို့ရောက်ရှိခဲ့ကြောင်းကြွားဝါ ခဲ့၏။-
ထာဝရဘုရားသည်မီးလျှံကိုစီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိ အမျက်ထွက်သူတို့အားအပြစ်ဒဏ်ခတ် ရန်လေဗွေရထားကိုစီး၍ကြွလာတော် မူလိမ့်မည်။-
ကြည့်ရှုကြလော့။ ရန်သူသည်မိုးတိမ်သဖွယ် လာလိမ့်မည်။ သူ၏စစ်ရထားများသည်လေပွေ နှင့်တူ၍ သူ၏မြင်းတို့သည်လင်းယုန်ငှက်များ ထက်လျင်မြန်ကြ၏။ ငါတို့အရေးရှုံးနိမ့်ကြ လေပြီ။ ငါတို့သည်အမင်္ဂလာရှိပါသည် တကား။-
မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့် လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့် စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည်စစ်လက်နက်စစ်မြင်းရထားများ၊ ရိက္ခာလှည်းများကိုယူဆောင်ကာ ကြီးမားသော စစ်သည်အလုံးအရင်းနှင့်သင့်အားတိုက်ခိုက် ကြလိမ့်မည်။ ဒိုင်းလွှားများကိုကိုင်ဆောင်လျက် သံခမောက်များကိုဆောင်း၍သင့်ကိုဝိုင်းရံ ကြလိမ့်မည်။ ငါသည်သင့်အားသူတို့၏လက် သို့ပြစ်ဒဏ်ခံရန်အပ်နှံမည်။ သူတို့သည် လည်းမိမိတို့တရားဥပဒေများအရ သင့်ကိုတရားစီရင်ကြလိမ့်မည်။-
သူတို့၏မြင်းများကြောင့်လွင့်တက်လာသော မြေမှုန့်တို့သည်သင့်အားဖုံးလွှမ်းလိမ့်မည်။ မြို့တွင်းသို့လူများဝင်သကဲ့သို့ပျက်စီး နေသောမြို့၏တံခါးများကိုဖြတ်၍ မြင်း များလှည်းဆွဲသံ၊ စစ်မြင်းရထားဆွဲသံ တို့သည်သင်၏မြို့ရိုးများကိုတုန်လှုပ် စေလိမ့်မည်။-
အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။-
``ဆီးရီးယားဘုရင်၏နန်းသက်ကုန်ဆုံး ချိန်နီးသောအခါ အီဂျစ်ဘုရင်သည်ထို မင်းကိုစစ်ချီတိုက်ခိုက်လိမ့်မည်။ ဆီးရီး ယားဘုရင်ကလည်းမြင်းစီးသူရဲများ နှင့် သင်္ဘောအမြောက်အမြားကိုအသုံး ပြုကာအစွမ်းကုန်ပြန်လည်တိုက်ခိုက် လိမ့်မည်။ သူသည်မြစ်လျှံရေသဖွယ်နိုင်ငံ များစွာကိုချဉ်းနင်းဝင်ရောက်လိမ့်မည်။-