ဒါဝိဒ်က``ငါသည်အလွန်ဆိုးရွားသည့် အခြေအနေနှင့်ကြုံတွေ့ရပါသည်တ ကား။ လူ့လက်ဖြင့်ဒဏ်မခံရပါစေနှင့်။ ထာဝရဘုရားပင်ဒဏ်ပေးတော်မူပါ စေ။ ကိုယ်တော်သည်ကရုဏာထားတော် မူတတ်သောအရှင်ဖြစ်ပါ၏'' ဟုဂဒ် အားဆို၏။-
ဒံယေလ 9:9 - Common Language Bible အကျွန်ုပ်တို့သည်ကိုယ်တော်အားပုန်ကန်ကြ သော်လည်း ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ကရုဏာထားတော်မူ၍အကျွန်ုပ် တို့၏အပြစ်များကိုဖြေလွှတ်တော်မူပါ၏။- Garrad Bible အ ကျွန်ုပ် တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည် ကိုယ် တော်၏ ကျွန် ပ ရော ဖက် တို့ အား ဖြင့် မျက် မှောက် တွင် ထား တော် မူ သော တ ရား လမ်း ကို မ လျှောက် မ လိုက်၊ ဗျာ ဒိတ် တော် သံ ကို နား မ ထောင် ဘဲ ကိုယ် တော် ကို ပုန် ကန် ကြ သော် လည်း အ ကျွန်ုပ် တို့၏ အ ရှင် ဘု ရား သ ခင်၌ မေ တ္တာ ကျေး ဇူး နှင့် အ ပြစ် ဖြေ လွှတ် ခွင့် ရှိ တော် မူ၏။ Judson Bible အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော်လည်း၊ အကျွန်ုပ်တို့အရှင် ဘုရားသခင်သည် ကရုဏာကိုပြခြင်း၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏အရှင် ဘုရားသခင်ကိုပုန်ကန်ကြသော်လည်း ကိုယ်တော်သည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။ အပြစ်ကို ခွင့်လွှတ်ပေးပါ၏။ |
ဒါဝိဒ်က``ငါသည်အလွန်ဆိုးရွားသည့် အခြေအနေနှင့်ကြုံတွေ့ရပါသည်တ ကား။ လူ့လက်ဖြင့်ဒဏ်မခံရပါစေနှင့်။ ထာဝရဘုရားပင်ဒဏ်ပေးတော်မူပါ စေ။ ကိုယ်တော်သည်ကရုဏာထားတော် မူတတ်သောအရှင်ဖြစ်ပါ၏'' ဟုဂဒ် အားဆို၏။-
ဤဌာနတော်သို့မျက်နှာမူလျက် အကျွန်ုပ်နှင့် ကိုယ်တော်၏လူမျိုးတော်တို့ဆုတောင်းသော အခါနားညောင်းတော်မူပါ။ ကိုယ်တော်စံတော် မူရာကောင်းကင်ဘုံကနေ၍အကျွန်ုပ်တို့၏ လျှောက်ထားချက်ကိုနားညောင်းလျက် အကျွန်ုပ် တို့၏အပြစ်ကိုဖြေလွှတ်တော်မူပါ။''
သို့ရာတွင်လည်းကရုဏာတော် ကြီးမားတော်မူသည်နှင့်အညီ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။ ဆုံးပါးပျက်စီးစေတော်မမူပါ။ ကိုယ်တော်သည်သနားကြင်နာ၍ ကရုဏာနှင့်ပြည့်စုံကြွယ်ဝတော်မူသောဘုရား ဖြစ်တော်မူပါသည်တကား။
သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးတို့သည်ကိုယ်တော်အား ရိုသေကျိုးနွံကြပါ၏။
အို ဣသရေလ၊ထာဝရဘုရား၏မေတ္တာတော်သည် ခိုင်မြဲသည်ဖြစ်၍ကိုယ်တော်သည်ကယ်တော်မူရန် အခါခပ်သိမ်းအသင့်ရှိတော်မူသောကြောင့် ကိုယ်တော်ကိုကိုးစားကြလော့။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
ကိုယ်တော်ရှင်၌ကျွန်တော်မျိုးတို့အပေါ် ကောင်းမြတ်သောသဘော၊အပြစ်လွှတ်တတ်သော သဘောရှိတော်မူပါ၏။ အထံတော်သို့ဆုတောင်းပတ္ထနာပြုသူ အပေါင်းတို့ အပေါ်ထားတော်မူသည့်ခိုင်မြဲသော မေတ္တာတော်သည်ကြွယ်ဝပါ၏။
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
ငါသည်ထာဝရဘုရား၏ပျက်ကွက်ခြင်း မရှိသော မေတ္တာတော်အကြောင်းကိုဖော်ပြမည်။ ငါတို့အဖို့ပြုတော်မူခဲ့သောအမှုတော် အပေါင်း အတွက်ကိုယ်တော်အားထောမနာပြုမည်။ ကိုယ်တော်သည်မိမိ၏မေတ္တာ ကရုဏာတော်ကိုထောက်၍ ဣသရေလအမျိုးသားတို့အားကောင်းချီး မင်္ဂလာ ကြွယ်ဝစွာချပေးတော်မူပြီ။
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-
``အကျွန်ုပ်တို့သည်အပြစ်ကူးမိကြပါ ပြီ။ အမှားကိုပြုမိကြပါပြီ။ ညစ်ညူးသူ များဖြစ်၍ပုန်ကန်မိကြပါပြီ။ အကျွန်ုပ် တို့သည်ကိုယ်တော်၏အမိန့်တော်တို့ကို ပစ်ပယ်၍ ကိုယ်တော်ပြတော်မူသောပညတ် များမှသွေဖည်မိကြပါပြီ။-
အကျွန်ုပ်တို့သည်မိမိတို့၏ဘုရင်များ၊ မင်း ညီမင်းသားများ၊ ဘိုးဘေးများမှစ၍ပြည် သူပြည်သားအပေါင်းတို့အားနာမတော် ကိုအမှီပြု၍ ကိုယ်တော်၏အစေခံပရော ဖက်တို့ဟောကြားသည်ကိုအကျွန်ုပ်တို့မ လိုက်နာခဲ့ကြပါ။-
အို အရှင်ဘုရား၊ ကိုယ်တော်သည်အခါခပ် သိမ်းဖြောင့်မှန်ရာကိုပြုတော်မူပါ၏။ သို့ ရာတွင်အကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကို အသရေပျက်စေကြပါ၏။ ယုဒပြည် ၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်း ကောင်း နေထိုင်သူများနှင့်ကိုယ်တော်အား သစ္စာဖောက်သဖြင့် ရပ်နီးရပ်ဝေးတိုင်းပြည် များသို့နှင်ထုတ်တော်မူခြင်းကိုခံရသော ဣသရေလအမျိုးသားအပေါင်းတို့သည် လည်းကောင်း ဤနည်းအတိုင်းပင်မိမိတို့ ကိုယ်ကိုအသရေပျက်စေကြပါ၏။-
အို အရှင်ဘုရားအကျွန်ုပ်တို့၏ဘုရင်များ၊ မင်းညီမင်းသားများနှင့်ဘိုးဘေးများသည် ရှက်ကြောက်ဖွယ်ရာအမှုတို့ကိုပြုကျင့် လျက်ကိုယ်တော်အားပြစ်မှားကြပါပြီ။-
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အကျွန်ုပ် တိုင်းပြည်မှမထွက်ခွာမီကပင်ကိုယ်တော် ဤသို့ပြုတော်မူမည်ဟု အကျွန်ုပ်ကြိုတင် ပြောခဲ့သည်မဟုတ်ပါလော။ ဤအကြောင်း ကြောင့်အကျွန်ုပ်သည်တာရှုမြို့သို့ထွက်ပြေး ရန်ကြိုးစားခဲ့ပါ၏။ ကိုယ်တော်သည်မေတ္တာ ကရုဏာရှိတော်မူသော၊ အစဉ်စိတ်ရှည် လျက်အကြင်နာတရားရှိတော်မူသော၊ အပြစ်ဒဏ်ခတ်သင့်သော်လည်းမခတ်ဘဲ ချမ်းသာပေးတော်မူသောဘုရားသခင် ဖြစ်တော်မူသည်ကိုအကျွန်ုပ်သိပါ ၏။-