တန်ခိုးကြီးမားသည့်နိုင်ငံများသည် ပင်လယ် မြည်ဟည်းသံ၊ လှိုင်းလုံးကြီးများရိုက်ပုတ် သံကဲ့သို့သောအသံနှင့်ထကြွသောင်း ကျန်းလျက်ရှိကြ၏။-
ဒံယေလ 7:2 - Common Language Bible လေတို့သည်အရပ်လေးမျက်နှာမှတိုက်ခတ်သဖြင့် သမုဒ္ဒရာရေပြင်တွင်ပြင်းစွာလှိုင်းတံပိုးထလေ၏။- Garrad Bible ထို သို့ ဒံ ယေ လ ပြန် ကြား ချက် ကား၊ Judson Bible ငါ ဒံယေလသည် ညအခါ အာရုံပြု၍၊ မိုးကောင်းကင် လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာပေါ်မှာ အချင်းချင်းတိုက်ကြလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ဒံယေလပြောပြသည်မှာ “ညအချိန် ငါမြင်ရသောစိတ်အာရုံတွင် မိုးကောင်းကင်အရပ်လေးမျက်နှာမှလေသည် သမုဒ္ဒရာပြင်တွင် ဝေ့ဝိုက်တိုက်ခတ်နေ၏။ |
တန်ခိုးကြီးမားသည့်နိုင်ငံများသည် ပင်လယ် မြည်ဟည်းသံ၊ လှိုင်းလုံးကြီးများရိုက်ပုတ် သံကဲ့သို့သောအသံနှင့်ထကြွသောင်း ကျန်းလျက်ရှိကြ၏။-
ကောင်းကင်အရပ်လေးမျက်နှာမှလာသော လေကိုဧလံပြည်သို့တိုက်ခတ်စေ၍ ပြည်သူ တို့အားအရပ်တကာသို့ကွဲလွင့်စေမည်။ ထို ဒုက္ခသည်များမရောက်ကြသည့်တိုင်းနိုင်ငံ တစ်ခုမျှရှိလိမ့်မည်မဟုတ်။-
ပင်လယ်ရေသည်ဗာဗုလုန်ပြည်ပေါ်သို့ လှိမ့်တက်ကာလှိုင်းတံပိုးများဖြင့်ဖုံး လွှမ်းလိုက်လေပြီ။-
သို့ရာတွင်သူ၏တန်ခိုးအာဏာအကြီး မားဆုံးအချိန်သို့ရောက်သောအခါ အင် ပါယာနိုင်ငံသည်လေးစိတ်ကွဲ၍သွားလိမ့် မည်။ သူ၏အဆက်အနွယ်မဟုတ်သူတို့သည် ထိုနိုင်ငံကိုအုပ်စိုးကြလိမ့်မည်။ သို့ရာတွင် သူတို့သည်ထိုဘုရင်လောက်တန်ခိုးကြီး ကြလိမ့်မည်မဟုတ်။
ဘုရားသခင်သည်ထိုညဥ့်၌ပင်လျှင်ဗျာဒိတ် ရူပါရုံတွင် ခက်ခဲနက်နဲသောအိပ်မက်ကို ဒံယေလအားရှင်းလင်းဖော်ပြတော်မူ၏။ ထိုအခါဒံယေလသည်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ကျေးဇူးတော်ကိုဤသို့ ချီးမွမ်းလေ၏။
ညဥ့်အခါထိုရူပါရုံတွင်ငါသည်လူသားနှင့်တူသူတစ်ဦးကိုမြင်ရ၏။ သူသည်မိုးတိမ်ခြံရံကာငါ့ထံသို့ချဉ်းကပ်လာ၏။ ထိုနောက်ထာဝစဉ်အသက်ရှင်တော်မူသောအရှင်၏ထံတော်သို့ရောက်ရှိသွားသဖြင့်သူသည်ကိုယ်တော်၏ရှေ့တော်သို့ဝင်ခွင့်ရလေသည်။-
ငါသည်ကြည့်ရှုနေစဉ်စတုတ္ထသားရဲကိုမြင်ရ၏။ ထိုသားရဲသည်ခွန်အားကြီး၍ထိတ်လန့်ကြောက်မက်ဖွယ်ကောင်း၏။ သူ၏သွားကြီးများဖြင့်ရန်သူတို့ကိုကိုက်ဝါးကာခြေဖြင့်နင်းချေ၏။ ဤသားရဲသည်အခြားသားရဲများနှင့်မတူချေ။ သူ့မှာဦးချိုဆယ်ချောင်းရှိ၏။-
ထိုဗျာဒိတ်ရူပါရုံထဲတွင်ငါသည်ဧလံ ပြည်နယ်မြို့ရိုးများကာရံထားသော ရှုရှန် မြို့တွင်းသို့ရုတ်တရက်ရောက်ရှိနေသည် ကိုတွေ့ရ၏။ ငါသည်ဥလဲမြစ်အနီးတွင် ရပ်၍၊-
ဆိတ်သည်ပို၍ပို၍မာန်မာနထောင်လွှား လာ၏။ သို့ရာတွင်သူတန်ခိုးအကြီးဆုံး အချိန်သို့ရောက်သောအခါသူ၏ဦးချို သည်ကျိုးသွားပြီးလျှင် ထိုဦးချို၏နေရာ တွင်အရပ်လေးမျက်နှာသို့ငေါထွက်နေ သောဦးချိုလေးချောင်းပေါက်၍လာလေ သည်။-
ကောင်းကင်တမန်က``ယင်းတို့သည်လေလေးပါး ဖြစ်၏။ ထိုလေတို့သည်ကမ္ဘာမြေပြင်တစ်ခုလုံး ကိုအစိုးရသောအရှင်၏ရှေ့တော်မှောက်မှ ယခုပင်ထွက်လာခဲ့ကြ၏'' ဟုဆိုလေသည်။
ထိုနောက်လူသားသည်ကြီးမားသောတံပိုးခရာ ကိုမှုတ်စေပြီးလျှင်မိမိ၏ကောင်းကင်တမန်များ အား အရပ်လေးမျက်နှာသို့စေလွှတ်၍ကမ္ဘာမြေ ကြီးတစ်စွန်းမှတစ်စွန်းအထိရှိကြသော ကိုယ် တော်ရွေးချယ်ထားတော်မူသောသူတို့ကိုစု သိမ်းစေတော်မူလိမ့်မည်။
ထိုနောက်ကောင်းကင်တမန်ကငါ့အား``ပြည့် တန်ဆာမထိုင်လျက်နေသည့်ရေသည်တိုင်းနိုင်ငံ များရှိဘာသာစကားအမျိုးမျိုးကိုပြောသော လူမျိုးများ၊ ပြည်သူပြည်သားများဖြစ်၏။-
ထိုနောက်ကောင်းကင်တမန်လေးပါးတို့သည် ကမ္ဘာမြေကြီးစွန်းအရပ်လေးမျက်နှာတွင် ရပ်လျက်နေသည်ကိုငါမြင်ရ၏။ သူတို့သည် ကုန်းမြေပေါ်နှင့်ပင်လယ်ပြင်၌သော်လည်းကောင်း၊ သစ်ပင်များကိုသော်လည်းကောင်းလေမတိုက် ခတ်နိုင်စေရန် အရပ်လေးမျက်နှာမှလေတို့ ကိုဆွဲကိုင်ထားကြ၏။-