ငါ၏အကျိုးကိုထပ်မံ၍မထိမခိုက်စေရန်ယင်းအမိန့်ကိုချက်ချင်းထုတ်ပြန်ကြရမည်'' ဟူ၍တည်း။
ဒံယေလ 6:3 - Common Language Bible ထို့နောက်မကြာမီဒံယေလသည်အခြား ကြီးကြပ်ရေးအဖွဲ့ဝင်များဘုရင်ခံများ ထက်ပို၍ အရည်အချင်းကောင်းမွန်သူ ဖြစ်ကြောင်းသိသာထင်ရှားလာ၏။ သူသည် အလွန်ပင်ထူးချွန်သဖြင့် မင်းကြီးသည် သူ့အားအင်ပါယာနိုင်ငံတစ်ခုလုံးကို ကွပ်ကဲအုပ်ချုပ်စေရန်အကြံရှိတော် မူ၏။- Garrad Bible ထို ဒံ ယေ လ၌ ထူး ချွန် သော စိတ် ရှိ သ ဖြင့် ဘု ရင် ခံ၊ ဘု ရင် ခံ ချုပ် တ ကာ တို့ ထက် ကဲ လွန် သော ကြောင့် ဘု ရင် မင်း သည် နိုင် ငံ တစ် ဝှမ်း လုံး အ ပေါ် တွင် ခန့် ထား မည် ဟု ကြံ စည် လေ၏။ Judson Bible ထူးဆန်းသော ဉာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော်တစ်နိုင်ငံလုံးကို သူ၌ အပ်နှင်းမည်ဟု ရှင်ဘုရင်သည် အကြံရှိတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဒံယေလတွင် ထူးကဲသောဝိညာဉ်ရှိ၍ အခြားအုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအရာရှိတို့ထက် ထူးချွန်ထက်မြက်သောကြောင့် ရှင်ဘုရင်သည် သူ့အား နိုင်ငံတော်တစ်ခုလုံးကို အုပ်ချုပ်စေမည်ဟု အကြံရှိ၏။ |
ငါ၏အကျိုးကိုထပ်မံ၍မထိမခိုက်စေရန်ယင်းအမိန့်ကိုချက်ချင်းထုတ်ပြန်ကြရမည်'' ဟူ၍တည်း။
ထိုနောက်ငါသည်ယေရုရှလင်မြို့ကိုအုပ်ချုပ်ရန် ငါ့ညီဟာနန်နှင့်ရဲတိုက်မှူးဟာနနိတို့ကိုတာဝန်ပေးအပ်၏။ ဟာနနိသည်စိတ်ချယုံကြည်ရသူ၊ ဘုရားသခင်ကိုအထူးကြောက်ရွံ့ရိုသေသူဖြစ်၏။-
ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
သိပ္ပံအတတ်နှင့်ပြည့်စုံသော သူသည် စကား မများတတ်။ ဥာဏ်ကောင်းသောသူသည်လည်း၊ ဧသော စိတ်ရှိတတ်၏။
ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။
သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။
သူသည်အိပ်မက်များ၏အနက်ကိုပြန်ဆိုမှု၊ ခက်ခဲသောအမေးပုစ္ဆာများကိုဖြေရှင်းမှု၊ လျှို့ဝှက်နက်နဲသောအရာများကိုထုတ်ဖော် မှုတို့တွင်အထူးတတ်ကျွမ်းသူဖြစ်ပါ၏။ သို့ ဖြစ်၍ဗေလတရှာဇာဟူသောဘွဲ့နာမကို ခမည်းတော်ပေးအပ်တော်မူခဲ့သူဒံယေလ အားဆင့်ခေါ်ပါ။ သူသည်စာတန်း၏အနက် ကိုဖော်ပြပါလိမ့်မည်'' ဟုဆို၏။
ဘုရားများ ၏ဝိညာဉ်သည်သင်၏အတွင်း၌ကိန်းအောင်းသည် ဖြစ်၍ သင်သည်ကျွမ်းကျင်လိမ်မာလျက်၊ အသိ အမြင်ဉာဏ်ပညာတို့ဖြင့်ပြည့်စုံသူဖြစ်ကြောင်း ငါကြားသိရသည်။-
သို့ဖြစ်၍ပယောဂဆရာများ၊ မှော်ဆရာ များနှင့်နက္ခတ်ဆရာများကိုခေါ်သွင်းရန် ဟစ်အော်၍ မင်းချင်းတစ်ယောက်အားစေခိုင်း တော်မူ၏။ ထိုသူတို့ရောက်ရှိလာကြသော အခါမင်းကြီးက``ထိုစာတန်းကိုဖတ်၍ အနက်ကိုငါ့အားပြောကြားနိုင်သူအား တော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ်စေမည်။ ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုလည်းဆွဲ စေလျက်နိုင်ငံတော်တွင်တတိယတန်ခိုး အကြီးဆုံးသောသူအဖြစ်ငါခန့်ထား မည်'' ဟုမိန့်တော်မူ၏။-
သင်သည်ဘုရားသခင်အားစတင်အသ နားခံသောအခါ ကိုယ်တော်သည်သင့်ပတ္ထနာ ကိုနားထောင်တော်မူ၏။ ကိုယ်တော်သည်သင့် အားချစ်မြတ်နိုးတော်မူသည်ဖြစ်၍ ကိုယ် တော်၏ဖြေကြားချက်ကိုသင့်အားဖော် ပြရန် ငါ့ကိုစေလွှတ်တော်မူသည်။ ဗျာဒိတ် ရူပါရုံအကြောင်းကိုငါရှင်းလင်းဖော်ပြ နေစဉ်ဂရုပြု၍နားထောင်လော့။