ဒံယေလ 5:12 - Common Language Bible12 သူသည်အိပ်မက်များ၏အနက်ကိုပြန်ဆိုမှု၊ ခက်ခဲသောအမေးပုစ္ဆာများကိုဖြေရှင်းမှု၊ လျှို့ဝှက်နက်နဲသောအရာများကိုထုတ်ဖော် မှုတို့တွင်အထူးတတ်ကျွမ်းသူဖြစ်ပါ၏။ သို့ ဖြစ်၍ဗေလတရှာဇာဟူသောဘွဲ့နာမကို ခမည်းတော်ပေးအပ်တော်မူခဲ့သူဒံယေလ အားဆင့်ခေါ်ပါ။ သူသည်စာတန်း၏အနက် ကိုဖော်ပြပါလိမ့်မည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Judson Bible12 အကြောင်းမူကား၊ အိပ်မက်အနက်ကို ဖတ်ခြင်း၊ နက်နဲခက်ခဲသောအရာကို ဖွင့်ပြခြင်း၊ ပုစ္ဆာအမေးကို ဖြေခြင်းငှာ တတ်စွမ်းနိုင်သော ဉာဏ်ပညာနှင့်တကွ၊ ထူးဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလအမည်ရှိသော ထိုသူတွင် ထင်ရှားလျက်ရှိပါ၏။ ဗေလတရှာဇာဟူသော ဘွဲ့နာမကိုလည်း ရှင်ဘုရင် ပေးသနားတော်မူ၏။ ထိုဒံယေလကို ခေါ်တော်မူလျှင်၊ အနက်ကို ဟောပြောပါလိမ့်မည်ဟု လျှောက်သော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ဗေလတရှာဇာဟု ခမည်းတော်က နာမည်ပေးထားသောဒံယေလ၌ ထူးကဲသောဉာဏ်၊ အသိပညာ၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ အိပ်မက်အနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ စကားထာအနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်သောဉာဏ် ရှိကြောင်းသိရပါ၏။ ထို့ကြောင့် ဒံယေလကိုဆင့်ခေါ်ပါ။ သူသည် အနက်အဓိပ္ပာယ်ကိုဖော်ပြပေးပါလိမ့်မည်”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊ ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။-
ထိုနောက်(ငါကိုးကွယ်သောဘုရား၏နာမည် ဖြစ်သည့်ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလသည်ငါ၏ရှေ့တော်သို့ ရောက်ရှိလာလေသည်။ သန့်ရှင်းမြင့်မြတ်သည့် ဘုရားတို့၏ဝိညာဉ်သည်သူ၏အတွင်း၌ ကိန်းအောင်းသဖြင့် ငါသည်သူ့အားငါအ ဘယ်သို့အိပ်မက်မြင်မက်သည်ကိုပြော ပြ၏။-
သင်သည်တိမ်မြုပ်နေသောအနက်တို့ကိုဖော် ထုတ်နိုင်၍ လျှို့ဝှက်ခက်ခဲသောအရာတို့ကို ရှင်းလင်းဖော်ပြနိုင်ကြောင်းငါကြားသိတော် မူရသည်။ သင်သည်ဤစာတန်းကိုဖတ်၍ အနက်ကိုငါ့အားဖော်ပြနိုင်ပါလျှင် ငါသည် သင့်အားတော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ် စေ၍ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုဆွဲ စေလျက် ငါ၏နိုင်ငံတော်တွင်တတိယတန် ခိုးအကြီးဆုံးသောသူအဖြစ်ခန့်ထား မည်'' ဟုမိန့်တော်မူ၏။
ထိုအခါအခြားကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်ဘုရင်ခံတို့သည် ဒံယေလ၏စီမံ အုပ်ချုပ်မှု၌အမှားကိုရှာကြလေသည်။ သို့ရာတွင်မည်သည့်အမှားကိုမျှမတွေ့ မရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ဒံယေလ သည်သစ္စာရှိသူဖြစ်သဖြင့်မည်သည့်အမှား၊ မည်သည့်မရိုးမဖြောင့်မှုကိုမျှမပြု သောကြောင့်ဖြစ်၏။-