မင်းကြီးသည်နန်းတော်သို့ပြန်တော်မူ၍ တစ်ညဥ့်လုံးစားတော်မခေါ်။ အဘယ်သို့ သောဖြေဖျော်မှုကိုမျှခံယူတော်မမူ။ စက်တော်ခေါ်၍မပျော်နိုင်။
ထို့ နောက် ဘု ရင် မင်း သည် နန်း တော် သို့ ပြန် ၍ တစ် ညဉ့် လုံး ပွဲ တော် မ တည်၊ အ ငြိမ့် တော် များ ကို လည်း မ သွင်း စေ ဘဲ စက် သော် လည်း မ ပျော် နိုင်။
ထိုနောက်၊ ရှင်ဘုရင်သည် နန်းတော်သို့ ပြန်၍ တစ်ညလုံး စားတော်မခေါ်၊ အငြိမ့်တန်ဆာကို အထံတော်သို့ မသွင်းစေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။
ရှင်ဘုရင်သည် နန်းတော်သို့ပြန်လာ၍ တစ်ညလုံး စားတော်မခေါ်၊ ဖျော်ဖြေပွဲများလည်း ရှေ့တော်မသွင်း၊ စက်တော်လည်း မခေါ်နိုင်ဘဲ ရှိလေ၏။
ထိုနောက်ရှောလု၏မြေးမေဖိဗောရှက်သည် မင်းကြီးအားခရီးဦးကြိုပြုရန်လာရောက် ၏။ သူသည်မင်းကြီးယေရုရှလင်မြို့ကထွက် ခွာသွားချိန်မှအစပြု၍ အောင်မြင်စွာပြန် လည်ရောက်ရှိလာချိန်အထိ မိမိ၏ခြေတို့ ကိုမဆေး၊ မုတ်ဆိတ်ကိုမညှပ်၊ အဝတ်အစား ကိုလည်းမလျှော်မဖွတ်ဘဲနေ၏။-
ဧလိယဆင့်ဆိုပြောကြားသောအခါ အာဟပ် သည်မိမိ၏အဝတ်များကိုဆုတ်ဖြဲပြီးလျှင် လျှော်တေကိုဝတ်၏။ သူသည်စားတော်မခေါ် ဘဲလျှော်တေဝတ်၍အိပ်၏။ သွားလာရာ၌ လည်းမှိုင်တွေလျက်နေ၏။
ထိုည၌မင်းကြီးသည်စက်တော်ခေါ်၍မရ သဖြင့် အင်ပါယာနိုင်ငံတော်မှတ်တမ်းများ ကိုတောင်းယူကာဖတ်ပြစေတော်မူ၏။-
သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။
အနီးအနားရှိမိုးမခပင်များတွင်ငါတို့၏ စောင်းများကိုချိတ်ဆွဲထားကြ၏။
ကိုယ်တော်သည်ငါ့အားတစ်ညလုံးအိပ်ပျော်ခွင့်ကို ပေးတော်မမူပါ။ ငါသည်ပူပင်သောကရောက်ရလွန်းသဖြင့် စကားပင်မပြောနိုင်ပါ။
ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။
သူတို့သည်ကျွန်တော်မျိုးအားအရှင်လတ်လတ် တွင်းထဲသို့ပစ်ချကာကျောက်တုံးနှင့် တွင်းဝကိုပိတ်ကြပါ၏။
မွန်မြတ်သောအစာသို့မဟုတ်အသားကို မစား၊ စပျစ်ရည်ကိုမသောက်၊ ခေါင်းမဖြီး ဘဲသီတင်းသုံးပတ်ကုန်ဆုံးချိန်တိုင်အောင် နေ၏။
နေဗုခဒ်နေဇာမင်းသည်နန်းစံဒုတိယ နှစ်တွင် အိပ်မက်ကိုမြင်မက်၍လွန်စွာစိတ် ပူပန်သဖြင့်စက်တော်ခေါ်၍မရ။-
မိုးသောက်ချိန်၌မင်းကြီးသည်ထ၍ ခြင်္သေ့တွင်းသို့အလျင်အမြန်ကြွ တော်မူ၏။-
သင်၏ထံတွင်စောင်းသံ၊ သီချင်းသံ၊ ပလွေသံ၊ တံပိုး ခရာသံတို့ကိုနောက်တစ်ဖန်ကြားရတော့မည် မဟုတ်။ အဘယ်အလုပ်သမားမျှသင့်ထံတွင် တွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း ကြားရတော့မည်မဟုတ်။-