ထိုအခါအဒေါနိယ၏ ဧည့်သည်တော်တို့ သည်ကြောက်လန့်ကြသဖြင့် ထ၍တစ်ယောက် တစ်လမ်းစီပြန်သွားကြ၏။-
ဒံယေလ 5:4 - Common Language Bible ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်နှင့် ပြုလုပ်သောဘုရားတို့ကိုထောမနာပြု ကြ၏။ Garrad Bible စ ပျစ် ရည် ကို သောက် လျက် ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သစ် သား၊ ကျောက် နှင့် လုပ် သော ဘု ရား များ ကို ချီး မွမ်း ကြ လေ ၏။ Judson Bible စပျစ်ရည်ကိုသောက်၍၊ ရွှေဘုရား၊ ငွေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ စပျစ်ဝိုင်ကိုသောက်ရင်း ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ |
ထိုအခါအဒေါနိယ၏ ဧည့်သည်တော်တို့ သည်ကြောက်လန့်ကြသဖြင့် ထ၍တစ်ယောက် တစ်လမ်းစီပြန်သွားကြ၏။-
ရုပ်တုများကိုယုံကြည်ကိုးစားကြသူတို့သည် လည်းကောင်း၊ ရုပ်တုများကိုမိမိတို့၏ဘုရားဟုခေါ်ဝေါ်ကြ သူတို့သည်လည်းကောင်း ရှုတ်ချခြင်းကိုခံရ၍အသရေပျက်ကြလိမ့် မည်။''
``ငါတစ်ပါးတည်းသာလျှင်သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။ ငါ၏ဘုန်းအသရေကိုအခြားအဘယ် ဘုရားမျှ ခံယူရလိမ့်မည်မဟုတ်။ ငါသည်မိမိအားရုပ်တုများနှင့်အတူထောမနာ ပြုခွင့်ကိုလည်းပေးလိမ့်မည်မဟုတ်။
ဒံယေလသည်ပွဲတော်စာနှင့်စပျစ်ရည်တို့ကိုစားသောက်ခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာရေးကျင့်ထုံးအရမညစ်ညမ်းစေရန်စိတ်ပိုင်းဖြတ်ပြီးလျှင် မိန်းမစိုးအုပ်အာရှပေနတ်၏အကူအညီကိုတောင်းခံလေ၏။-
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
ချက်ချင်းပင်ရွှေဖလားများရောက်ရှိလာ သောအခါ သူတို့သည်ထိုဖလားတို့ဖြင့် သောက်လျက်၊-
ထိုအခါလူ၏လက်တစ်ဖက်သည်ရုတ် တရက်ပေါ်လာပြီးလျှင် မီးအလင်းရောင် အများဆုံးရရှိသည့်နန်းတော်နံရံတွင် စာတန်းတစ်ခုကိုရေးသားလေ၏။ ယင်း သို့ရေးသားနေသည်ကိုမင်းကြီးမြင် တော်မူလျှင်၊-
သို့ဖြစ်သောကြောင့်ပြည်နှင်ခံရသူများအနက် သင်တို့သည်အဦးဆုံးဖြစ်လိမ့်မည်။ ဤသို့ဖြင့် သင်တို့ဘာသာရေးပွဲများနှင့် စားတော်ပွဲများ သည်နိဂုံးချုပ်ရလိမ့်မည်။
သင်တို့သည်အမင်္ဂလာရှိကြ၏။ သစ်သား% တုံးအား``နိုးတော်မူပါ'' ဟူ၍လည်းကောင်း၊ % ကျောက်တုံးအား``ထတော်မူပါ'' ဟူ၍လည်း% ကောင်းသင်တို့ဆိုတတ်ကြ၏။ ရုပ်တုတစ်ခု% သည်သင်တို့အားအဘယ်အမှုကိုရှင်းလင်း% ဖော်ပြနိုင်ပါသနည်း။ ရွှေငွေများဖြင့်မွမ်း% မံထားကောင်းထားမည်ဖြစ်သော်လည်း % ထိုရုပ်တုတွင်အသက်ကားမရှိ။ %
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည့်အားလျော်စွာ ဘုရားသခင်သည် လူတို့၏စိတ်ကူးနှင့်အနုပညာစွမ်းရည်ဖြင့် ထုလုပ်ထားသောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက် ရုပ်တုတို့နှင့်တူတော်မူသည်ဟုမထင်မမှတ် အပ်။-