ဒံယေလ 1:8 - Common Language Bible8 ဒံယေလသည်ပွဲတော်စာနှင့်စပျစ်ရည်တို့ကိုစားသောက်ခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာရေးကျင့်ထုံးအရမညစ်ညမ်းစေရန်စိတ်ပိုင်းဖြတ်ပြီးလျှင် မိန်းမစိုးအုပ်အာရှပေနတ်၏အကူအညီကိုတောင်းခံလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ဒံ ယေ လ မူ ကား ပွဲ တော် စာ နှင့် စ ပျစ် ရည် တော် ဖြင့် ကိုယ် ကို မ သန့် အောင် မ ပြု ရာ ဟု အ ကြံ ရှိ ၍ မ သန့် အောင် မ ပြု ရ စေ ရန် မိန်း မ စိုး အုပ် ထံ အ ခွင့် ပန် ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ဒံယေလမူကား၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟုအကြံရှိ၍၊ မိမိကို မညစ်ညူးစေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဒံယေလသည် ဘုရင့်အစားအစာနှင့် ဘုရင်သောက်သောစပျစ်ဝိုင်တို့ဖြင့် မိမိကိုယ်ကိုမညစ်ညူးစေရန် စိတ်ပိုင်းဖြတ်ထားသဖြင့် ထိုအရာတို့ဖြင့် မိမိကိုယ်ကိုညစ်ညူးအောင်မပြုပါရစေနှင့်ဟု နန်းတော်အုပ်ထံ အခွင့်တောင်းလေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။-