ထိုနောက်ဘုရင်ကမှူးမတ်တို့အား``ယောသပ် သည်ဘုရားထံမှဉာဏ်ပညာကိုရရှိသူဖြစ် ၏။ သူ့ထက်သာသောသူကိုငါတို့ရှာ၍မ တွေ့နိုင်'' ဟုမိန့်တော်မူ၏။-
ဒံယေလ 4:9 - Common Language Bible ငါကသူ့အား``ဗေဒင်ဆရာတို့၏အကြီး အမှူးဖြစ်သောဗေလတရှာဇာ၊ သင့်အတွင်း ၌သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့၏ဝိညာဉ် ကိန်းအောင်းကြောင်းကိုလည်းကောင်း၊ လျှို့ဝှက် ခက်ခဲသည့်အရာခပ်သိမ်းကိုသင်နားလည် ကြောင်းကိုလည်းကောင်းငါသိ၏။ အိပ်မက် တွင်ငါတွေ့မြင်ရသည့်ရူပါရုံအကြောင်း ကိုနားထောင်၍အနက်ကိုငါ့အားပြော ကြားပါလော့။ Garrad Bible ၎င်း အိပ် မက် ကို ငါ ပြန် ကြား မိန့် ဆို သည် မှာ အ ချင်း ဗေ ဒင် ဆ ရာ ချုပ် ဗေ လ တ ရှာ ဇာ၊ သင်၌ သန့် ရှင်း သော ဘု ရား များ၏ ဝိ ညာဉ် ရှိ သ ဖြင့် မည် သည့် ကွယ် ဝှက် ရာ မ ဆို စိတ် ပင် ပန်း စ ရာ အ ကြောင်း မ ဖြစ် သည် ကို ငါ သိ သည် နှင့် အ ညီ ငါ မြင် သော အိပ် မက် ရူ ပါ ရုံ ကို အ နက် ပါ ဖော် ပြ လော့။ Judson Bible အချင်းမာဂုဆရာချုပ် ဗေလတရှာဇာ၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသည်ကိုလည်းကောင်း၊ နက်နဲသောအရာရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကိုလည်းကောင်း ငါသိ၏။ သို့ဖြစ်၍၊ ငါမြင်မက်သော အိပ်မက်၏ အနက်ကို ဖော်ပြလော့။ မြန်မာ့စံမီသမ္မာကျမ်း “အို မှော်ဆရာချုပ်ကြီးဗေလတရှာဇာ၊ သင်၌ သန့်ရှင်းသောဘုရားများ၏ဝိညာဉ်တည်သောကြောင့် မည်သည့်နက်နဲသောအရာမျှ သင့်အတွက် မခက်ခဲကြောင်းကို ငါသိ၏။ ထို့ကြောင့် စိတ်အာရုံတွင် ငါမြင်မက်သောအိပ်မက်နှင့် အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။ |
ထိုနောက်ဘုရင်ကမှူးမတ်တို့အား``ယောသပ် သည်ဘုရားထံမှဉာဏ်ပညာကိုရရှိသူဖြစ် ၏။ သူ့ထက်သာသောသူကိုငါတို့ရှာ၍မ တွေ့နိုင်'' ဟုမိန့်တော်မူ၏။-
လူမျိုးခြားအခွန်ခံများနှင့်သူလျှိုတို့အား သင်တို့ကြောက်ရွံ့ရမှုများသည်အတိတ် ကာလမှအဖြစ်အပျက်များသာလျှင် ဖြစ်၍နေလိမ့်မည်။-
သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။ နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။
အမြင့်ဆုံးသောဣသရေလတောင်ပေါ်မှာ စိုက်မည်။ ထိုအပင်သည်အကိုင်းအခက်များထွက်၍ အသီးသီးကာ လှပတင့်တယ်သောအာရစ်ပင်ဖြစ်လာလိမ့်မည်။ ထိုအပင်၌ငှက်အမျိုးမျိုးတို့အသိုက် လုပ်ကြလိမ့်မည်။ အပင်ရိပ်တွင်လည်းခိုလှုံကြလိမ့်မည်။
မိမိကိုယ်ကိုဒံယေလထက်ပင်ပညာရှိ သည်ဟူ၍ မိမိထံမှအဘယ်အရာမျှ လျှို့ဝှက်မထားနိုင်ဟူ၍ထင်မှတ်၏။-
မင်းကြီးသည်အဘယ်မေးခွန်းကိုပင်မေးသည်မဆို၊ အဘယ်ပြဿနာကိုပင်တင်ပြသည်မဆိုထိုသူလေးဦးတို့သည်နိုင်ငံတစ်ဝန်းလုံးရှိဗေဒင်ဆရာ၊ မှော်ဆရာများထက်ဆယ်ဆမျှပို၍တတ်သိနားလည်ကြသည်ကိုတွေ့ရှိတော်မူ၏။-
မင်းကြီးက``သင်သည်ဤလျှို့ဝှက်ခက်ခဲ သောအမှုတို့ကိုဖြေရှင်းနိုင်သည်ဖြစ်၍ သင်၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်တော်မူပါ၏။ ဘုရင် တကာတို့ကိုအစိုးရသောအရှင်၊ လျှို့ ဝှက်ခက်ခဲသောအရာတို့ကိုဖွင့်ပြတော် မူသောအရှင်ဖြစ်တော်မူပါ၏'' ဟုဆို၏။
ထိုနောက်မင်းကြီးသည်ဒံယေလအားကြီး မြင့်သောရာထူးဖြင့်ချီးမြှင့်တော်မူပြီး လျှင် အဖိုးတန်ဆုတော်လာဘ်တော်အမြောက် အမြားကိုပေးအပ်ကာဗာဗုလုန်နိုင်ငံရှိ အတိုင်ပင်ခံအရာရှိအပေါင်းတို့၏ခေါင်း ဆောင်အဖြစ်ဖြင့်လည်းကောင်း၊ ဗာဗုလုန် ပြည်နယ်ကိုအုပ်စိုးရသောမင်းအဖြစ် ဖြင့်လည်းကောင်းခန့်ထားတော်မူ၏။-
နေဗုခဒ်နေဇာမင်းက``ဤကားငါမြင်မက် သည့်အိပ်မက်ဖြစ်၏။ အချင်းဗေလတရှာဇာ၊ ယခုငါ့အားထိုအိပ်မက်၏အနက်ကိုဖော် ပြပါလော့။ ယင်းကိုငါ၏အတိုင်ပင်ခံ အရာရှိတစ်ယောက်မျှမဖော်ပြနိုင်ပါ။ သို့ရာတွင်သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့ ၏ဝိညာဉ်သည်သင့်၏အထဲ၌ကိန်းအောင်း သည်ဖြစ်၍သင်သည်ထိုအိပ်မက်၏အနက် ကိုဖော်ပြနိုင်ပါ၏'' ဟုမိန့်တော်မူ၏။
ကြောက်မက်ဖွယ်ကောင်းသောအိပ်မက်ကို မြင်မက်၍ ထိတ်လန့်ဖွယ်ရာရူပါရုံများ ကိုမြင်ရ၏။-
ထိုနောက်(ငါကိုးကွယ်သောဘုရား၏နာမည် ဖြစ်သည့်ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလသည်ငါ၏ရှေ့တော်သို့ ရောက်ရှိလာလေသည်။ သန့်ရှင်းမြင့်မြတ်သည့် ဘုရားတို့၏ဝိညာဉ်သည်သူ၏အတွင်း၌ ကိန်းအောင်းသဖြင့် ငါသည်သူ့အားငါအ ဘယ်သို့အိပ်မက်မြင်မက်သည်ကိုပြော ပြ၏။-
သင်၏နိုင်ငံတော်တွင်သန့်ရှင်းမြင့်မြတ်သော ဘုရားတို့၏ဝိညာဉ်ဖြင့်ပြည့်ဝသူလူတစ် ယောက်ရှိပါ၏။ သင်၏ခမည်းတော်နန်းစံစဉ် အခါက ထိုသူ၌အသိပညာနှင့်အမြော် အမြင်၊ ဘုရားကဲ့သို့ပညာဉာဏ်ရှိကြောင်း ထင်ရှားခဲ့ပါ၏။ သင်၏ခမည်းတော်နေဗုခဒ် နေဇာမင်းသည်သူ့အားဗေဒင်ဆရာ၊ မှော် ဆရာ၊ ပယောဂဆရာနှင့်နက္ခတ်ဆရာတို့ ၏အကြီးအမှူးအဖြစ်ဖြင့်ခန့်ထားတော် မူခဲ့ပါ၏။-
ထိုတန်ခိုးကြီးသောဘုရားများ၏လက်မှ ငါတို့အားအဘယ်သူကယ်နိုင်ပါမည်နည်း။ ထိုဘုရားများကားအီဂျစ်အမျိုးသားတို့ အား တောကန္တာရတွင်သုတ်သင်သတ်ဖြတ် သောဘုရားများဖြစ်၏။-