လာဗန်ကယင်းကျောက်ပုံကိုယေဂါသဟာ ဒုသ ဟူ၍လည်းကောင်း၊ ယာကုပ်ကဂိလဒ် ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလေ သည်။-
ဒံယေလ 2:4 - Common Language Bible ထိုသူတို့ကအာရမိဘာသာစကားဖြင့် ``အရှင်မင်းကြီးသက်တော်ရာကျော်ရှည် ပါစေ။ အရှင်၏အိပ်မက်ကိုမိန့်ကြားတော် မူပါ။ အကျွန်ုပ်တို့အနက်ဖွင့်ပြပါမည်'' ဟုလျှောက်ထားကြ၏။ Garrad Bible ခါ လ ဒဲ ဆ ရာ တို့ က ဘု ရင် မင်း မြတ် ကာ လ အ စဉ် သက် တော် ရှည် ပါ စေ။ အိပ် မက် တော် ကို ကျွန် တော် မျိုး တို့ အား ပြန် ကြား တော် မူ လျှင် အ နက် ဖတ် ကြ ပါ မည် ဟု အာ ရံ ဘာ သာ စ ကား ဖြင့် တင် လျှောက် ကြ ၏။ Judson Bible ခါလဒဲပညာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက်တော်ကိုမိန့်တော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဖော်ပြပါမည်ဟု၊ ရှုရိဘာသာဖြင့် လျှောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ခါလဒဲပညာရှိတို့ကလည်း အာရမိတ်ဘာသာစကားဖြင့် ရှင်ဘုရင်အား “အို အရှင်မင်းကြီး၊ သက်တော်ထာဝရတည်ပါစေသော။ ကျွန်တော်မျိုးတို့အား အိပ်မက်ကိုပြောပြတော်မူပါ။ ကျွန်တော်မျိုးတို့ အနက်အဓိပ္ပာယ်ကို ဖွင့်ပြပါမည်”ဟု ပြန်လျှောက်ကြ၏။ |
လာဗန်ကယင်းကျောက်ပုံကိုယေဂါသဟာ ဒုသ ဟူ၍လည်းကောင်း၊ ယာကုပ်ကဂိလဒ် ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလေ သည်။-
နံနက်အချိန်ရောက်သောအခါဘုရင်သည် စိတ်သောကရောက်သဖြင့် အီဂျစ်ပြည်ရှိမှော် ဆရာနှင့်ပညာရှိအပါင်းတို့အားဆင့်ခေါ် လေ၏။ ဘုရင်သည်မိမိ၏အိပ်မက်ကိုထိုသူ တို့အားပြောပြသော်လည်း တစ်ယောက်မျှ အနက်ကိုဖွင့်မပြနိုင်ချေ။
ယနေ့ပင်လျှင်သူသည်ယဇ်ပလ္လင်သို့သွား၍ နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ်များကိုယဇ် ပူဇော်ပါ၏။ သူသည်အရှင့်သားတော်အပေါင်း နှင့်တပ်မတော်ဗိုလ်ချုပ်ယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့ကိုခေါ်ဖိတ်သဖြင့် ယခု အချိန်၌သူတို့သည်အဒေါနိယနှင့်အတူ စားသောက်ကာ`အဒေါနိယမင်းသက်တော် ရှည်ပါစေသော်' ဟုကြွေးကြော်လျက်နေ ကြပါ၏။-
ဗာသရှေဘသည်ဦးညွတ်ပျပ်ဝပ်လျက်``ကျွန်မ ၏သခင် အရှင်မင်းကြီးသည်သက်တော်ရှည် ပါစေသော'' ဟုမြွက်ဆိုလေ၏။
ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာတို့ သည် ထိုအရာရှိအား``အရှင်၊ အာရမိဘာသာ စကားဖြင့်အကျွန်ုပ်တို့အားအမိန့်ရှိပါ။ ထို စကားကိုအကျွန်ုပ်တို့နားလည်ပါသည်။ ဟေဗြဲ ဘာသာစကားကိုမသုံးပါနှင့်။ မြို့ရိုးပေါ်ရှိ လူအပေါင်းတို့နားထောင်လျက်နေကြပါ သည်'' ဟုပြော၏။
တစ်ဖန်ပေရသိဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့်သူတို့၏အပေါင်းအဖော်တို့သည် မင်းကြီးထံသို့လျှောက်လွှာတင်သွင်းကြ၏။ ထိုလျှောက်လွှာကိုအာရမိဘာသာစကားဖြင့် ရေးသားပြန်ဆိုကာဖတ်ပြရန်ပင်ဖြစ်သည်။
``အရှင်မင်းကြီးသည်ထာဝစဉ်သက် တော်ရှည်ပါစေသော။ ကျွန်တော်မျိုး၏ ဘိုးဘေးများအားသင်္ဂြိုဟ်ရာမြို့သည် ပျက်စီးယိုယွင်းလျက်မြို့တံခါးများ သည်လည်းမီးလောင်ကျွမ်းကုန်ပြီဖြစ် သဖြင့် ကျွန်တော်မျိုးသည်အဘယ်သို့ လျှင်မျက်နှာမညှိုးငယ်ဘဲနေနိုင်ပါ မည်နည်း'' ဟုပြန်လည်လျှောက်ထား၏။
ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည်ထိုအရာရှိအား``အရှင်၊ အာရမိ ဘာသာစကားဖြင့်အကျွန်ုပ်တို့အားအမိန့် ရှိပါ၊ ထိုစကားကိုအကျွန်ုပ်တို့နားလည် ပါသည်။ ဟေဗြဲဘာသာစကားကိုမပြော ပါနှင့်။ မြို့ရိုးပေါ်ရှိလူအပေါင်းတို့နား ထောင်လျက်နေကြပါသည်'' ဟုပြော၏။
ငါသည်ဗေဒင်ဆရာတို့ကိုအရူးဖြစ်စေ၍ နက္ခတ်ဆရာတို့၏ဟောကြားချက်များကို ပျက်ပြားစေ၏။ ပညာရှိတို့၏စကားများကိုချေပ၍သူတို့ ပညာရှိမှုသည်မိုက်မဲမှုဖြစ်နေပုံကိုပြသ ပေး၏။
ထိုသူတို့က``အရှင်မင်းကြီး၏အိပ်မက်ကို အကျွန်ုပ်တို့အားဖော်ပြတော်မူပါလျှင် အကျွန်ုပ်တို့အနက်ဖွင့်ပြပါမည်'' ဟု တစ်ဖန်ပြန်လည်လျှောက်ထားကြ၏။
ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊ ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။-
ထိုအခါရှိရှိသမျှသောဗေဒင်ဆရာ၊ မျက် လှည့်ဆရာ၊ မှော်ဆရာနှင့်နက္ခတ်ဆရာများ သည်ရှေ့တော်သို့ရောက်ရှိလာကြ၏။ ငါသည် သူတို့အားငါ၏အိပ်မက်ကိုပြောပြသော် လည်း သူတို့သည်ထိုအိပ်မက်၏အနက်ကို မဖော်ပြနိုင်ကြပါ။-
ငါကသူ့အား``ဗေဒင်ဆရာတို့၏အကြီး အမှူးဖြစ်သောဗေလတရှာဇာ၊ သင့်အတွင်း ၌သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့၏ဝိညာဉ် ကိန်းအောင်းကြောင်းကိုလည်းကောင်း၊ လျှို့ဝှက် ခက်ခဲသည့်အရာခပ်သိမ်းကိုသင်နားလည် ကြောင်းကိုလည်းကောင်းငါသိ၏။ အိပ်မက် တွင်ငါတွေ့မြင်ရသည့်ရူပါရုံအကြောင်း ကိုနားထောင်၍အနက်ကိုငါ့အားပြော ကြားပါလော့။
မယ်တော်မိဖုရားကြီးသည်မင်းကြီးနှင့်မှူး မတ်တို့ပြောဆိုကြသည့်စကားကိုကြား သဖြင့် စားသောက်ပွဲကျင်းပရာအခန်းထဲ သို့ဝင်လာပြီးလျှင်``အရှင်မင်းကြီး၊ သက် တော်ရာကျော်ရှည်ပါစေ။ ဤမျှစိတ်အနှောင့် အယှက်ဖြစ်၍မနေပါနှင့်။ ဤမျှမျက်နှာ ညှိုးငယ်၍လည်းမနေပါနှင့်။-
ဘုရင့်အတိုင်ပင်ခံအရာရှိအပေါင်းတို့ သည်ရှေ့တော်သို့ရောက်ရှိလာကြသော်လည်း အဘယ်သူမျှထိုစာတန်းကိုမဖတ်နိုင်။ ထို စာတန်း၏အနက်ကိုလည်းမင်းကြီးအား မဖော်ပြနိုင်ကြ။-
ထိုနောက်သူတို့သည်မင်းကြီးရှေ့တော်သို့ သွားရောက်၍``ဒါရိမင်းမြတ်သက်တော်ရာ ကျော်ရှည်တော်မူပါစေ။-
အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။-
ကိုယ်တော်၏ရှေ့နောက်လိုက်ပါလာကြသူလူ အပေါင်းတို့က ``ဒါဝိဒ်၏သားတော်အားဂုဏ် တော်ကိုချီးကူးကြလော့။ ထာဝရဘုရား၏ နာမတော်နှင့်ကြွလာသောအရှင်သည်မင်္ဂလာ ရှိစေသတည်း။ ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြစေသတည်း'' ဟုကြွေးကြော်ကြ ကုန်၏။
ရှမွေလကလူတို့အား``ထာဝရဘုရား ရွေးချယ်တော်မူသောသူကားဤသူတည်း။ ငါတို့တွင်သူနှင့်တူသူတစ်ယောက်မျှ မရှိ'' ဟုဆို၏။ လူအပေါင်းတို့သည်လည်း``အရှင်မင်းကြီး သက်တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြ၏။