ဘုရင်သည်ယောသပ်ကိုရှေ့တော်သို့သွင်းရန် အမိန့်ပေးတော်မူသဖြင့် သူ့အားအကျဉ်းထောင် မှချက်ချင်းထုတ်ဆောင်ခဲ့ကြလေသည်။ သူသည် မုတ်ဆိတ်ရိတ်၍အဝတ်လဲပြီးနောက်ဘုရင်ထံ သို့အခစားဝင်လေ၏။-
ဒံယေလ 2:25 - Common Language Bible ထိုအခါအာရုတ်သည်ချက်ချင်းပင်ဒံယေလ ကို မင်းကြီး၏ရှေ့တော်သို့သွင်းပြီးလျှင်မင်း ကြီးအား``အကျွန်ုပ်သည်ယုဒအမျိုးသား သုံ့ပန်းများထဲမှ မင်းကြီး၏အိပ်မက်အနက် ကိုဖော်ပြနိုင်သူကိုတွေ့ရှိပါပြီ'' ဟုလျှောက် လေ၏။ Garrad Bible ထို အ ခါ အာ ရုတ် သည် ဒံ ယေ လ ကို ရှေ့ တော် သို့ အ ဆော တ လျှင် ခေါ် သွင်း ပြီး လျှင် ဘု ရင် မင်း မြတ် အား၊ အိပ် မက် တော့် အ နက် ဖတ် ပြ နိုင် သူ တစ် ယောက် ကို သုံ့ ပန်း ဖြစ် သော ယု ဒ အ မျိုး တို့ တွင် တွေ့ ပါ ပြီ ဟု တင် လျှောက် သော်၊ Judson Bible ထိုအခါ အာရုတ်သည် ဒံယေလကို အလျင်တဆော အထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော်နှင့် အနက်ကို အရှင်မင်းကြီးအား ဖော်ပြနိုင်သော သူတစ်ယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ်တွေ့ပါပြီဟု လျှောက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း အာရုတ်ကလည်း ဒံယေလကို ရှင်ဘုရင်ထံ အလျင်အမြန်ခေါ်သွားပြီးလျှင် “အရှင်မင်းကြီး၏အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်မည့် ယုဒအမျိုးသုံ့ပန်းတစ်ဦးကို အကျွန်ုပ်တွေ့ပါပြီ”ဟု လျှောက်လေ၏။ |
ဘုရင်သည်ယောသပ်ကိုရှေ့တော်သို့သွင်းရန် အမိန့်ပေးတော်မူသဖြင့် သူ့အားအကျဉ်းထောင် မှချက်ချင်းထုတ်ဆောင်ခဲ့ကြလေသည်။ သူသည် မုတ်ဆိတ်ရိတ်၍အဝတ်လဲပြီးနောက်ဘုရင်ထံ သို့အခစားဝင်လေ၏။-
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်သွားချိန်မှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ရာမှပြန်လည်ရောက်ရှိလာသူများသည် မိမိတို့နေရင်းဌာနေဖြစ်သောယေရုရှလင်မြို့နှင့်အခြားယုဒမြို့များသို့ပြန်လာခဲ့ကြ၏။-
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
ယင်းသို့ရွေးချယ်ခြင်းခံကြရသူတို့ထဲတွင်ဒံယေလ၊ ဟာနနိ၊ မိရှေလနှင့်အာဇရိတို့ပါဝင်ကြ၏။ သူတို့အားလုံးပင်ယုဒအနွယ်ဝင်များဖြစ်ကြသည်။-
သူတို့သည်ဒံယေလအားချက်ချင်းပင်ဘုရင့် ရှေ့တော်သို့သွင်းကြသောအခါ မင်းကြီးက ဒံယေလအား``သင်သည်ယုဒပြည်မှငါ၏ ခမည်းတော်ဘုရင်မင်းခေါ်ဆောင်ခဲ့သည့် ယုဒအမျိုးသားသုံ့ပန်းတစ်ယောက်ဖြစ် သူဒံယေလဆိုသူပေလော။-
ထိုအခါသူတို့သည်မင်းကြီးအား``ယုဒ ပြည်မှဖမ်းဆီးခဲ့သူများအနက်တစ်ဦး ဖြစ်သူဒံယေလသည်အရှင်မင်းကြီး အားရိုသေလေးစားမှုမရှိ။ အရှင်ထုတ် ပြန်သည့်အမိန့်တော်ကိုလည်းမလိုက်နာ။ သူသည်တစ်နေ့လျှင်သုံးကြိမ်တိုင်တိုင် အချိန်မှန်မှန်ဆုတောင်း၍နေပါသည်'' ဟုလျှောက်ထားကြ၏။