ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
ဒံယေလ 2:14 - Common Language Bible ထိုအခါဒံယေလသည်ကွပ်မျက်မှုကို တာဝန်ယူဆောင်ရွက်ရမည့်သူ ဘုရင့်ကိုယ်ရံ တော်တပ်မှူးအာရုတ်ထံသို့သွားရောက်၍၊ အာရုတ်အား``မင်းကြီးသည်အဘယ်ကြောင့် ဤသို့ပြင်းထန်သည့်အမိန့်ကိုထုတ်ဆင့် တော်မူပါသနည်း'' ဟုပါးနပ်လိမ္မာစွာ မေး၏။ အာရုတ်သည်လည်း ဖြစ်ပျက်သည့် အကြောင်းအရာကိုဒံယေလအားပြော ပြ၏။ Garrad Bible ဗာ ဗု လုန် ပ ညာ ရှိ တို့ ကို ကွပ် မျက် ရန် ထုတ် သွား သော ကိုယ် ရံ တော် မှူး အာ ရုတ် ကို ဒံ ယေ လ က၊ သ တိ ပ ညာ အ ကြံ နှင့် လျှောက် ၍၊ Judson Bible ဒံယေလက၊ ရှင်ဘုရင်၏အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု၊ မြန်မာ့စံမီသမ္မာကျမ်း ဒံယေလသည် ဘေဘီလုံပညာရှိတို့ကို ကွပ်မျက်ရန်လာသော ဘုရင့်ကိုယ်ရံတော်မှူးအာရုတ်အား အမြော်အမြင်ရှိရှိ၊ လိမ္မာပါးနပ်စွာ မေးမြန်းပြောဆို၏။ |
ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
နောက်ဆုံး၌တပ်မှူးနေဗုဇာရဒန်သည်မြို့ တွင်း၌ကျန်ရှိနေသူတို့အား မိမိထံသို့ ထွက်ပြေးလာကြသူတို့နှင့်အတူ သုံ့ပန်း များအဖြစ်ဖြင့်ဗာဗုလုန်မြို့သို့ခေါ် ဆောင်သွားလေ၏။-
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနန်းစံတစ် ဆယ့်ကိုးနှစ်မြောက်၊ ပဉ္စမလဆယ်ရက်နေ့၌ မင်းကြီး၏အတိုင်ပင်ခံအမတ်နှင့်အစောင့် တပ်မတော်မှူးနေဗုဇရဒန်သည် ယေရုရှ လင်မြို့သို့ဝင်ရောက်လာ၏။-
သို့ဖြစ်၍ဒံယေလသည် ဗာဗုလုန်မြို့က ပညာရှိတို့အား ကွပ်မျက်ရန်မင်းကြီးတာဝန် ပေးအပ်ထားသူအာရုတ်၏ထံသို့သွား၍``ထို သူတို့အားမကွပ်မျက်ပါနှင့်။ အကျွန်ုပ်အား ဘုရင်၏ထံတော်သို့ခေါ်ဆောင်သွားပါ။ အ ကျွန်ုပ်သည်မင်းကြီး၏အိပ်မက်ကိုအနက် ဖွင့်ပြပါမည်'' ဟုဆို၏။