ထိုကာလ၌ရှုရိဘုရင်ဟာဇေလသည် ဂါသ မြို့ကိုတိုက်ခိုက်သိမ်းယူလေသည်။ ထိုနောက် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် လာသည့်ကာလ၊-
ဒံယေလ 11:17 - Common Language Bible ``ဆီးရီးယားဘုရင်သည်မိမိ၏ကြီးမား သောစစ်တပ်တစ်တပ်လုံးဖြင့် စစ်ချီရန်ကြံ စည်လိမ့်မည်။ ထိုနောက်ရန်သူ့နိုင်ငံပြိုပျက် ရေးအတွက် ရန်သူနိုင်ငံ၏မင်းနှင့်မဟာမိတ် ဖွဲ့ကာသူ့အားသမီးတော်ကိုထိမ်းမြားဆောင် နှင်းပေးလိမ့်မည်။ သို့ရာတွင်ဤအကြံအစည် သည်အောင်မြင်လိမ့်မည်မဟုတ်။- Garrad Bible ထို ဘု ရင် သည် ကြေ အေး စေ မည့် အ ကြံ နှင့် ကိုယ်၏ စွမ်း အင် ရှိ သ မျှ ပါ လာ လျက် သ တို့ သ မီး ကို ဆောင် နှင်း လ တ္တံ့ သော် လည်း ၎င်း သ မီး ပျက် စီး ရ သ ဖြင့် မ တည် နိုင်။ အ ကျိုး လည်း မ ဖြစ် ရာ။ Judson Bible ဖြောင့်မတ်သော သူတို့သည် လိုက်လျက် ထိုမင်းသည် မိမိနိုင်ငံ၏ အလုံးအရင်းရှိသမျှတို့နှင့်တကွ ဝင်စားခြင်းငှာ ကြိုးစားအားထုတ်၍၊ မိန်းမငယ်အားဖြင့် ဖျက်ဆီးခြင်းငှာ ပေးစားလိမ့်မည်။ သို့သော်လည်း သူသည် အကြံမမြောက်၊ အကျိုးမရှိရ။ မြန်မာ့စံမီသမ္မာကျမ်း သူသည် မိမိနိုင်ငံတစ်နိုင်ငံလုံး၏အင်အားဖြင့် တောင်ဘုရင်ထံဝင်ရောက်၍ ငြိမ်းချမ်းရေးရယူရန် ကြံစည်လိမ့်မည်။ ပြည်ကိုဖျက်ဆီးရန် မိန်းမပျိုများကို တောင်ဘုရင်အား ဆက်သလိမ့်မည်။ သို့သော် ထိုအမှုသည် အောင်မြင်မည်မဟုတ်၊ သူ့အတွက် အကျိုးပြုမည်မဟုတ်။ |
ထိုကာလ၌ရှုရိဘုရင်ဟာဇေလသည် ဂါသ မြို့ကိုတိုက်ခိုက်သိမ်းယူလေသည်။ ထိုနောက် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် လာသည့်ကာလ၊-
ယောရှဖတ်သည်ကြောက်လန့်သဖြင့်လမ်း ပြတော်မူရန် ထာဝရဘုရားထံပတ္ထနာပြု တော်မူ၏။ ယုဒပြည်တစ်လျှောက်လုံး၌ အစာရှောင်ရန်နေ့ကိုသတ်မှတ်တော်မူ၏။-
ကိုယ်တော်ရှင်အားကျွန်တော်မျိုး တောင်းလျှောက်သောနေ့၌ရန်သူတို့သည် တပ်လန်ကြပါလိမ့်မည်။ ဘုရားသခင်သည်ငါ၏ဘက်တွင်ရှိတော်မူ ကြောင်းကို ငါသိ၏။
ဗာဗုလုန်စစ်သည်တို့သည်လူများကိုသတ် ခြင်းငှာ မြေကတုတ်များလုပ်၍ကျုံးမြောင်း များတူးကြသောအခါ အင်အားကြီးမား သောဖာရောဘုရင်၏တပ်မတော်ပင်လျှင် ယုဒမင်းအားအကူအညီပေးနိုင်မည် မဟုတ်။-
ကိုယ်တော်က``အချင်းလူသား၊ အမ္မုန်ပြည် သို့လှည့်၍ပရောဖက်ပြုလျက်ရှုတ်ချလော့။-
သံပြားတစ်ချပ်ကိုလည်းယူ၍မြို့နှင့်သင် ၏စပ်ကြားတွင်တံတိုင်းသဖွယ်ထောင်၍ ထားလော့။ သင်သည်မြို့ဘက်သို့မျက်နှာမူ လော့။ မြို့သည်ဝိုင်းရံခြင်းကိုခံလျက်ရှိ၏။ သင်သည်မြို့ကိုဝိုင်းရံသူဖြစ်၏။ ဤသည် ကားဣသရေလအမျိုးသားတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။
``ယေရုရှလင်မြို့အားဝိုင်းရံထားသည် ကိုစူးစိုက်၍ကြည့်လော့။ သင်သည်မိမိလက် သီးကိုပြလျက်ထိုမြို့အားဆန့်ကျင်၍ ဟောပြောလော့။-
မင်းကြီးသည်မိမိ၏နိုင်ငံရှိခံတပ်သို့ပြန် သွားလိမ့်မည်။ သို့ရာတွင်သူသည်အရေး ရှုံးနိမ့်ကာကွယ်ပျောက်သွားလိမ့်မည်။
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
``သူတို့၏တပ်များသည်အပြင်းအထန်ရှေ့သို့ချီတက်လျက်တိုက်ခိုက်အောင်မြင်ကြကုန်၏။ သူတို့ဖမ်းဆီးရမိသည့်သုံ့ပန်းများမှာသဲလုံးနှင့်အမျှများပေသည်။-
``ငါ့ဘက်မှာမနေသူသည်ငါ့ကိုဆန့်ကျင် သူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသူသည် ကြဲဖြန့်သူဖြစ်၏။-
``ငါ့ဘက်မှာမနေသူသည်ငါ့ကိုဆန့်ကျင် သူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသူသည် ကြဲဖြန့်သူဖြစ်၏။''
ကောင်းကင်ဘုံသို့တက်ကြွရန်အချိန်နီးလာ သောအခါ ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ကြွတော်မူရန်စိတ်ပိုင်းဖြတ်လျက်-
အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-