ဒံယေလ 10:9 - Common Language Bible ထိုသူ၏စကားသံကိုကြားသောအခါ ငါသည်မြေပေါ်သို့ဝမ်းလျားမှောက်လဲ ကျကာသတိမေ့လျက်နေ၏။- Garrad Bible ထို သူ၏ စ ကား သံ ကို ငါ ကြား၏။ ထို စ ကား သံ ကို ကြား ရ သော အ ခါ ဦး ညွတ် ဝပ် စင်း လျက် သေ ငယ် သေ၏။ Judson Bible သို့ရာတွင်၊ ထိုသူ၏စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပျပ်ဝပ်၍ မိန်းမောတွေဝေလျက် နေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထိုသူပြောသောစကားသံကို ကြားရ၏။ ထိုသူပြောသောစကားကို နားထောင်နေစဉ် ငါသည် သတိလစ်၍မှောက်လျက်လဲကျသွား၏။ |
ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုနှစ်ခြိုက်စွာအိပ်မောကျစေတော်မူ၏။ အိပ်နေစဉ်နံရိုးတစ်ချောင်းကိုထုတ်ယူပြီး လျှင် အသားကိုပြန်၍ပိတ်တော်မူ၏။-
လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊
လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ် ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။
ထိုအခါလူသဏ္ဌာန်ရှိသူတစ်ဦးသည်လက် ကိုဆန့်၍ ငါ၏နှုတ်ကိုတို့လျှင်ငါသည်မိမိ ၏ရှေ့တွင်ရပ်နေသောသူအား``အရှင်၊ ဤဗျာ ဒိတ်ရူပါရုံသည်အကျွန်ုပ်အားလွန်စွာအား လျော့စေသည်ဖြစ်၍အကျွန်ုပ်သည်တုန်လှုပ် လျက်သာနေပါ၏။-
သူဤသို့ပြောနေစဉ်ငါသည်မေ့မြော၍ မြေပေါ်သို့လဲကျသွားလေသည်။ သို့ရာ တွင်သူသည်ငါ့အားဆွဲကိုင်ထူမပြီး လျှင်၊-
ကိုယ်တော်သည်ဆုတောင်းရာမှထ၍တပည့် တော်များရှိရာသို့ပြန်ကြွတော်မူသောအခါ သူတို့သည်ဝမ်းနည်းမောပန်းလျက်အိပ်ပျော် နေကြသည်ကိုမြင်တော်မူ၏။-
ပေတရုနှင့်အဖော်များသည်ငိုက်မြည်း အိပ်ပျော်လျက်နေကြ၏။ သို့ရာတွင်သူတို့ နိုးလာသောအခါကိုယ်တော်၏ဘုန်းအသ ရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နေသူနှစ်ဦးကိုလည်းကောင်းမြင်ကြ၏။-
ထိုအရှင်ကိုတွေ့သောအခါငါသည်သူသေ သဖွယ် ခြေတော်ရင်း၌လဲကျသွားလေသည်။ ကိုယ်တော်သည်ငါ့အပေါ်သို့လက်ယာလက် တော်ကိုတင်တော်မူပြီးလျှင်``မကြောက်နှင့် ငါသည်အစနှင့်အဆုံးဖြစ်၏။-