ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။
ဒံယေလ 10:19 - Common Language Bible ထိုသူက``ဘုရားသခင်သည်သင့်ကိုချစ် မြတ်နိုးတော်မူ၏။ ထို့ကြောင့်မစိုးရိမ်နှင့်၊ မကြောက်လန့်နှင့်'' ဟုဆို၏။ ဤစကားကို ကြားသောအခါငါသည်ပို၍အားရှိလာ ပြီးလျှင်``အရှင်၊ အရှင်မိန့်ကြားရန်ရှိသည် ကိုမိန့်တော်မူပါ။ အရှင်သည်အကျွန်ုပ် အားသက်သာစေတော်မူပါပြီ'' ဟု လျှောက်ထား၏။ Garrad Bible ထို သူ က အ လွန် နှစ် သက် ရ သူ၊ မ ကြောက် လင့်။ ငြိမ် သက် စွာ နေ၍ အား ယူ လော့၊ အား ယူ လော့ ဟု မိန့် ဆို ၏။ ထို သို့ ဆို သ ဖြင့် အား ယူ လျက် ငါ က၊ အ ရှင် ဘု ရား၊ ကျွန် တော် မျိုး ကို အား ပေး ပြီး ဖြစ် သော ကြောင့် မိန့် တော် မူ ပါ ဟု လျှောက် သော်၊ Judson Bible အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ဟု ဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကိုငါရ၍၊ အကျွန်ုပ်၏သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကိုခွန်အားပေးတော်မူပြီဟု လျှောက်၏။ မြန်မာ့စံမီသမ္မာကျမ်း သူက ငါ့အား “အို နှစ်သက်မြတ်နိုးခြင်းခံရသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားယူလော့၊ အားယူလော့”ဟု ဆိုလျှင် ငါသည် ခွန်အားပြည့်လာ၍ “အကျွန်ုပ်၏သခင်၊ အမိန့်ရှိတော်မူပါ။ သခင့်စကားကြောင့် အကျွန်ုပ်အားရှိသွားပါပြီ”ဟု ပြန်လျှောက်၏။ |
ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။
စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။ မကြောက်ကြနှင့်ဘုရားသခင်သည် သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။ သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
ထာဝရဘုရားက ``ဣသရေလအမျိုးသားတို့၊သင်တို့၏အမျိုးသည် သေးငယ်၍ ချည့်နဲ့သော်လည်း၊ မကြောက်ကြနှင့်၊သင်တို့ကိုငါကူမတော်မူ မည်။ သင်တို့ကိုကယ်တင်တော်မူသောအရှင်ကား၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် ငါပင်ဖြစ်ပေသည်။
နောက်တစ်ဖန်လူသဏ္ဌာန်ရှိသောသူသည်ငါ့ ကိုဆွဲကိုင်လိုက်သောအခါ ငါသည်အား ရှိလာ၏။-
သင်သည်ဘုရားသခင်အားစတင်အသ နားခံသောအခါ ကိုယ်တော်သည်သင့်ပတ္ထနာ ကိုနားထောင်တော်မူ၏။ ကိုယ်တော်သည်သင့် အားချစ်မြတ်နိုးတော်မူသည်ဖြစ်၍ ကိုယ် တော်၏ဖြေကြားချက်ကိုသင့်အားဖော် ပြရန် ငါ့ကိုစေလွှတ်တော်မူသည်။ ဗျာဒိတ် ရူပါရုံအကြောင်းကိုငါရှင်းလင်းဖော်ပြ နေစဉ်ဂရုပြု၍နားထောင်လော့။
သို့ရာတွင် အို ပြည်သူအပေါင်းတို့၊ စိတ်အား မငယ်ကြနှင့်။ ငါသည်သင်တို့နှင့်အတူရှိ သည်ဖြစ်၍မိမိတို့လုပ်ဆောင်ရန်ရှိသည့် အမှုကိုသာသင်တို့လုပ်ဆောင်ကြလော့''ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့် တော်မူ၏။-
အို ယုဒနှင့်ဣသရေလပြည်သားတို့၊ အတိတ် အခါကလူမျိုးခြားတို့သည်မိမိတို့အချင်း ချင်းကျိန်ဆဲရာတွင်`သင်တို့သည်ယုဒနှင့် ဣသရေလအမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးများနှင့်ကြုံတွေ့ရကြပါ စေသော' ဟုဆိုတတ်ကြ၏။ သို့ရာတွင်ငါ သည်သင်တို့အားကယ်တင်တော်မူမည်ဖြစ်၍ ထိုလူမျိုးခြားတို့သည်တစ်ဦးနှင့်တစ်ဦး၊ `သင်တို့သည်ယုဒနှင့်ဣသရေလအမျိုး သားတို့ခံစားရသည့်ကောင်းချီးမင်္ဂလာ များကိုခံစားရကြပါစေသော' ဟုဆို ကြလိမ့်မည်။ သို့ဖြစ်၍ရဲရင့်မှုရှိကြ လော့။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
ရဲရင့်မှုရှိကြလော့။ ယခုသင်တို့ကြားသိ ကြရသည့်စကားများသည် ငါအနန္တတန်ခိုး ရှင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည် တည်ဆောက်ရန်အုတ်မြစ်ချချိန်၌ပရောဖက် တို့ဟောကြားခဲ့ကြသည့်စကားများပင် ဖြစ်၏။-
ညီအစ်မနှစ်ယောက်တို့က ``အရှင်၊ အရှင် ချစ်တော်မူသောသူသည်ဖျားနာလျက်နေ ပါ၏'' ဟုသခင်ယေရှုထံသို့သတင်းပေး ပို့လိုက်ကြ၏။
ထိုအခါလူတို့က ``ကြည့်ပါ၊ သူသည် လာဇရုကိုအလွန်ချစ်ပါသည်တကား'' ဟုဆိုကြ၏။-
သခင်ယေရှုသည်မာသနှင့်ညီမမာရိကို လည်းကောင်း၊ လာဇရုကိုလည်းကောင်းချစ် တော်မူ၏။-
``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။-
သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
သခင်ယေရှုသည်မယ်တော်နှင့်မယ်တော်၏ အနီးတွင်ကိုယ်တော်ချစ်တော်မူသောတပည့် တော်ရပ်လျက်နေသည်ကိုတွေ့မြင်တော်မူ၏။ သို့ဖြစ်၍ကိုယ်တော်က ``မယ်တော်၊ ဤမှာ မယ်တော်၏သား'' ဟုမြွက်ဆိုတော်မူ၏။
ပေတရုသည်လှည့်၍ကြည့်လိုက်သောအခါ သူ၏နောက်တွင်သခင်ယေရှုချစ်တော်မူသော တပည့်တော်ကိုမြင်လေ၏။ ထိုသူကားညစာ စားကြစဉ်အခါကသခင်ယေရှု၏ရင်တော် ကိုမှီလျက် ``သခင်၊ ကိုယ်တော်အားရန်သူ့လက်သို့ အပ်မည့်သူကားအဘယ်သူဖြစ်သနည်း'' ဟု မေးလျှောက်ခဲ့သူဖြစ်၏။-
နိုးနိုးကြားကြားရှိကြလော့။ သင်တို့၏ယုံကြည် ခြင်းတွင်ခိုင်မာစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိ ရှိကြလော့။-
သို့ဖြစ်၍ငါသည်ခရစ်တော်၏တန်ခိုး တော်တွင်ခိုလှုံနိုင်ရန် ငါ၏အားနည်းချက် များကြောင့်အထူးဝမ်းမြောက်လျက်ဂုဏ် ယူဝါကြွား၏။-
သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။-
ငါ့သား၊ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းကြောင့် ရရှိသည့်ဆု ကျေးဇူးတော်အားဖြင့်သင်သည်ကြံ့ခိုင် ခြင်းရှိလော့။-
သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
ထိုအရှင်ကိုတွေ့သောအခါငါသည်သူသေ သဖွယ် ခြေတော်ရင်း၌လဲကျသွားလေသည်။ ကိုယ်တော်သည်ငါ့အပေါ်သို့လက်ယာလက် တော်ကိုတင်တော်မူပြီးလျှင်``မကြောက်နှင့် ငါသည်အစနှင့်အဆုံးဖြစ်၏။-
သို့ရာတွင်ထာဝရဘုရားက``စိတ်အေးချမ်း သာစွာနေလော့။ မစိုးရိမ်နှင့်။ သင်သည်သေရ လိမ့်မည်မဟုတ်'' ဟုသူ့အားမိန့်တော်မူ၏။-