ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
ဒေသနာကျမ်း။ 9:16 - Common Language Bible ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက် သာ၍ ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နား မထောင်တတ်ကြ။ Garrad Bible သို့ ဖြစ်၍ ငါ က၊ ဉာဏ် ပ ညာ သည် ခွန် အား ဗ လ ထက်၊ ထက် မြက် သော် လည်း၊ ဆင်း ရဲ သူ၏ ပ ညာ ကို မူ ကား၊ မ ထီ မဲ့ မြင် ပြု တတ် သည့် ပြင်၊ စ ကား ကို လည်း အ လေး မ မူ ကြ။ Judson Bible ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက်သာ၍ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နားမထောင်တတ်ကြ။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါဆိုသည်ကား ဉာဏ်ပညာသည် အစွမ်းတန်ခိုးထက်ပို၍ကောင်း၏။ သို့သော် ဆင်းရဲသား၏ဉာဏ်ပညာသည် အထင်အမြင်သေးခြင်းခံရ၍ သူ၏စကားတို့ကို မည်သူမျှနားမထောင်ကြ။ |
ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
ပညာရှိသောသူသည် ခိုင်ခံ့သောမြို့ရိုးကို တက် ၍၊ မြို့သားကိုးစားစရာခွန်အားကို ရှုတ်ချတတ်၏။
အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ၌ရှိ၏။ ငါသည်ဥာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့်ပြည့်စုံ၏။
ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး၍ ကျေးဇူးကြီး၏။
အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
ပညာသည် စစ်လက်နက်ထက်သာ၍ ကောင်း မြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသော အမှုများကို ဖျက်ဆီးတတ်၏။