တံစိုးလက်ဆောင်စားသူသည်အမှန်တရားကို မမြင်နိုင်သည့်အပြင် အပြစ်ကင်းမဲ့သူကို ပျက်စီးစေနိုင်သောကြောင့်တံစိုးလက်ဆောင် မယူရ။
ဒေသနာကျမ်း။ 7:7 - Common Language Bible အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိ သောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။ Garrad Bible ညှဉ်း ပန်း ခြင်း အား ဖြင့်၊ ပ ညာ ရှိ တို့ ရူး သွပ် ရာရောက် သည့် နည်း တူ၊ လက် ဆောင် ပ ဏ္ဏာ ဖြင့် လည်း၊ ဉာဏ် ပ ညာ ပျက် ယွင်း စေ တတ် ၏။ Judson Bible အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ဖိနှိပ်ချုပ်ချယ်ခြင်းသည် ပညာရှိသောသူကို ရူးမိုက်စေတတ်၍ တံစိုးလက်ဆောင်သည် စိတ်နှလုံးကို ပျက်စီးစေတတ်၏။ |
တံစိုးလက်ဆောင်စားသူသည်အမှန်တရားကို မမြင်နိုင်သည့်အပြင် အပြစ်ကင်းမဲ့သူကို ပျက်စီးစေနိုင်သောကြောင့်တံစိုးလက်ဆောင် မယူရ။
မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။
လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။
တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေ အောက်မှာပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက် အောင် တယောက်ကိုတယောက် အုပ်စိုးသောအချိန် လည်း ရှိ၏။
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
သင်တို့သည်အမှန်တရားကိုပြောဆိုပြုကျင့် ကြပါမူ အသက်မသေဘဲကျန်ရှိနိုင်ပါ၏။ ဆင်းရဲသူတို့အားလိမ်လည်လှည့်ဖြားရန်သင် တို့၏တန်ခိုးအာဏာအသုံးမပြုကြနှင့်။ တံစိုး လက်ဆောင်များကိုလည်းလက်မခံကြနှင့်။ လူ့ အသက်ကိုသတ်ရန်၊ အခြားဆိုးညစ်မှုများ ကိုပြုရန်ကြံစည်ကြသူများနှင့်ပူးပေါင်း ဆောင်ရွက်မှုမပြုကြနှင့်။-
တရားစီရင်ရာတွင်မတရားသဖြင့်စီရင် ခြင်း၊ မျက်နှာလိုက်ခြင်းမပြုလုပ်ရ။ တံစိုး လက်ဆောင်ကိုလည်းလက်မခံရ။ တံစိုးလက် ဆောင်သည်ပညာရှိနှင့်ဖြောင့်မတ်သူတို့၏ မျက်စိကိုဖုံးကွယ်စေ၍ မှားယွင်းစွာအဆုံး အဖြတ်ချမှတ်စေတတ်၏။-
သင်တို့သည်ရောက်ရှိသောနေရာတွင်ငြိမ်း ချမ်းမှုကိုမရရှိနိုင်။ အတည်တကျနေ ထိုင်ရာအရပ်မရှိ။ထာဝရဘုရားသည် သင်တို့အားပူပင်သောကရောက်စေတော် မူမည်။ မျှော်လင့်ရာမဲ့ပြီးစိတ်ပျက်အား လျော့စေတော်မူမည်။-
ယခုငါရှိနေသေးစဉ်အကယ်၍ငါ့မှာ အပြစ်တစ်စုံတစ်ရာရှိပါက ဘုရားသခင် ၏ရှေ့တော်တွင်လည်းကောင်း၊ ကိုယ်တော်ဘိ သိက်ပေးတော်မူသည့်ဘုရင်၏ရှေ့တွင်လည်း ကောင်း သင်တို့သည်ယခုငါ့အားစွပ်စွဲဖော် ပြကြလော့။ ငါသည်အဘယ်သူ၏နွားကို ယူဖူးပါသနည်း။ အဘယ်သူ၏မြည်းကို မတရားသိမ်းယူဖူးပါသနည်း။ ငါသည် လူတစ်စုံတစ်ယောက်အားလိမ်လည်လှည့် စားမှုကိုသော်လည်းကောင်း၊ ညှင်းဆဲနှိပ် စက်မှုကိုသော်လည်းကောင်းပြုခဲ့ဖူးပါ သလော။ တံစိုးလက်ဆောင်ယူဖူးပါသ လော။ ဤအမှုတစ်ခုခုကိုပြုမိခဲ့သော် ငါသည်မိမိယူမိသည့်အရာကိုပြန် ၍ပေးလျော်ပါအံ့'' ဟုဆို၏။
သို့ဖြစ်၍အာခိတ်မင်းသည်မှူးမတ်တို့ အား``ကြည့်လော့၊ ဤသူသည်သူရူးဖြစ်ပါ သည်တကား။ သူ့အားသင်တို့အဘယ်ကြောင့် ငါ့ထံသို့သွင်းကြသနည်း။-
သို့ရာတွင်အဖ၏လမ်းစဉ်ကိုမလိုက်ကြ။ ငွေကြေးရရှိမှုကိုသာလျှင်စိတ်ဝင်စား သဖြင့် တံစိုးလက်ဆောင်ယူကာအမှုများ ကိုမတရားစီရင်ဆုံးဖြတ်ကြ၏။