သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။
ဒေသနာကျမ်း။ 7:6 - Common Language Bible အကြောင်းမူကား၊ မိုက်သောသူ၏ ရယ်ခြင်း သည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ Garrad Bible လူ မိုက် တို့၏ ရယ် မော သံ သည်၊ အိုး အောက် တွင် ဆူး ထင်း မီး ဖျပ် သံ နှင့် တူ၏။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ်၏။ Judson Bible အကြောင်းမူကား၊ မိုက်သောသူ၏ရယ်ခြင်းသည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မိုက်မဲသောသူ၏ရယ်မောသံသည် အိုးအောက်မှလောင်နေသောဆူးခက်များ၏အသံနှင့်တူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။ |
သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။
သူတို့သည်မမျှော်လင့်သောအချိန်တွင်ချုံဖုတ် ကဲ့သို့ ခုတ်ပစ်ခြင်းကိုခံကြရ၏။ ဘုရားသခင်သည်ပြင်းစွာအမျက်ထွက်တော်မူ၍ သူတို့အားကွယ်ပျောက်သွားစေတော်မူလိမ့်မည်။
ပညာရှိသောသူသည် မိုက်သောသူနှင့် အမှု တွေ့လျှင်၊ စိတ်ဆိုးသည်ဖြစ်စေ၊ ပြုံးရယ်သည်ဖြစ်စေ၊ အားရစရာအကြောင်းမရှိ။
ရယ်မောခြင်းကို သင်သည် အရူးဖြစ်၏ဟူ၍ ၎င်း၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍၎င်း ငါဆိုရ၏။
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
``သို့ရာတွင်အာဗြဟံက `ငါ့သား၊ သင်အသက် ရှင်စဉ်သုခချမ်းသာခံစားခဲ့ရသည်ကိုလည်း ကောင်း၊ လာဇရုသည်ဆင်းရဲဒုက္ခခံခဲ့ရသည်ကို လည်းကောင်းသတိရပါလော့။ ယခုမှာမူသူ သည်သုခချမ်းသာကိုခံစားရ၍ သင်မူကား ကိုယ်၏ဒုက္ခ၊ စိတ်၏ဒုက္ခကိုခံရလေပြီ။-
``ယခုအခါဝစွာစားသောက်ရသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ဆာငတ်ရမည့်အချိန်ရောက်လိမ့်မည်။ ယခုအခါရယ်မောကြသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ပူဆွေးငိုယိုရမည့်အချိန်ရောက်လိမ့်မည်။