ငါသည်လမ်းလွှဲမိသော်၎င်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့လိုက်မိသော်၎င်း၊ ငါ့လက်၌ အညစ် အကြေးကပ်မိသော်၎င်း၊
ဒေသနာကျမ်း။ 6:9 - Common Language Bible ကိုယ်တိုင်တွေ့မြင်ခြင်း အကျိုးသည် လောဘ ပြန့်ပွားခြင်း အကျိုးထက်သာ၍ ကြီး၏။ ထိုအမှုအရာ သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။ Garrad Bible စ က္ခု အာ ရုံ ခံ စား ခြင်း သည်၊ စိတ် ပျံ့ လွင့် ခြင်း ထက် အ ကျိုး ရှိ၏။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် ၏။ Judson Bible ကိုယ်တိုင်တွေ့မြင်ခြင်းအကျိုးသည် လောဘပြန့်ပွားခြင်းအကျိုးထက် သာ၍ကြီး၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း မျက်စိဖြင့်မြင်ရခြင်းသည် စိတ်ကူးယဉ်နေခြင်းထက် ပို၍ကောင်း၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ |
ငါသည်လမ်းလွှဲမိသော်၎င်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့လိုက်မိသော်၎င်း၊ ငါ့လက်၌ အညစ် အကြေးကပ်မိသော်၎င်း၊
နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။
ပညာတရားကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်း ပိုင်းခြား၍ သိအံ့သောငှါ ငါသည်နှလုံး ထား၏။ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ၏။
အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။
တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
ငါသိမြင်သောအရာဟူမူကား၊ စားသောက်ခြင်း အမှု၊ နေအောက်၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှ ကာလပတ်လုံး၊ ကြိုးစားအားထုတ်၍ ရသော အကျိုး၌ပျော်မွေ့ခြင်းအမှုကို ပြုကောင်း၏။ လျောက်ပတ်၏။ ထိုအမှုသည် လူ၏အဘို့ ဖြစ်၏။
အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ် ဥစ္စာဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစား ရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သော သူတပါးဝင်၍ ခံစားရသောအမှု သည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။
အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။